Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 23, 2015

ေထာင့္ေစ့ကြက္ေစ့ တမင္ညစ္ပတ္ေနတဲ့ ေရြးေကာက္ပြဲေကာ္မရွင္


(ေမာင္ေက်ာ္စြာ)
(၂၀၁၅ခုႏွစ္၊ စက္တင္ဘာ ၂၂ရက္)

ပထမအႀကိမ္ မဲစာရင္းထုတ္ျပန္ေတာ့ အမွားေတြပါခဲ့တယ္။ ဒုတိယအႀကိမ္ မဲစာရင္းထုတ္ျပန္ေတာ့လည္း ပထမအႀကိမ္နဲ႔ မျခား မနား အမွားေတြ ထပ္ပါေနတုန္းပဲျဖစ္တယ္။ ဒီလုပ္ရပ္ကုိ ျပည္သူအမ်ားက “တမင္ ညစ္ပတ္မႈ”လို႔ ျမင္ၾကၿပီး အတိုက္အခံပါတီ ရဲ႕ “ရာႏႈန္းျပည့္ေအာင္ႏုိင္ေရး”ကို “႐ုပ္ပ်က္ဆင္းပ်က္ မဲစာရင္း တမင္မွားယြင္းမႈ”ဗ်ဴဟာနဲ႔ တုိက္စစ္ဆင္ေနတာျဖစ္မယ္လို႔ သံုး သပ္ယူဆေနၾကပါတယ္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ႀကီးကိုယ္တိုင္က ဒီလိုမဲစာရင္းအမွားေတြနဲ႔ပတ္သက္ၿပီး “ကြန္ျပဴတာ”အေပၚ အျပစ္ပံုခ်ထားတယ္။ “လူထုကိုႀကိဳၿပီး ပညာေပးရမွာ မေပးမိလိုက္ဘူး။ ကြန္ျပဴတာက ဒီလိုလုပ္ထားတာကို အခုမွသိရတာ” တဲ့။ သက္ရွိ လူက မိမိရဲ႕စီမံခန္႔ခြဲမႈ ႏုံခ်ာညံ့ဖ်င္းတာကို ရွင္းရွင္းဝန္မခံဘဲ သက္မဲ့စက္အေပၚ ပံုခ်လိုက္တာဟာ မိမိတုိ႔ရဲ႕စီမံခန္႔ခြဲမႈ ႏုံခ်ာ ညံ့ဖ်င္းတာကို မုိက္မဲမႈနဲ႔ အခ်ည္းအႏွီး ဖံုးကြယ္ဖုိ႔ ႀကိဳးစားတာပဲ ျဖစ္ပါတယ္။

ဒီမဲစာရင္းအမွားေတြနဲ႔ ပတ္သက္ၿပီး ပူးေပါင္းကူညီေနတဲ့ (IFES) မွာလည္း တာဝန္ရွိတယ္။ မိမိဂုဏ္သိကၡာနဲ႔ လုပ္ငန္းတာဝန္ကို ေလးစားတန္ဖိုးထားသူ၊ တာဝန္ယူတတ္သူသာဆုိရင္ ဒီလိုျပဳမူမွာ မဟုတ္ပါဘူး။ မိမိရဲ႕တာဝန္ရွိမႈကို ထုတ္ေဖာ္ဝန္ခံ၊ ေတာင္းပန္ ၿပီး တာဝန္က ႏႈတ္ထြက္သြားမွာျဖစ္ပါတယ္။ အခုဟာက တစ္ႀကိမ္တစ္ခါမဟုတ္၊ ႏွစ္ႀကိမ္ ႏွစ္ခါမွားတာျဖစ္ပါတယ္။ သိပ္ရွက္ဖုိ႔ ေကာင္းပါတယ္။

ေရြးေကာက္ပြဲေကာ္မရွင္ ဆုိတာ သန္႔ရွင္းမႈ၊ လြတ္လပ္မႈ၊ တရားမွ်တမႈတုိ႔ကို အသက္ ဝိဉာဥ္သဖြယ္၊ ဦးထိပ္ပန္ဆင္ထားရမယ့္ အဖြဲ႔အစည္းျဖစ္ပါတယ္။ ဒါ့အျပင္ ေကာ္မရွင္ဥကၠ႒ အပါအဝင္ ေကာ္မရွင္အဖြဲ႔ဝင္ေတြရဲ႕ ဂုဏ္သိကၡာ၊ လူႀကီးလူေကာင္းဆန္မႈနဲ႔ သမာသမတ္က်မႈေတြဟာ သန္႔စင္ေနဖို႔ လိုအပ္ပါတယ္။ စကားေျပာဆုိ ေဆြးေႏြးရာမွာလည္း ယဥ္ေက်းသိမ္ေမြ႔ၿပီး လူႀကီးလူ ေကာင္းဆန္ဖို႔ လိုပါတယ္။ “ဆယ္ခါ ပိတ္ဆို႔အေရးယူလည္း မမႈဘူး/ ကန္ေတာ့ပြဲနဲ႔လာပင့္လည္း မလုပ္ဘူး”ဆုိတဲ့ စကားမ်ဳိးေတြ ေျပာဆိုဖို႔ လံုးဝ မသင့္ပါဘူး။ သမာဓိလူႀကီးဆိုတာ လူမိုက္ေတြနဲ႔ အပံုႀကီး ျခားနားဖုိ႔လိုပါတယ္။

အခုေတာ့ ေကာ္မရွင္လူႀကီးကိုယ္၌ကေရာ ေကာ္မရွင္ရဲ႕လုပ္ရပ္ေတြကပါ တုိင္းေက်ာ္ျပည္ေက်ာ္ ေျပာစရာ ဆိုစရာေတြ ျဖစ္လုိ႔ ေနပါတယ္။ မဲစာရင္းမွားယြင္းမႈဟာ ျပည္သူေတြရဲ႕ စိတ္ေအးခ်မ္းစြာ ဆႏၵမဲေပးႏုိင္ေရးကို ထိပါးေႏွာင့္ယွက္ေစာ္ကားတာပဲ ျဖစ္ပါ တယ္။ မဲစာရင္းမွန္ရေရးကိစၥဟာ အခ်ိန္၊ ေငြေၾကး၊ ျပည္ပအကူအညီ၊ ကၽြမ္းက်င္သူလူအင္အား စသျဖင့္ လံုေလာက္စြာ ရရွိခဲ့ပါ တယ္။ မၾကာခင္ကမွ ထုတ္ျပန္ခဲ့တဲ့ သန္းေခါင္စာရင္းထဲကေန အလြယ္တကူ ရရွိႏုိင္တာလည္းျဖစ္ပါတယ္။ ဒီလိုအေျခခံ အခ်က္အလက္ေတြ ျပည့္စံုလံုေလာက္ေနပါလ်က္နဲ႔ မဲစာရင္းႏွစ္ႀကိမ္ႏွစ္ခါ မွားယြင္းေနတာဟာ ေသြး႐ိုးသား႐ုိးမဟုတ္ဘဲ တမင္ ညစ္ပတ္တဲ့ လုပ္ရပ္ကလြဲလို႔ တျခားဘာမွ ျဖစ္ႏုိင္စရာမရွိပါဘူး။

မဲစာရင္းမွားယြင္းေနတာနဲ႔ ပတ္သက္ၿပီး ႏုိင္ငံေရးပါတီေတြဘက္က တုန္႔ျပန္မႈက အားရစရာ မေကာင္းပါဘူး။ သိပ္သေဘာ ေကာင္းလြန္းေနတာကို ေတြ႔ရမွာပါ။ မဲစာရင္းမွားတာကို တစ္ဖက္က လူထုထဲမွာ အမွားျပင္ဖုိ႔ တအိမ္တက္ဆင္း လိုက္လံလႈံ႔ ေဆာ္စည္း႐ံုးရမွာျဖစ္သလို ဒီလိုမွားယြင္းေနတာနဲ႔ပတ္သက္ၿပီး ထိထိေရာက္ေရာက္ အေရးဆိုတိုက္ပြဲဝင္ရမွာ ျဖစ္ပါတယ္။ ဒီ ၂ခုကို ဟန္ခ်က္ညီညီ ေပါင္းစပ္ေရးမွာ ပ်က္ကြက္ခဲ့ပါတယ္။ တအိမ္တက္ဆင္း မဲစာရင္းျပင္ဆင္ေရးဆုိတဲ့ ဘက္တစ္ဖက္ထဲကို ပဲ အားျပဳလုပ္ေဆာင္ခဲ့ပါတယ္။ ဒီလို မဲစာရင္းအမွားကို အေရးဆုိတုိက္ပြဲဆင္ရာမွာ ဥပေဒတြင္း နည္းလမ္းရွိသမွ်နဲ႔ အေရးကုန္ ေအာင္ တုိက္ပြဲဝင္ရမွာပါ။ ဒီမုိကေရစီလိုလားတဲ့ ႏိုင္ငံေရးပါတီအားလံုး၊ လူမႈအဖြဲ႔အားလံုး စုစည္းၿပီးေတာ့လည္း စုေပါင္း အေရး ဆိုၾကရမွာပါ။

အခုလည္း အခ်ိန္မေႏွာင္းေသးပါဘူး။ အေရးဆိုမယ္ဆိုရင္ ဆုိႏုိင္တဲ့ အေျခအေန၊ အခ်က္အလက္ေတြ ရွိေနတုန္းပါ။ မတရားမႈ/ တမင္ညစ္ပတ္မႈေတြကို အေရးဆိုတုိက္ပြဲဝင္ေရးနဲ႔ ပတ္သက္ရင္ ဘယ္ေတာ့မွ အခ်ိန္ေနာက္က်ေနၿပီ/ အခ်ိန္လြန္သြားၿပီရယ္လုိ႔ မရွိပါဘူး။

မဲစာရင္းတမင္မွားယြင္းေနတာဟာ မဲေပးပုိင္ခြင့္ရွိသူျပည္သူေတြ မဲေပးျခင္းမျပဳႏုိင္ေအာင္ တမင္ဟန္႔တားေႏွာက္ယွက္မႈပဲ ျဖစ္ပါ တယ္။ ဒီလိုျဖစ္ေအာင္ ေရြးေကာက္ပြဲေကာ္မရွင္ကိုယ္တုိင္က လုပ္ေဆာင္ေနတာျဖစ္ပါတယ္။ ဒီလိုလုပ္ရပ္ထဲမွာ (IFES)က လည္း ပူးေပါင္းပါဝင္လုပ္ေဆာင္ေနတယ္။ ဒုိင္လူႀကီးနဲ႔ ဒိုင္အဖြဲ႔အစည္းကိုယ္တုိင္က ညစ္ပတ္ေနတဲ့အတြက္ ၿပိဳင္ပြဲေတြဟာ ဘယ္လိုနည္းနဲ႔မွ လြတ္လပ္၊ သန္႔ရွင္း၊ တရားမွ်တတဲ့ ရလဒ္ထြက္ေပၚလာႏုိင္စရာ အေၾကာင္းမရွိပါဘူး။

ကိုယ္စားလွယ္ေလာင္းစိစစ္ေရးမွာလည္း အတိုက္အခံပါတီေတြအေပၚ ဥပေဒကို စိတ္ႀကိဳက္သံုးၿပီး ေကာ္မရွင္အဆင့္ဆင့္က ညစ္ပတ္အႏုိင္က်င့္ခဲ့သလို။ မဲေပးပုိင္ခြင့္ရွိသူေတြ ဆႏၵမဲေပးေရးမွာလည္း ေႏွာက္ယွက္ဟန္႔တားမႈေတြကို ေဘာင္ထဲကေန တမင္ညစ္ေနပါတယ္။ ဒီလိုအခ်က္အလက္ေတြ၊ အေျခအေနေတြေၾကာင့္ လာမယ့္ႏုိဝင္ဘာ ၈ရက္မွာ က်င္းပမယ္ဆုိတဲ့ ေရြး ေကာက္ပြဲဟာ လြတ္လပ္၊ သန္႔ရွင္း၊ တရားမွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္မယ္လို႔ ဘယ္သူက အာမခံႏုိင္မွာလဲ။

မဲစာရင္းမွားယြင္းမႈေတြဟာ စစ္တပ္ထဲမွာေရာ အခုလို မွားယြင္းေနသလား။ ဘာမွ ေျပာသံဆုိသံ မၾကားရပါဘူး။ ဝန္ထမ္းေတြကို တစ္ဖက္မွာ ပါတီႏုိင္ငံေရး ကင္းရွင္းရမယ္လုိ႔ ခ်ဳပ္ခ်ယ္ကန္႔သတ္ထားေပမယ့္၊ စစ္တပ္အေနနဲ႔ ဘယ္ပါတီကို မဲထည့္ရမယ္လုိ႔ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာ ညွိႏိႈင္းအစည္းအေဝးမွာ ကာခ်ဳပ္က ဝိနည္းလြတ္ အမိန္႔ေပးညြန္ၾကားသြားပါတယ္။

(ဒုိ႔တာဝန္အေရး ၃ပါး သိရွိ နားလည္ေစာင့္ထိန္းႏုိင္သူ၊ ျမင္ ၄ျမင္ရွိသူ၊ စစ္တပ္အေပၚ နားလည္မႈရွိသူ)ကို မဲေပးရမယ္တဲ့။
မင္းတို႔အေနနဲ႔ ႀကံ့ဖြ႔ံပါတီကုိပဲ မဲထည့့္ၾကလို႔ ေျပာတယ္ဆိုတာ လူတုိင္း သေဘာေပါက္ပါတယ္။

“၁၉၉၀ ေမလ ၂၇ရက္ ေရြးေကာက္ပြဲ”ကို (နဝတ) စစ္အစုိးရက ျပဳလုပ္ေပးခဲ့ပါတယ္။ သူတို႔ မလိုလားတဲ့ ေရြးေကာက္ပြဲရလဒ္ ထြက္ေပၚလာတဲ့အခါ (နဝတ-နအဖ) စစ္အစုိးရက အသိအမွတ္မျပဳဘဲ ပယ္ဖ်က္ပစ္ခဲ့ပါတယ္။
“ပုဒ္မ ၄၃၆ ျပင္ဆင္ေရး ”လူထုဆႏၵလက္မွတ္ (၅သန္းနီးပါး) လႊတ္ေတာ္ထဲ တင္ျပခဲ့ပါတယ္။ လႊတ္ေတာ္က အသိအမွတ္ မျပဳ ခဲ့ပါဘူး။

“၂၀၁၀ ေရြးေကာက္ပြဲရလဒ္” အသိအမွတ္ျပဳတယ္ဆိုတာက ႀကံ့ဖြံ႔ပါတီ အႏုိင္ရတဲ့ရလဒ္မို႔၊ “၂၀၀၈အေျခခံဥပေဒ”ကို ပြဲထုတ္ လာတဲ့ အခင္းအက်င္းျဖစ္လို႔၊ စစ္တပ္က ယူထားတဲ့အာဏာကို (ဗိုလ္)ကေန (ဦး)ေျပာင္းတဲ့၊ စစ္ဝတ္ကေန အရပ္ဝတ္ေျပာင္း ဝတ္တဲ့ သူတုိ႔အခ်င္းခ်င္း လႊဲေပးတာမို႔ စိတ္ခ်လက္ခ် အသိအမွတ္ျပဳၿပီး အာဏာလႊဲေျပာင္းေပးခဲ့တာပါ။

“၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲ”မွာ အတိုက္အခံပါတီ(NLD)က ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ မဲဆႏၵနယ္တုိင္းမွာ အႏုိင္ရခဲ့ တာကို အသိအမွတ္ျပဳခဲ့တာက သူတုိ႔ဂြင္ထားဝင္လာေစဖုိ႔ တမင္ ဟေပးတဲ့အခင္းအက်င္းမို႔ ျဖစ္ပါတယ္။
“၂၀၁၅ ေရြးေကာက္ပြဲ” ဟာ အထက္မွာတင္ျပခဲ့တဲ့ ေရြးေကာက္ပြဲေတြနဲ႔ အေျခအေနခ်င္း မတူပါဘူး။ ဒါေၾကာင့္ မဲစာ ရင္းကေန စတင္ၿပီး ေထာင့္ေပါင္းစံု၊ ဘက္ေပါင္းစံုကေန ေထာင့္ေစ့ကြက္ေစ့ တမင္ညစ္ပတ္ေနတာျဖစ္ပါတယ္။
ဒါေၾကာင့္ “၂၀၁၅ ေရြးေကာက္ပြဲ” လြတ္လပ္၊ သန္႔ရွင္း၊ တရားမွ်တတဲ့ ေရြးေကာက္ပြဲျဖစ္ဖုိ႔ဆိုရင္ လက္ရွိ ျပည္ေထာင္ စုေရြးေကာက္ပြဲေကာ္မရွင္ တဖြဲ႔လံုးအေနနဲ႔ မဲစာရင္းမွားယြင္းမႈအတြက္ ေတာင္းပန္ရန္ သုိ႔မဟုတ္ တာဝန္မွႏႈတ္ထြက္ရန္ ဆုိ သည့္လမ္းႏွစ္ခုအနက္ တစ္ခုခုကို ေရြးခ်ယ္ၾကရေတာ့မည္သာ ျဖစ္ပါတယ္။

– (RFA) သတင္း။ ၁၉ စက္တင္ဘာ ၂၀၁၅၊ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒၊ ပ်ဥ္းမနားၿမိဳ႕ေရႊခ်ီရပ္ကြက္၌ ေျပာၾကားခ်က္
– ျမန္မာ့အလင္းသတင္းစာ။ ၁၉ စက္တင္ဘာ ၂၀၁၅၊ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆုိင္ရာ ညႇိႏိႈင္းအစည္းအေဝး၌ ေျပာၾကားခ်က္

(ေမာင္ေက်ာ္စြာ)
ေကအုိင္စီ - KIC News
http://kicnews.org
.............................................

(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂၂ရက်)

ပထမအကြိမ် မဲစာရင်းထုတ်ပြန်တော့ အမှားတွေပါခဲ့တယ်။ ဒုတိယအကြိမ် မဲစာရင်းထုတ်ပြန်တော့လည်း ပထမအကြိမ်နဲ့ မခြား မနား အမှားတွေ ထပ်ပါနေတုန်းပဲဖြစ်တယ်။ ဒီလုပ်ရပ်ကို ပြည်သူအများက “တမင် ညစ်ပတ်မှု”လို့ မြင်ကြပြီး အတိုက်အခံပါတီ ရဲ့ “ရာနှုန်းပြည့်အောင်နိုင်ရေး”ကို “ရုပ်ပျက်ဆင်းပျက် မဲစာရင်း တမင်မှားယွင်းမှု”ဗျူဟာနဲ့ တိုက်စစ်ဆင်နေတာဖြစ်မယ်လို့ သုံး သပ်ယူဆနေကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးကိုယ်တိုင်က ဒီလိုမဲစာရင်းအမှားတွေနဲ့ပတ်သက်ပြီး “ကွန်ပြူတာ”အပေါ် အပြစ်ပုံချထားတယ်။ “လူထုကိုကြိုပြီး ပညာပေးရမှာ မပေးမိလိုက်ဘူး။ ကွန်ပြူတာက ဒီလိုလုပ်ထားတာကို အခုမှသိရတာ” တဲ့။ သက်ရှိ လူက မိမိရဲ့စီမံခန့်ခွဲမှု နုံချာညံ့ဖျင်းတာကို ရှင်းရှင်းဝန်မခံဘဲ သက်မဲ့စက်အပေါ် ပုံချလိုက်တာဟာ မိမိတို့ရဲ့စီမံခန့်ခွဲမှု နုံချာ ညံ့ဖျင်းတာကို မိုက်မဲမှုနဲ့ အချည်းအနှီး ဖုံးကွယ်ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။

ဒီမဲစာရင်းအမှားတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းကူညီနေတဲ့ (IFES) မှာလည်း တာဝန်ရှိတယ်။ မိမိဂုဏ်သိက္ခာနဲ့ လုပ်ငန်းတာဝန်ကို လေးစားတန်ဖိုးထားသူ၊ တာဝန်ယူတတ်သူသာဆိုရင် ဒီလိုပြုမူမှာ မဟုတ်ပါဘူး။ မိမိရဲ့တာဝန်ရှိမှုကို ထုတ်ဖော်ဝန်ခံ၊ တောင်းပန် ပြီး တာဝန်က နှုတ်ထွက်သွားမှာဖြစ်ပါတယ်။ အခုဟာက တစ်ကြိမ်တစ်ခါမဟုတ်၊ နှစ်ကြိမ် နှစ်ခါမှားတာဖြစ်ပါတယ်။ သိပ်ရှက်ဖို့ ကောင်းပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဆိုတာ သန့်ရှင်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ကို အသက် ဝိဉာဉ်သဖွယ်၊ ဦးထိပ်ပန်ဆင်ထားရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ကော်မရှင်အဖွဲ့ဝင်တွေရဲ့ ဂုဏ်သိက္ခာ၊ လူကြီးလူကောင်းဆန်မှုနဲ့ သမာသမတ်ကျမှုတွေဟာ သန့်စင်နေဖို့ လိုအပ်ပါတယ်။ စကားပြောဆို ဆွေးနွေးရာမှာလည်း ယဉ်ကျေးသိမ်မွေ့ပြီး လူကြီးလူ ကောင်းဆန်ဖို့ လိုပါတယ်။ “ဆယ်ခါ ပိတ်ဆို့အရေးယူလည်း မမှုဘူး/ ကန်တော့ပွဲနဲ့လာပင့်လည်း မလုပ်ဘူး”ဆိုတဲ့ စကားမျိုးတွေ ပြောဆိုဖို့ လုံးဝ မသင့်ပါဘူး။ သမာဓိလူကြီးဆိုတာ လူမိုက်တွေနဲ့ အပုံကြီး ခြားနားဖို့လိုပါတယ်။

အခုတော့ ကော်မရှင်လူကြီးကိုယ်၌ကရော ကော်မရှင်ရဲ့လုပ်ရပ်တွေကပါ တိုင်းကျော်ပြည်ကျော် ပြောစရာ ဆိုစရာတွေ ဖြစ်လို့ နေပါတယ်။ မဲစာရင်းမှားယွင်းမှုဟာ ပြည်သူတွေရဲ့ စိတ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေးကို ထိပါးနှောင့်ယှက်စော်ကားတာပဲ ဖြစ်ပါ တယ်။ မဲစာရင်းမှန်ရရေးကိစ္စဟာ အချိန်၊ ငွေကြေး၊ ပြည်ပအကူအညီ၊ ကျွမ်းကျင်သူလူအင်အား စသဖြင့် လုံလောက်စွာ ရရှိခဲ့ပါ တယ်။ မကြာခင်ကမှ ထုတ်ပြန်ခဲ့တဲ့ သန်းခေါင်စာရင်းထဲကနေ အလွယ်တကူ ရရှိနိုင်တာလည်းဖြစ်ပါတယ်။ ဒီလိုအခြေခံ အချက်အလက်တွေ ပြည့်စုံလုံလောက်နေပါလျက်နဲ့ မဲစာရင်းနှစ်ကြိမ်နှစ်ခါ မှားယွင်းနေတာဟာ သွေးရိုးသားရိုးမဟုတ်ဘဲ တမင် ညစ်ပတ်တဲ့ လုပ်ရပ်ကလွဲလို့ တခြားဘာမှ ဖြစ်နိုင်စရာမရှိပါဘူး။

မဲစာရင်းမှားယွင်းနေတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေဘက်က တုန့်ပြန်မှုက အားရစရာ မကောင်းပါဘူး။ သိပ်သဘော ကောင်းလွန်းနေတာကို တွေ့ရမှာပါ။ မဲစာရင်းမှားတာကို တစ်ဖက်က လူထုထဲမှာ အမှားပြင်ဖို့ တအိမ်တက်ဆင်း လိုက်လံလှုံ့ ဆော်စည်းရုံးရမှာဖြစ်သလို ဒီလိုမှားယွင်းနေတာနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် အရေးဆိုတိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ ဒီ ၂ခုကို ဟန်ချက်ညီညီ ပေါင်းစပ်ရေးမှာ ပျက်ကွက်ခဲ့ပါတယ်။ တအိမ်တက်ဆင်း မဲစာရင်းပြင်ဆင်ရေးဆိုတဲ့ ဘက်တစ်ဖက်ထဲကို ပဲ အားပြုလုပ်ဆောင်ခဲ့ပါတယ်။ ဒီလို မဲစာရင်းအမှားကို အရေးဆိုတိုက်ပွဲဆင်ရာမှာ ဥပဒေတွင်း နည်းလမ်းရှိသမျှနဲ့ အရေးကုန် အောင် တိုက်ပွဲဝင်ရမှာပါ။ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးပါတီအားလုံး၊ လူမှုအဖွဲ့အားလုံး စုစည်းပြီးတော့လည်း စုပေါင်း အရေး ဆိုကြရမှာပါ။

အခုလည်း အချိန်မနှောင်းသေးပါဘူး။ အရေးဆိုမယ်ဆိုရင် ဆိုနိုင်တဲ့ အခြေအနေ၊ အချက်အလက်တွေ ရှိနေတုန်းပါ။ မတရားမှု/ တမင်ညစ်ပတ်မှုတွေကို အရေးဆိုတိုက်ပွဲဝင်ရေးနဲ့ ပတ်သက်ရင် ဘယ်တော့မှ အချိန်နောက်ကျနေပြီ/ အချိန်လွန်သွားပြီရယ်လို့ မရှိပါဘူး။

မဲစာရင်းတမင်မှားယွင်းနေတာဟာ မဲပေးပိုင်ခွင့်ရှိသူပြည်သူတွေ မဲပေးခြင်းမပြုနိုင်အောင် တမင်ဟန့်တားနှောက်ယှက်မှုပဲ ဖြစ်ပါ တယ်။ ဒီလိုဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်ထဲမှာ (IFES)က လည်း ပူးပေါင်းပါဝင်လုပ်ဆောင်နေတယ်။ ဒိုင်လူကြီးနဲ့ ဒိုင်အဖွဲ့အစည်းကိုယ်တိုင်က ညစ်ပတ်နေတဲ့အတွက် ပြိုင်ပွဲတွေဟာ ဘယ်လိုနည်းနဲ့မှ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရလဒ်ထွက်ပေါ်လာနိုင်စရာ အကြောင်းမရှိပါဘူး။

ကိုယ်စားလှယ်လောင်းစိစစ်ရေးမှာလည်း အတိုက်အခံပါတီတွေအပေါ် ဥပဒေကို စိတ်ကြိုက်သုံးပြီး ကော်မရှင်အဆင့်ဆင့်က ညစ်ပတ်အနိုင်ကျင့်ခဲ့သလို။ မဲပေးပိုင်ခွင့်ရှိသူတွေ ဆန္ဒမဲပေးရေးမှာလည်း နှောက်ယှက်ဟန့်တားမှုတွေကို ဘောင်ထဲကနေ တမင်ညစ်နေပါတယ်။ ဒီလိုအချက်အလက်တွေ၊ အခြေအနေတွေကြောင့် လာမယ့်နိုဝင်ဘာ ၈ရက်မှာ ကျင်းပမယ်ဆိုတဲ့ ရွေး ကောက်ပွဲဟာ လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ။

မဲစာရင်းမှားယွင်းမှုတွေဟာ စစ်တပ်ထဲမှာရော အခုလို မှားယွင်းနေသလား။ ဘာမှ ပြောသံဆိုသံ မကြားရပါဘူး။ ဝန်ထမ်းတွေကို တစ်ဖက်မှာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ချုပ်ချယ်ကန့်သတ်ထားပေမယ့်၊ စစ်တပ်အနေနဲ့ ဘယ်ပါတီကို မဲထည့်ရမယ်လို့ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ကာချုပ်က ဝိနည်းလွတ် အမိန့်ပေးညွန်ကြားသွားပါတယ်။

(ဒို့တာဝန်အရေး ၃ပါး သိရှိ နားလည်စောင့်ထိန်းနိုင်သူ၊ မြင် ၄မြင်ရှိသူ၊ စစ်တပ်အပေါ် နားလည်မှုရှိသူ)ကို မဲပေးရမယ်တဲ့။
မင်းတို့အနေနဲ့ ကြံ့ဖွ့ံပါတီကိုပဲ မဲထည့့်ကြလို့ ပြောတယ်ဆိုတာ လူတိုင်း သဘောပေါက်ပါတယ်။

“၁၉၉၀ မေလ ၂၇ရက် ရွေးကောက်ပွဲ”ကို (နဝတ) စစ်အစိုးရက ပြုလုပ်ပေးခဲ့ပါတယ်။ သူတို့ မလိုလားတဲ့ ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာတဲ့အခါ (နဝတ-နအဖ) စစ်အစိုးရက အသိအမှတ်မပြုဘဲ ပယ်ဖျက်ပစ်ခဲ့ပါတယ်။
“ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ”လူထုဆန္ဒလက်မှတ် (၅သန်းနီးပါး) လွှတ်တော်ထဲ တင်ပြခဲ့ပါတယ်။ လွှတ်တော်က အသိအမှတ် မပြု ခဲ့ပါဘူး။

“၂၀၁၀ ရွေးကောက်ပွဲရလဒ်” အသိအမှတ်ပြုတယ်ဆိုတာက ကြံ့ဖွံ့ပါတီ အနိုင်ရတဲ့ရလဒ်မို့၊ “၂၀၀၈အခြေခံဥပဒေ”ကို ပွဲထုတ် လာတဲ့ အခင်းအကျင်းဖြစ်လို့၊ စစ်တပ်က ယူထားတဲ့အာဏာကို (ဗိုလ်)ကနေ (ဦး)ပြောင်းတဲ့၊ စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်း ဝတ်တဲ့ သူတို့အချင်းချင်း လွှဲပေးတာမို့ စိတ်ချလက်ချ အသိအမှတ်ပြုပြီး အာဏာလွှဲပြောင်းပေးခဲ့တာပါ။

“၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ”မှာ အတိုက်အခံပါတီ(NLD)က ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်တိုင်းမှာ အနိုင်ရခဲ့ တာကို အသိအမှတ်ပြုခဲ့တာက သူတို့ဂွင်ထားဝင်လာစေဖို့ တမင် ဟပေးတဲ့အခင်းအကျင်းမို့ ဖြစ်ပါတယ်။
“၂၀၁၅ ရွေးကောက်ပွဲ” ဟာ အထက်မှာတင်ပြခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ အခြေအနေချင်း မတူပါဘူး။ ဒါကြောင့် မဲစာ ရင်းကနေ စတင်ပြီး ထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ ထောင့်စေ့ကွက်စေ့ တမင်ညစ်ပတ်နေတာဖြစ်ပါတယ်။
ဒါကြောင့် “၂၀၁၅ ရွေးကောက်ပွဲ” လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ဆိုရင် လက်ရှိ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် တဖွဲ့လုံးအနေနဲ့ မဲစာရင်းမှားယွင်းမှုအတွက် တောင်းပန်ရန် သို့မဟုတ် တာဝန်မှနှုတ်ထွက်ရန် ဆို သည့်လမ်းနှစ်ခုအနက် တစ်ခုခုကို ရွေးချယ်ကြရတော့မည်သာ ဖြစ်ပါတယ်။

– (RFA) သတင်း။ ၁၉ စက်တင်ဘာ ၂၀၁၅၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ရွှေချီရပ်ကွက်၌ ပြောကြားချက်
– မြန်မာ့အလင်းသတင်းစာ။ ၁၉ စက်တင်ဘာ ၂၀၁၅၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး၌ ပြောကြားချက်

(မောင်ကျော်စွာ)
ကေအိုင်စီ - KIC News
http://kicnews.org

No comments:

Post a Comment