Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 20, 2015

မဲစာရင်းတွင်အမည်ပါရေးအဓိကဖြစ်ပြီး အခြားအချက်အလက် မှားယွင်းနေပါကလည်း မဲပေးခွင့်ရှိကြောင်း ဦးတင်အေးပြော

Byသတင်းအဖွဲ့
နေပြည်တော်ကောင်စီနယ်မြေရှိ မဲစာရင်းကပ်ထားရာနေရာများသို့ ကိုယ်တိုင်ကွင်းဆင်း လိုက်လံစစ်ဆေးနေသော ဦးတင်အေးကို စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ရဲနိုင်)
လာမည့်ရွေး ကောက်ပွဲတွင် မဲပေးနိုင်ရေးအ တွက် မဲစာရင်း၌ အမည်ပါရှိရေး သည် အဓိကဖြစ်ပြီး အခြားအ ချက်အလက်များ မှားယွင်းနေ ပါကလည်း မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်း မြို့နယ်များ၌ မဲစာရင်း ကပ်ထားမှုများကို သွားရောက် စစ်ဆေးရာတွင် ကော်မရှင်ဥက္ကဋ္ဌ က ပြည်သူများနှင့်တွေ့ဆုံခိုက် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တပ်မတော်သား များနှင့် တပ်မိသားစုများ ဆန္ဒမဲ ပေးရာတွင် အမှန်တကယ် လုံခြုံ ရေးတာဝန် ထမ်းဆောင်နေသူ များသာ ကြိုတင်မဲပေးရမည်ဖြစ် ပြီး ကျန်တပ်မတော်သားများ၊ အိမ် ထောင်စုဝင်များသည်မဲရုံသို့ကိုယ် တိုင်လာရောက်မဲပေးရမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

နောက်ဆုံးအကြိမ် ပြင်ဆင် ခွင့်ရမည့် မဲစာရင်း ကြေညာထား မှုအခြေအနေကို နေပြည်တော် ကောင်စီနယ်မြေအတွင်းသို့ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးကိုယ်တိုင် ကွင်းဆင်းကာ ပထမဆုံးအကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီနယ် မြေအတွင်းရှိ ပျဉ်းမနားမြို့နယ် ဇမ္ဗူသီရိမြို့နယ်၊ ဥတ္တရသီရီမြို့ နယ်၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏ သီရိမြို့နယ်များရှိ မဲစာရင်းကပ် ထားသည့်နေရာများသို့ သွား ရောက်ခဲ့ခြင်းဖြစ်သည်။

‘‘မဲစာရင်းကပ်ထားတဲ့ အ ခြေအနေတွေ လာကြည့်တာပါ။ အထွေအထူးတော့မဟုတ်ပါဘူး’’ ဟု ဦးတင်အေးကပြောသည်။

ကွန်ပျူတာစနစ်ဖြင့် အက္ခ ရာစဉ်အလိုက် ထုတ်ပြန်ထားသ ဖြင့် မဲဆန္ဒရှင်များ ကြည့်ရှုရာတွင် အခက်အခဲရှိ၊ မရှိ သိလို၍ လာ ရောက်ကြည့်ရှုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးအကြိမ်ပြန်လည် ပြင်ဆင်ခွင့် ရရှိမည့် မဲစာရင်း ထုတ်ပြန်ရာတွင် မှားယွင်းမှုများရှိ နေဆဲဖြစ်ပြီး ရွေးကောက်ပွဲကော် မရှင်အပေါ်၌လည်း ဝေဖန်မှုများ ရှိနေသည်။

‘‘မဲစာရင်းမှာ နာမည်မပါတဲ့ သူတွေ လာစစ်ဆေးဖို့ ရပ်ကွက် ထဲမှာလည်း ကြေညာတယ်။ အခု လိုကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင် မဲ စာရင်းကပ်ထားတဲ့အခြေအနေ တွေကို လာကြည့်တာကောင်းပါ တယ်။ မြေပြင်အခြေအနေတွေ သိရတာပေါ့’’ဟု ပျဉ်းမနားမြို့မှ ဒေသခံကိုဝေယံကပြောသည်။

လက်ရှိမဲစာရင်းတွင်အမည် မပါရှိပါက ထည့်သွင်းနိုင်ရန်နှင့် အမှားပြန်လည်ပြင်ဆင်နိုင်ရန် စက်တင်ဘာ ၂၇ ရက်အထိ ပြင် ဆင်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာထားသည်။
http://7daydaily.com/story/46777

No comments:

Post a Comment