Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

မောင်းသူမဲ့လေယာဉ် အစင်း ၅ဝ ကို လူတစ်ဦးတည်းမှ ထိန်းချုပ် မောင်းနှင်ပြီး ကမ္ဘာ့စံချိန်သစ်တင်

Team sets world record by launching 50 UAVs controlled by just ONE person 


ဝါရှင်တန် ၊ ၁၈-၉-၂ဝ၁၅

အမေရိကန်နိုင်ငံမှ အပျော်တမ်း မောင်းသူမဲ့ လေယာဉ် လွှတ်တင်သည့် အဖွဲ့တစ်ဖွဲ့ သည် မောင်းသူမဲ့ လေယာဉ်အစင်း ၅ဝ ကို လူတစ်ဦး တည်းမှ ထိန်းချုပ် မောင်းနှင် ခြင်းဖြင့် ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်များတွင် စွမ်းအားမြှင့်ဝိုင်ဖိုင် စနစ်ကို အသုံးပြုထားပြီး ပုံစံတကျ ပျံသန်းနိုင် စေရန်အတွက် အချင်းချင်း ထိန်းကျောင်း ပေးသည့်စနစ် ကို ထည့်သွင်း ထားကြောင်း သိရသည်။

အဆိုပါလေယာဉ် တစ်စင်းစီသည် အမေရိကန် ဒေါ်လာ ၂ဝဝဝ တန်ကြေးရှိပြီး ၄င်းတို့ကို ချိန်းကြိုး အသုံးပြု ပစ်လွှတ်စင်မှ တစ်ဆင့် လေထဲသို့ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

ယင်းစနစ်သည် စက္ကန့်သုံးဆယ်လျှင် မောင်းသူမဲ့လေယာဉ် တစ်စင်း ပစ်လွှတ် နိုင်သော်လည်း ၁ဝ စက္ကန့် လျှင်တစ်စင်းနှုန်း လွှတ်တင်နိုင်သည် အထိ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း စူးစမ်းလေ့လာ သူများက ပြောကြားသည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များကို ကယ်လီဖိုးနီးယား ပြည်နယ်ရှိ ရေတပ်ဘွဲ့လွန် သင်တန်းကျောင်းမှ ဝါသနာရှင် အဖွဲ့တစ်ဖွဲ့က လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး ယင်း မောင်းသူမဲ့ လေယာဉ်များသည် ၂၅ စင်းလျှင် တစ်အုပ်စုနှုန်းဖြင့် အုပ်စုဖွဲ့ ပျံသန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment