Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 10, 2015

လက်ဘနွန်မှာ စွန့်ပစ်အမှိုက်တွေ သိမ်းရေး သဘောတူ

လက်ဘနွန်နိုင်ငံမှာ ကန့်ကွက်ဆန္ဒပြမှုတွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားခဲ့အပြီး စွန့်ပစ်အမှိုက်တွေ လိုက်ကောက်တာကို ပြန်စဖို့ စီမံကိန်းတစ်ခုကို လက်ဘနွန်အစိုးရက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
ဘေရွတ်မြို့ပေါ်က လမ်းမတွေပေါ်မှာ အနံ့ဆိုးတွေနဲ့ နံစော်နေတဲ့ စွန့်ပစ်အမှိုက်တွေ တောင်လိုပုံနေပြီး၊ ဒါဟာ တစ်နှစ်ကျော်လောက် အုပ်ချုပ်သူ သမ္မတ မရှိတဲ့ လက်ဘနွန်နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း လက္ခဏာကို ဖော်ပြနေပါတယ်။
ယာယီစွန့်ပစ် အမှိုက်ပုံမြေနေရာ နှစ်ခုထားရှိဖို့နဲ့ စွန့်ပစ်အမှိုက်တွေ သိမ်းရေးတာဝန်ကို မြူနီစပယ်ကို ပေးဖို့ စိုက်ပျိုးရေးဝန်ကြီးရဲ့ အဆိုပြုချက်ကို ကက်ဘိနက် ၀န်ကြီးတွေက အတည်ပြုခဲ့ပါတယ်။
လက်ဘနွန်နိုင်ငံရဲ့ အကြီးဆုံး စွန့်ပစ်အမှိုက်ပုံ မြေနေရာဟာ ဇူလိုင်လကုန်တုန်းက ပိတ်သွားခဲ့ရာကနေ စတင်ခဲ့တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ တဖြေးဖြေး ကြီးထွားလာခဲ့ပြီး၊ ညံ့ဖျင်းပြီး အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ ယူဆနေတဲ့ အစိုးရအပေါ် ဒေါသအမျက်ထွက် ဆန့်ကျင်ဆန္ဒပြတဲ့အထိ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment