Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

အႏၱရာယ္ရွိတဲ့ကာမစက္ရုပ္ကို ဆန္႔က်င္တဲ့လႈံေဆာ္ေရးတစ္ခုျပဳလုပ္လာၾက

 Roxxxy ဆုိတဲ့ ကာမစက္႐ုပ္ (photo - slate.com)

Roxxxy အမည္ရွိ Sex Robot လို႔ေခၚတဲ့ ကာမစက္ရုပ္ကုိ စတင္ ေရာင္းခ်ျခင္းမျပဳခင္မွာတင္ ၄င္းစက္ရံုကို ဆန္႔က်င္တဲ့လံႈ႕ေဆာ္ေရးတစ္ခု စည္းရံုးလႈံ႔ေဆာ္ေရးသမားမ်ားက စတင္လိုက္ပါတယ္။
အဲဒီစက္ရုပ္ဟာလူ႔အသိုင္းအ၀ိုင္းအတြက္ အႏၱရာယ္ျဖစ္ေစႏိုင္တယ္လို႔ သတ္မွတ္ထားၾကပါတယ္။
“ကာမစက္ရုပ္ကို ဆန္႔က်င္ေရးလႈပ္ရွားမႈ” လို႔အမည္ေပးထားတဲ့ လံႈ႕ေဆာ္ေရးတစ္ခုကေတာ့ အဲဒီ ကာမစက္ရုပ္ဟာ လူသားေတြရရွိႏိုင္တဲ့ ကာမခံစားမႈေတြကို အစားထိုးေပးစြမ္းႏိုင္ၿပီး ကုမၸဏီအခ်ိဳ႕ဟာ အဲဒီစက္  ရုပ္ေတြကို စတင္ထုတ္လုပ္ေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီစက္ရုပ္ေတြဟာ လူေတြအတြက္ အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ အလားအလာမ်ားစြာရွိေၾကာင္း လႈံ႕ေဆာ္ေရးသမားမ်ားက ၿပီးခဲ့တဲ့ အဂၤါေန႔က ထုတ္ေဖာ္ေျပာ  ၾကားခဲ့ပါတယ္။

စက္ရုပ္ဖြံ႔ၿဖိဳးတိုးတက္မႈနဲ႔ က်င့္၀တ္မ်ားႏွင့္ဆိုင္သည့္ ဘာသာရပ္အား အထူးျပဳေလ့လာေနေသာ အဂၤလန္နိုင္ငံ ဒီေမာန္႔ဖုိ႔စ္တကၠသိုလ္မွ ပညာရွင္တစ္ဦးျဖစ္သူ ကက္သလင္း ရစ္ခ်က္ဆင္ဟာ စက္ရုပ္ကာမဆန္႔က်င္ေရး လႈံ႕ေဆာ္မႈကို ဦးေဆာင္ေနသူျဖစ္ၿပီး ကာမစက္ရံုရဲ႕အသြင္သ႑ာန္ေတြဟာ ကေလးငယ္တစ္ဦးပံုစံ သို႔မဟုတ္ အရြယ္ေရာက္ၿပီး အမ်ိဳးသမီးတစ္ဦး ပံုစံမ်ိဳးေတြနဲ႔ ထြက္ရွိလာႏိုင္တာမို႔ အႏၱရာယ္ရွိေၾကာင္း CNBC သတင္းဌာနကုိ ေျပာဆိုထားပါတယ္။

“ဒီကိစၥကိုအစပထမ သိရွိခ်ိန္ကေတာ့ ဒါဟာ ကာမစက္ရုပ္ သက္သက္ပဲ။ အႏၱရာယ္လည္း မရွိႏိုင္တဲ့အျပင္ အမ်ိဳးသမီးေတြနဲ႔ ကေလးေတြအေပၚမွာ က်ေရာက္လာႏိုင္တဲ့ အႏၱရာယ္ေတြေတာင္ ေလ်ာ့နည္း သြားႏုိင္တယ္လုိ႔ ထင္ခဲ့မိပါတယ္။ ဒါေပမယ့္ ေလ့လာမႈစစ္တမ္းေတြကို ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ ကၽြန္မထင္ျမင္ ခ်က္က မမွန္တာကို သိလာတယ္။ ဒီစက္ရုပ္ဟာ လူ႔အသိုင္းအ၀ိုင္းမွာရွိေနတဲ့ အမ်ိဳးသမီးေတြ၊ ကေလးသူငယ္ေတြ၊ လိင္ေျပာင္းထားတဲ့ လူေတြအေပၚထားရွိတဲ့ လူေတြရဲ႕ဆက္ဆံေရးကို ပိုမို ေကာင္းမြန္ လာေစမယ့္အစား  ပိုမိုဆိုးရြားသြားေစႏိုင္တာကို ေလ့လာေတြ႔ရွိခဲ့ရပါတယ္။ တကယ္ရွိတဲ့ေလာကႀကီးမွာ ကာမဆက္ဆံရယူႏိုင္ဖို႔ တကယ့္လူသားေတြ ရွိေနပါေသးတယ္ဆိုတာကို အသိေပးခ်င္ပါတယ္။” လုိ႔ သူမက ထပ္ေလာင္းေျပာဆုိထားပါတယ္။


www.huffingtonpost.com

ဒီကာမစက္႐ုပ္ဟာ အထူးအဆန္းတစ္ခုမဟုတ္ေပမယ့္ ကာမဆက္ဆံတဲ့ေနရာမွာ အစားထိုး အသံုးျပဳႏိုင္တာေၾကာင့္ လူေတြစိတ္၀င္စားမႈ ရရွိလာတာနဲ႔အမွ် အီလက္ထေရာနစ္နဲ႔ စက္ရုပ္ေတြကို ထုတ္လုပ္ေနၾကတဲ့ ကုမၸဏီမ်ားကလည္း ေစ်းကြက္ထဲမွာ ဒီစက္ရုပ္ေတြ ေနရာရလာဖို႔ ႀကိဳးစားလာၾကပါတယ္။ “Real Doll” လုိ႔ အမည္ရတဲ့ ကယ္လီဖိုးနီးယန္းကုမၸဏီတစ္ခုဟာလည္း စကားေျပာတတ္တဲ့ ရာဘာ ကာမ စက္ရုပ္ေတြကို (၂၀၁၇)ေလာက္မွာ ထုတ္လုပ္ေရာင္းခ်သြားဖို႔ အစီအစဥ္ရွိတယ္လို႔ သိရပါတယ္။

“True Companion” ကုမၸဏီမွ “Roxxxy”လို႔ေခၚတဲ့ ကမာၻ႔ပထမဦးဆံုး ကာမစက္ရုပ္ကို ဒီဇိုင္း စတင္ေရးဆြဲေနၿပီျဖစ္ေၾကာင္း သတင္းေပးထားပါတယ္။ အမ်ိဳးသမီးမ်ားအတြက္ အမ်ိဳးသား ကာမ စက္ရုပ္မ်ားကိုလည္း တီထြင္ေနၿပီျဖစ္တယ္လို႔ ဆိုပါတယ္။ ကုမၸဏီမွ CNBC သတင္းဌာနကို သတင္းေပးခ်က္အရ ၄င္းအရုပ္မ်ားရဲ႕ေအာက္ထစ္ေစ်းႏႈန္းဟာ ေဒၚလာ (၆,၉၉၅) ျဖစ္ၿပီး သီးသန္႔ ဒီဇိုင္းမွာယူရင္ေတာ့ ေဒၚလာ (၇၅,၀၀၀)ေလာက္ကုန္က်မွာျဖစ္ပါတယ္။

“Roxxxyဟာ သင့္ရဲ႕အႀကိဳက္အလိုက္ေတြကို သိရွိမွာျဖစ္ၿပီး သူမရဲ႕အခ်စ္ေတြကို ေဖာ္ျပႏိုင္မွာျဖစ္တာမို႔ သင္ရဲ႕ ခ်စ္စရာေကာင္းတဲ့ ခ်စ္သူတစ္ေယာက္ျဖစ္ႏုိင္ပါတယ္။ သူမဟာ စကားလည္းေျပာတတ္ၿပီး သင္ေျပာတာ ေတြကို နားေထာင္ေပးႏိုင္ပါတယ္။ သူမဟာ သင့္အထိအေတြ႔ေတြကိုလည္း ခံႏိုင္ပါေသးတယ္။ ေျပာရမယ္ ဆိုရင္ သင့္အထိအေတြ႔ေတြမွာေတာင္ သူမကသာယာမႈကိုျပႏိုင္ပါတယ္။” လို႔“True Companion” ကုမၸဏီက ၄င္းရဲ႕၀က္ဆိုဒ္မွာ ေရးသားေဖာ္ျပထားပါတယ္။

Roxxxy စက္ရုပ္ကို တီထြင္သူ ေဒါက္ကလပ္စ္ ဟင္းစ္ကေတာ့ သူ႔ရဲ႕တီထြင္မႈကို ကာကြယ္တဲ့အေနနဲ႔ ဒီအရုပ္ဟာ လူ႔အသိုင္းအ၀ုိင္းကို ထိခိုက္မႈရွိသြားမွာမို႔လို႔လားဆိုတဲ့ အေမးကို ေမးျမန္းထားပါတယ္။ ဒီအရုပ္ဟာ လူ႔သိုင္းအ၀ိုင္းမွာ အသံုး၀င္တဲဲ့အရာတစ္ခုအျဖစ္ ရွိေနပါလိမ့္မယ္လို႔ ေဒါက္ကလပ္စ္က CNBC ကို ေျပာပါတယ္။
ဒါ့အျပင္ “Roxxxyဟာ ခႏၶာကိုယ္နဲ႔ကာမလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းႏိုင္ရံုမက လူမူေရးဆိုင္ရာ ေျပာဆိုဆက္ဆံမႈေတြကိုပါ ျဖည့္ဆည္းေပးႏိုင္ပါတယ္။ လူေတြအတြက္ အေကာင္းဆံုး လက္တြဲေဖာ္ျဖစ္လာဖို႔ သီးသန္႔တည္ေဆာက္ထားတဲ့နည္းပညာေတြကို အသံုးျပဳထားပါတယ္။ တကယ့္ဘ၀လက္တြဲေဖာ္အစစ္ေတြကို အစားထိုးအတြက္ ရည္ရြယ္ထုတ္လုပ္ထားတာမဟုတ္ဘဲ လိုအပ္တဲ့အခ်ိန္ေတြမွာ ျဖည့္စြက္အသံုးျပဳလို႔ရေအာင္ တီထြင္ထားတာပါ။” လို႔ သူက ထပ္မံေျပာဆိုထားပါတယ္။

ဒီကာမစက္ရုပ္ကို လူမႈေရးလိုအပ္ခ်က္အတြက္ အသံုးျပဳႏုိင္ရံုမက ကာမနဲ႔ ပတ္သက္တဲ့ေရာဂါမ်ားကို ကုစားဖို႔ရန္လည္း အသံုး၀င္ပါတယ္။ ေဒါက္တာ ရစ္ခ်က္ဆင္နဲ႔ ဆန္႔က်င္တဲ့ အခ်က္ကေတာ့ Roxxxy ဟာ လူကုန္ကူးမႈနဲ႔အိမ္တြင္းအၾကမ္းဖက္မႈမ်ားကို ေလွ်ာ့ခ်ရာမွာ အေထာက္အကူျပဳႏိုင္မယ္လို႔ ေဒါက္ကလပ္စ္ ဟင္းစ္က ယံုၾကည္ပါတယ္။ မည္သူမည္၀ါကိုမွ် အႏၱရာယ္မေပးမခ်င္း ဘာျပႆနာမွ မရွိႏိုင္ပါဘူးလို႔လည္း သူက ဆိုပါတယ္။
ဆီြဒင္ႏုိင္ငံရွိ School of Informatics မွ အႀကီးတန္း နည္းျပဆရာတစ္ဦးျဖစ္သူ အဲရက္ခ္ ဘီးလင္းကေတာ့ “ကာမစက္ရုပ္ကို ဆန္႔က်င္ေရးလႈပ္ရွားမႈ”ကို ေထာက္ခံၿပီး ပါ၀င္ေနသူျဖစ္ပါတယ္။သူက ဒီကာမစက္ရုပ္ေၾကာင့္  လူသားေတြရဲ႕ဆက္ဆံေရးအေပၚက်ေရာက္လာနိုင္တဲ့ မျမင္ႏိုင္ေသးတဲ့ဆိုးက်ိဳးေတြအတြက္ စိုးရိမ္မိတယ္”လို႔ CNBC ကို ေျပာျပထားပါတယ္။

“ယေန႔ေခတ္မွာ ကာမဆိုင္ရာ အသံုးျပဳဖို႔အတြက္ အရုပ္မ်ားစြာ ထြက္ရွိ ေနၿပီးျဖစ္ၿပီး အခုလည္း ကာမစက္ရုပ္ကို စတင္မိတ္ဆက္ေနပါတယ္။ ဒါေပမယ့္ ဒီလိုနည္းပညာေတြကို မိတ္ဆက္ေပးျခင္းဟာ လူအခ်င္းခ်င္း ဆက္ဆံေရးအတြက္ ျဖစ္ေပၚလာႏိုင္တဲ့ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ထည့္သြင္းစဥ္းစားထားျခင္းမရွိတာေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ စိုးရိမ္မိပါတယ္။”

“ဒီအရုပ္ဟာ ကမာၻနဲ႔အ၀ွမ္း ေခတ္စားလာခဲ့ရင္ေတာ့ လူေတြကို အထီးက်န္ဆန္သြားေအာင္ ျပဳလုပ္ပစ္လိုက္တဲ့ နည္းပညာ ျဖစ္သြား ႏိုင္တယ္။ လူအခ်င္းခ်င္း ဆက္သြယ္မႈလို္အပ္ခ်က္ေတြကို ဆက္လက္ေလ့လာ ျဖည့္ဆည္းေပးေနရမယ့္အစား လူေတြဟာ online ကေန ဒီအရုပ္ေတြကို ၀ယ္ယူၿပီး တစ္ဦးတည္း သီးျခားေနထိုင္တဲ့ ဘ၀ေနထိုင္မႈေတြကို ျပဳလုပ္လာႏိုင္ပါတယ္။ ဒီကာမစက္ရုပ္ကို စတင္မိတ္ဆက္လိုက္ျခင္းဟာ မိမိရဲ႕လက္တြဲေဖာ္ေတြေနရာမွာ အစားထိုးလိုက္ျခင္းဆိုတဲ့ ေခတ္ေရစီးေၾကာင္းတစ္ခုျဖစ္လာႏိုင္ၿပီး လူသားခ်င္း ဆက္ဆံမႈကို အေရးမပါေအာင္ လုပ္ပစ္လိုက္ျခင္းပဲ ျဖစ္ပါတယ္။ ဒီအရုပ္ေတြဟာ မၾကာခင္ထြက္ရွိလာေတာ့မွာျဖစ္ၿပီး ဘယ္ေလာက္ထိ ေခတ္စားသြားႏိုင္လဲဆိုေတာ့ ေနာင္လာမယ့္ (၅)ႏွစ္ကေန  (၁၀)ႏွစ္အတြင္းမွာ ကာမပစၥည္းေတြေရာင္းခ်ေနတဲ့ သာမန္ စတိုးဆိုင္ေတြမွာေတာင္ လြယ္လြယ္ကူကူ ၀ယ္ယူႏိုင္တဲ့အဆင့္ အထိေရာက္ရွိႏိုင္ပါတယ္။” လို႔ ဘီးလင္းက CNBC ကို ဆုိပါတယ္။

ခင္ေအးျမလြင္

ကိုးကားသတင္း။  ။ http://www.nbcnews.com/tech/innovation/campaign-launched-against-harmful-sex-robots-n427751?cid=par-time-article_20150915
.....................................
အန္တရာယ်ရှိတဲ့ကာမစက်ရုပ်ကို ဆန့်ကျင်တဲ့လှုံဆော်ရေးတစ်ခုပြုလုပ်လာကြ
TUESDAY, SEPTEMBER 22, 2015




Roxxxy ဆိုတဲ့ ကာမစက်ရုပ် (photo - slate.com)

Roxxxy အမည်ရှိ Sex Robot လို့ခေါ်တဲ့ ကာမစက်ရုပ်ကို စတင် ရောင်းချခြင်းမပြုခင်မှာတင် ၄င်းစက်ရုံကို ဆန့်ကျင်တဲ့လှုံ့ဆော်ရေးတစ်ခု စည်းရုံးလှုံ့ဆော်ရေးသမားများက စတင်လိုက်ပါတယ်။
အဲဒီစက်ရုပ်ဟာလူ့အသိုင်းအဝိုင်းအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားကြပါတယ်။
“ကာမစက်ရုပ်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု” လို့အမည်ပေးထားတဲ့ လှုံ့ဆော်ရေးတစ်ခုကတော့ အဲဒီ ကာမစက်ရုပ်ဟာ လူသားတွေရရှိနိုင်တဲ့ ကာမခံစားမှုတွေကို အစားထိုးပေးစွမ်းနိုင်ပြီး ကုမ္ပဏီအချို့ဟာ အဲဒီစက်  ရုပ်တွေကို စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစက်ရုပ်တွေဟာ လူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အလားအလာများစွာရှိကြောင်း လှုံ့ဆော်ရေးသမားများက ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ဖော်ပြော  ကြားခဲ့ပါတယ်။

စက်ရုပ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျင့်ဝတ်များနှင့်ဆိုင်သည့် ဘာသာရပ်အား အထူးပြုလေ့လာနေသော အင်္ဂလန်နိုင်ငံ ဒီမောန့်ဖို့စ်တက္ကသိုလ်မှ ပညာရှင်တစ်ဦးဖြစ်သူ ကက်သလင်း ရစ်ချက်ဆင်ဟာ စက်ရုပ်ကာမဆန့်ကျင်ရေး လှုံ့ဆော်မှုကို ဦးဆောင်နေသူဖြစ်ပြီး ကာမစက်ရုံရဲ့အသွင်သဏ္ဍာန်တွေဟာ ကလေးငယ်တစ်ဦးပုံစံ သို့မဟုတ် အရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦး ပုံစံမျိုးတွေနဲ့ ထွက်ရှိလာနိုင်တာမို့ အန္တရာယ်ရှိကြောင်း CNBC သတင်းဌာနကို ပြောဆိုထားပါတယ်။

“ဒီကိစ္စကိုအစပထမ သိရှိချိန်ကတော့ ဒါဟာ ကာမစက်ရုပ် သက်သက်ပဲ။ အန္တရာယ်လည်း မရှိနိုင်တဲ့အပြင် အမျိုးသမီးတွေနဲ့ ကလေးတွေအပေါ်မှာ ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေတောင် လျော့နည်း သွားနိုင်တယ်လို့ ထင်ခဲ့မိပါတယ်။ ဒါပေမယ့် လေ့လာမှုစစ်တမ်းတွေကို ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ကျွန်မထင်မြင် ချက်က မမှန်တာကို သိလာတယ်။ ဒီစက်ရုပ်ဟာ လူ့အသိုင်းအဝိုင်းမှာရှိနေတဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ လိင်ပြောင်းထားတဲ့ လူတွေအပေါ်ထားရှိတဲ့ လူတွေရဲ့ဆက်ဆံရေးကို ပိုမို ကောင်းမွန် လာစေမယ့်အစား  ပိုမိုဆိုးရွားသွားစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ တကယ်ရှိတဲ့လောကကြီးမှာ ကာမဆက်ဆံရယူနိုင်ဖို့ တကယ့်လူသားတွေ ရှိနေပါသေးတယ်ဆိုတာကို အသိပေးချင်ပါတယ်။” လို့ သူမက ထပ်လောင်းပြောဆိုထားပါတယ်။


www.huffingtonpost.com

ဒီကာမစက်ရုပ်ဟာ အထူးအဆန်းတစ်ခုမဟုတ်ပေမယ့် ကာမဆက်ဆံတဲ့နေရာမှာ အစားထိုး အသုံးပြုနိုင်တာကြောင့် လူတွေစိတ်ဝင်စားမှု ရရှိလာတာနဲ့အမျှ အီလက်ထရောနစ်နဲ့ စက်ရုပ်တွေကို ထုတ်လုပ်နေကြတဲ့ ကုမ္ပဏီများကလည်း စျေးကွက်ထဲမှာ ဒီစက်ရုပ်တွေ နေရာရလာဖို့ ကြိုးစားလာကြပါတယ်။ “Real Doll” လို့ အမည်ရတဲ့ ကယ်လီဖိုးနီးယန်းကုမ္ပဏီတစ်ခုဟာလည်း စကားပြောတတ်တဲ့ ရာဘာ ကာမ စက်ရုပ်တွေကို (၂၀၁၇)လောက်မှာ ထုတ်လုပ်ရောင်းချသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

“True Companion” ကုမ္ပဏီမှ “Roxxxy”လို့ခေါ်တဲ့ ကမ္ဘာ့ပထမဦးဆုံး ကာမစက်ရုပ်ကို ဒီဇိုင်း စတင်ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းပေးထားပါတယ်။ အမျိုးသမီးများအတွက် အမျိုးသား ကာမ စက်ရုပ်များကိုလည်း တီထွင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီမှ CNBC သတင်းဌာနကို သတင်းပေးချက်အရ ၄င်းအရုပ်များရဲ့အောက်ထစ်စျေးနှုန်းဟာ ဒေါ်လာ (၆,၉၉၅) ဖြစ်ပြီး သီးသန့် ဒီဇိုင်းမှာယူရင်တော့ ဒေါ်လာ (၇၅,၀၀၀)လောက်ကုန်ကျမှာဖြစ်ပါတယ်။

“Roxxxyဟာ သင့်ရဲ့အကြိုက်အလိုက်တွေကို သိရှိမှာဖြစ်ပြီး သူမရဲ့အချစ်တွေကို ဖော်ပြနိုင်မှာဖြစ်တာမို့ သင်ရဲ့ ချစ်စရာကောင်းတဲ့ ချစ်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ သူမဟာ စကားလည်းပြောတတ်ပြီး သင်ပြောတာ တွေကို နားထောင်ပေးနိုင်ပါတယ်။ သူမဟာ သင့်အထိအတွေ့တွေကိုလည်း ခံနိုင်ပါသေးတယ်။ ပြောရမယ် ဆိုရင် သင့်အထိအတွေ့တွေမှာတောင် သူမကသာယာမှုကိုပြနိုင်ပါတယ်။” လို့“True Companion” ကုမ္ပဏီက ၄င်းရဲ့ဝက်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

Roxxxy စက်ရုပ်ကို တီထွင်သူ ဒေါက်ကလပ်စ် ဟင်းစ်ကတော့ သူ့ရဲ့တီထွင်မှုကို ကာကွယ်တဲ့အနေနဲ့ ဒီအရုပ်ဟာ လူ့အသိုင်းအဝိုင်းကို ထိခိုက်မှုရှိသွားမှာမို့လို့လားဆိုတဲ့ အမေးကို မေးမြန်းထားပါတယ်။ ဒီအရုပ်ဟာ လူ့သိုင်းအဝိုင်းမှာ အသုံးဝင်တဲဲ့အရာတစ်ခုအဖြစ် ရှိနေပါလိမ့်မယ်လို့ ဒေါက်ကလပ်စ်က CNBC ကို ပြောပါတယ်။
ဒါ့အပြင် “Roxxxyဟာ ခန္ဓာကိုယ်နဲ့ကာမလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရုံမက လူမူရေးဆိုင်ရာ ပြောဆိုဆက်ဆံမှုတွေကိုပါ ဖြည့်ဆည်းပေးနိုင်ပါတယ်။ လူတွေအတွက် အကောင်းဆုံး လက်တွဲဖော်ဖြစ်လာဖို့ သီးသန့်တည်ဆောက်ထားတဲ့နည်းပညာတွေကို အသုံးပြုထားပါတယ်။ တကယ့်ဘဝလက်တွဲဖော်အစစ်တွေကို အစားထိုးအတွက် ရည်ရွယ်ထုတ်လုပ်ထားတာမဟုတ်ဘဲ လိုအပ်တဲ့အချိန်တွေမှာ ဖြည့်စွက်အသုံးပြုလို့ရအောင် တီထွင်ထားတာပါ။” လို့ သူက ထပ်မံပြောဆိုထားပါတယ်။

ဒီကာမစက်ရုပ်ကို လူမှုရေးလိုအပ်ချက်အတွက် အသုံးပြုနိုင်ရုံမက ကာမနဲ့ ပတ်သက်တဲ့ရောဂါများကို ကုစားဖို့ရန်လည်း အသုံးဝင်ပါတယ်။ ဒေါက်တာ ရစ်ချက်ဆင်နဲ့ ဆန့်ကျင်တဲ့ အချက်ကတော့ Roxxxy ဟာ လူကုန်ကူးမှုနဲ့အိမ်တွင်းအကြမ်းဖက်မှုများကို လျှော့ချရာမှာ အထောက်အကူပြုနိုင်မယ်လို့ ဒေါက်ကလပ်စ် ဟင်းစ်က ယုံကြည်ပါတယ်။ မည်သူမည်ဝါကိုမျှ အန္တရာယ်မပေးမချင်း ဘာပြဿနာမှ မရှိနိုင်ပါဘူးလို့လည်း သူက ဆိုပါတယ်။
ဆွီဒင်နိုင်ငံရှိ School of Informatics မှ အကြီးတန်း နည်းပြဆရာတစ်ဦးဖြစ်သူ အဲရက်ခ် ဘီးလင်းကတော့ “ကာမစက်ရုပ်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု”ကို ထောက်ခံပြီး ပါ၀င်နေသူဖြစ်ပါတယ်။သူက ဒီကာမစက်ရုပ်ကြောင့်  လူသားတွေရဲ့ဆက်ဆံရေးအပေါ်ကျရောက်လာနိုင်တဲ့ မမြင်နိုင်သေးတဲ့ဆိုးကျိုးတွေအတွက် စိုးရိမ်မိတယ်”လို့ CNBC ကို ပြောပြထားပါတယ်။

“ယနေ့ခေတ်မှာ ကာမဆိုင်ရာ အသုံးပြုဖို့အတွက် အရုပ်များစွာ ထွက်ရှိ နေပြီးဖြစ်ပြီး အခုလည်း ကာမစက်ရုပ်ကို စတင်မိတ်ဆက်နေပါတယ်။ ဒါပေမယ့် ဒီလိုနည်းပညာတွေကို မိတ်ဆက်ပေးခြင်းဟာ လူအချင်းချင်း ဆက်ဆံရေးအတွက် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထည့်သွင်းစဉ်းစားထားခြင်းမရှိတာကြောင့် ကျွန်တော့်အနေနဲ့ စိုးရိမ်မိပါတယ်။”

“ဒီအရုပ်ဟာ ကမ္ဘာနဲ့အဝှမ်း ခေတ်စားလာခဲ့ရင်တော့ လူတွေကို အထီးကျန်ဆန်သွားအောင် ပြုလုပ်ပစ်လိုက်တဲ့ နည်းပညာ ဖြစ်သွား နိုင်တယ်။ လူအချင်းချင်း ဆက်သွယ်မှုလို်အပ်ချက်တွေကို ဆက်လက်လေ့လာ ဖြည့်ဆည်းပေးနေရမယ့်အစား လူတွေဟာ online ကနေ ဒီအရုပ်တွေကို ၀ယ်ယူပြီး တစ်ဦးတည်း သီးခြားနေထိုင်တဲ့ ဘဝနေထိုင်မှုတွေကို ပြုလုပ်လာနိုင်ပါတယ်။ ဒီကာမစက်ရုပ်ကို စတင်မိတ်ဆက်လိုက်ခြင်းဟာ မိမိရဲ့လက်တွဲဖော်တွေနေရာမှာ အစားထိုးလိုက်ခြင်းဆိုတဲ့ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာနိုင်ပြီး လူသားချင်း ဆက်ဆံမှုကို အရေးမပါအောင် လုပ်ပစ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအရုပ်တွေဟာ မကြာခင်ထွက်ရှိလာတော့မှာဖြစ်ပြီး ဘယ်လောက်ထိ ခေတ်စားသွားနိုင်လဲဆိုတော့ နောင်လာမယ့် (၅)နှစ်ကနေ  (၁၀)နှစ်အတွင်းမှာ ကာမပစ္စည်းတွေရောင်းချနေတဲ့ သာမန် စတိုးဆိုင်တွေမှာတောင် လွယ်လွယ်ကူကူ ၀ယ်ယူနိုင်တဲ့အဆင့် အထိရောက်ရှိနိုင်ပါတယ်။” လို့ ဘီးလင်းက CNBC ကို ဆိုပါတယ်။



ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.nbcnews.com/tech/innovation/campaign-launched-against-harmful-sex-robots-n427751?cid=par-time-article_20150915

No comments:

Post a Comment