Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 11, 2015

အေးချမ်းမြတ်မိုးအမှုမှ သက်သေခံဓာတ်ပုံများကို ကွန်ပျူတာဖြင့် ဖန်တီးထားခြင်းမဟုတ်ဟု တရားခံ အံ့ဖြိုးပိုင်ထွက်ဆို


မော်ဒယ်အေးချမ်းမြတ် မိုး အသတ်ခံရမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူ အံ့ဖြိုးပိုင် က သက်သေအဖြစ် တင်သွင်းခဲ့ သည့် ၎င်းနှင့်သေဆုံးသူတို့ တွဲ ရိုက်ထားသည့် ဓာတ်ပုံများမှာ ကွန်ပျူတာဖြင့် ဖန်တီးထားခြင်းမဟုတ်ကြောင်း စက်တင်ဘာ ၁၀ ရက် ရုံးချိန်းတွင် ထွက်ဆိုသည်။

တရားစွဲဆိုခံထားရသူ အံ့ဖြိုးပိုင်ကို စက်တင်ဘာ ၁၀ ရက်တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးရာ တရားလိုဘက်မှ ရှေ့နေ၏ မေးမြန်းချက်ကို အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

အံ့ဖြိုးပိုင်သည် ကွန်ပျူတာ နှင့်ပတ်သက်၍ ကျွမ်းကျင်သည် ဟု ယခင်ရုံးချိန်းများတွင် ထွက် ဆိုထားခဲ့သဖြင့် တရားရုံးသို့ တင် ပြထားသည့် ဓာတ်ပုံများကို ကွန် ပျူတာဖြင့်ဖန်တီးလျှင် ရနိုင်၊ မရ နိုင် မော်ဒယ်အေးချမ်းမြတ်မိုး ဘက်မှ အကျိုးဆောင်ရှေ့နေက စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။


ထိုသို့ မေးမြန်းချက်ကို အံ့ဖြိုးပိုင်က ဓာတ်ပုံများကို ကွန်ပျူတာဖြင့် ဖန်တီး၍ ရနိုင်သော်လည်း တရားရုံးသို့ တင်ပြထားသည့် ဓာတ်ပုံများသည် ယင်းသို့ ဖန်တီးတင်ပြထားခြင်း မဟုတ်ကြောင်း၊ တင်ပြထားသည့် ဓာတ် ပုံများကိုလည်း စိတ်တိုင်းကျ စစ် ဆေးနိုင်ကြောင်း တရားခွင်အတွင်း ထွက်ဆိုခဲ့သည်။

မော်ဒယ်အေးချမ်းမြတ်မိုး နှင့် အံ့ဖြိုးပိုင်တို့မှာ ချစ်သူများဖြစ် ကြောင်း တရားခံဘက်မှ ထွက်ဆို ထားသော်လည်း တရားလိုဘက် မှမူ မဟုတ်ကြောင်း ငြင်းဆိုထား သည်။ နောက်တစ်ကြိမ် ရုံးချိန်း ကို စက်တင်ဘာ ၁၇ ရက်သို့ ချိန်း ဆိုလိုက်ပြီး ယင်းနေ့ရုံးချိန်းတွင် အခင်းဖြစ်ပွားစဉ်က သက်သေခံ ဓားနှင့် အံ့ဖြိုးပိုင်ဝတ်ဆင်ခဲ့သည့် အ၀တ်အစားတို့ကိုလည်း တရား ခွင်တွင် ပြသပေးရန် တရားလို ရှေ့နေက တောင်းဆိုထားသည်။

ယင်းအမှုသည် ၂၀၁၄ သြဂုတ် ၂၆ ရက်တွင် ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံထား ရသူ အံ့ဖြိုးပိုင်ကို ၂၀၁၄ အောက် တိုဘာက ကျောက်တံတားမြို့ နယ် အနောက်ပိုင်းခရိုင်တရားရုံး၌ စတင်စစ်ဆေးခဲ့ပြီး လူသတ်မှု ၃၀၂(၁)(ခ)ဖြင့် စွဲချက်တင်သည့်အမိန့်ကို ချမှတ်ထားပြီး ဖြစ် သည်။

7day daily

No comments:

Post a Comment