တ႐ုတ္မွာ လူသံုးမ်ားတဲ့ အက္ပ္စ္ အခ်ိဳ႕မွာ လ်ွိဳ႕ဝွက္ ေထာက္လွမ္းတဲ့ ကုဒ္ေတြ ပါဝင္ေန။ |
အဲဒီလို Apps ေတြထဲ အႏၱရာယ္ရွိတဲ့ လ်ွိဳ႕ဝွက္ ကုဒ္ေတြ ပါလာမႈဟာ အက္ပဲလ္ စတိုးေပၚမွာ ပထမဆံုးနဲ႔ အႀကီးဆံုး ဆိုက္ဘာ တိုက္ခိုက္မႈ ျဖစ္တယ္လို႔ ဆိုပါတယ္။
iOS Apps ေတြ ေရးသားရာမွာ သံုးတဲ့ အက္ပဲလ္ ေဆာ့ဖ္ဝဲ တစ္ခုကို ဟက္ကာေတြက အတု ျပဳလုပ္ခဲ့ၿပီးေနာက္ အက္ပ္စ္ေတြ ေရးတဲ့ ဒဗေလာ့ဗာေတြကို ဆြဲခ် အသံုးျပဳ ေစခဲ့တာပါ။
ဒါေၾကာင့္ အဲဒီ apps ေတြကေန တဆင့္ အသံုးျပဳသူရဲ့ အခ်က္အလက္ေတြကို ဟက္ကာေတြက ခိုးယူႏိုင္သလို၊ ဟက္ကာေတြ ထိန္းခ်ဳပ္တဲ့ ဆာဗာေတြဆီလည္း ေပးပို႔ေစႏိုင္တာ ျဖစ္ပါတယ္။
အဲဒီ XcodeGhost လို႔ ေခၚတဲ့ ေဆာ့ဖ္ဝဲအတုကို သံုးၿပီး ဖန္တီးတယ္လို႔ သိရတဲ့ Apps ေတြကို အက္ပဲလ္ စတိုး ကေန ဖယ္ထုတ္ လိုက္ၿပီလို႔ အက္ပဲလ္ ကုမၷဏီရဲ့ ေျပာခြင့္ရ အမ်ိဳးသမီး Christine Monaghan က ဆိုပါတယ္။
အက္ပဲလ္ အက္ပ္စ္ေတြ ေရးသားရာမွာ Xcode အမွန္အကန္ကို သံုးဖို႔ ဒဗေလာ့ဗာေတြနဲ႔ ဆက္သြယ္ ေဆာင္ရြက္ေနတယ္လို႔လည္း သူမက ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
.....................................
တရုတ်မှာ လူသုံးများတဲ့ အက်ပ်စ် အချို့မှာ လျှို့ဝှက် ထောက်လှမ်းတဲ့ ကုဒ်တွေ ပါဝင်နေ။
တရုတ်ပြည်က အိုင်ဖုန်းနဲ့ အိုင်ပတ်တွေမှာ အများစု အသုံးပြုကြတဲ့ အက်ပ်စ် Apps အချို့မှာ ဟက်ကာတွေရဲ့ လျှို့ဝှက် ထောက်လှမ်းတဲ့ ကုဒ်တွေ ပါဝင်နေတဲ့ အတွက် အဲဒါတွေကို ဖယ်ထုတ် သွားမယ်လို့ အက်ပဲလ် ကုမ္နဏီက ပြောပါတယ်။
အဲဒီလို Apps တွေထဲ အန္တရာယ်ရှိတဲ့ လျှို့ဝှက် ကုဒ်တွေ ပါလာမှုဟာ အက်ပဲလ် စတိုးပေါ်မှာ ပထမဆုံးနဲ့ အကြီးဆုံး ဆိုက်ဘာ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
iOS Apps တွေ ရေးသားရာမှာ သုံးတဲ့ အက်ပဲလ် ဆော့ဖ်ဝဲ တစ်ခုကို ဟက်ကာတွေက အတု ပြုလုပ်ခဲ့ပြီးနောက် အက်ပ်စ်တွေ ရေးတဲ့ ဒဗလော့ဗာတွေကို ဆွဲချ အသုံးပြု စေခဲ့တာပါ။
ဒါကြောင့် အဲဒီ apps တွေကနေ တဆင့် အသုံးပြုသူရဲ့ အချက်အလက်တွေကို ဟက်ကာတွေက ခိုးယူနိုင်သလို၊ ဟက်ကာတွေ ထိန်းချုပ်တဲ့ ဆာဗာတွေဆီလည်း ပေးပို့စေနိုင်တာ ဖြစ်ပါတယ်။
အဲဒီ XcodeGhost လို့ ခေါ်တဲ့ ဆော့ဖ်ဝဲအတုကို သုံးပြီး ဖန်တီးတယ်လို့ သိရတဲ့ Apps တွေကို အက်ပဲလ် စတိုး ကနေ ဖယ်ထုတ် လိုက်ပြီလို့ အက်ပဲလ် ကုမ္နဏီရဲ့ ပြောခွင့်ရ အမျိုးသမီး Christine Monaghan က ဆိုပါတယ်။
အက်ပဲလ် အက်ပ်စ်တွေ ရေးသားရာမှာ Xcode အမှန်အကန်ကို သုံးဖို့ ဒဗလော့ဗာတွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း သူမက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment