Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, September 19, 2015

ျမန္မာ့လက္ေရြးစင္ ေဘာလံုးသမား ၾကည္လင္းကို အင္းစိန္ေထာင္မွာ ထိန္းသိမ္း

ျမန္မာ့လက္ေရြးစင္ အမ်ိဳးသား ေဘာလံုးအသင္းနဲ႔ ရန္ကုန္ယူႏိုက္တက္ အသင္းတို႔ရဲ့ အဓိက ကစားသမားျဖစ္တဲ့ ၾကည္လင္းကို စက္တင္ဘာလ ၁၈ ရက္ေန႔က ကမာရြတ္ၿမိဳ႕နယ္ တရားရံုးက ပုဒ္မ ၃၆၆ နဲ႔ ရံုးထုတ္စစ္ေဆးခဲ့ၿပီး အင္းစိန္အက်ဥ္းေထာင္မွာ ထိန္းသိမ္းထားတယ္လို႔ ကမာရြတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွ ရဲမွဴးေဇာ္ဝင္းက ေျပာပါတယ္။
“အမ်ိဳးသမီးတစ္ဦးကို အႏုိင္က်င့္ ေပါင္းသင္းမႈနဲ႔ တိုင္ၾကားခံရလို႔ ကိုၾကည္လင္းက အဲ့ဒီအမ်ိဳးသမီးကို တရားဝင္ လက္ထပ္ခဲ့တယ္။ ဒါေပမဲ့ ဒီအမႈက တရားရံုးမွာ အမႈရဲ့ တရားလိုျဖစ္သူက ေက်ေအးေၾကာင္း ဥပေဒနဲ႔ အညီေလွ်ာက္ထားရမွာကို မေလွ်ာက္ထားခဲ့တာေၾကာင့္ ခုလို ဖမ္းဆီးခံရတာ၊ တရားသူႀကီးက အာမခံမေပးခဲ့ဘူး” လို႔ သူကေျပာပါတယ္။
၂၀၁၄ ခုႏွစ္ ဇြန္လဆန္းပိုင္းက ဒဂံုၿမိဳ႕သစ္ (အေရွ႕ပိုင္း) ၿမိဳ႕နယ္၊ ၆ ရပ္ကြက္ မွေနထုိင္တဲ့ အသက္ ၁၇ ႏွစ္အရြယ္ အမ်ိဳးသမီးငယ္မွာ ၾကည္လင္းနဲ႔အတူ ႏွစ္ရက္ၾကာ ေပ်ာက္ဆံုးေနခဲ့တာေၾကာင့္ အမ်ိဳးသမီးရဲ့ ဖခင္ျဖစ္တဲ့ ဦးထြန္းရီက ဇြန္လ ၁၆ ရက္ေန႔မွာ ကမာရြတ္ၿမိဳ႕မ ရဲစခန္းမွာ ပုဒ္မ ၃၆၆ နဲ႔ ၾကည္လင္းကို အမႈဖြင့္တိုင္ၾကားခဲ့တယ္လို႔ အဲ့ဒီရဲစခန္းထံမွ သိရပါတယ္။
“ခ်စ္သူႏွစ္ဦး အလည္လြန္ခဲ့ရာက အမ်ိဳးသမီးရဲ့ မိဘအုပ္ထိန္းသူေတြက စိတ္ဆိုးၿပီး ၾကည္လင္းကို ရဲစခန္းမွာ အမႈဖြင့္ခဲ့တယ္။ ၾကည္လင္းက သက္ဆိုင္ရာလူႀကီးေတြကို အကူအညီေတာင္ၿပီး အမ်ိဳးသမီးရဲ့ အုပ္ထိန္းသူေတြဆီမွာ ျမန္မာ့ယဥ္ေက်းမႈနဲ႔အညီ ေတာင္းရမ္းယူခဲ့တာပါ။ အမႈဖြင့္ၿပီး တရားရံုးမွာ ေက်ေအးေၾကာင္း အျမန္ဆံုးေလွ်ာက္ထားရမယ္ ဆိုတာ ႏွစ္ဖက္စလံုးက ဥပေဒအေၾကာင္း သိပ္နားမလည္ခဲ့လို႔ ခုလို ကိုၾကည္လင္း ဖမ္းဆီးခံရတာပါ။ လာမယ့္ ရံုးထုတ္ရက္မွာ အာမခံရဖို႔ ေဆာင္ရြက္သြားမယ္” လို႔ ရန္ကုန္ယူႏိုက္တက္အသင္းက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
အဲ့ဒီ အမႈဖြင့္ခံရတဲ့ ေဘာလံုးသမား ၾကည္လင္းမွာ သူလက္ထပ္ယူခဲ့တဲ့ အမ်ိဳးသမီးငယ္အေပၚ ေကာင္းေကာင္းမြန္မြန္ ေပါင္းသင္းေနထိုင္ခဲ့ေပမယ့္ ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခံရတာကို ဥပေဒနဲ႔အညီ တရားလိုဘက္မွ ေက်ေအးေၾကာင္း ေလွ်ာက္တင္ၿပီး အဲ့ဒီတရားစြဲခံရမႈမွာ ၾကည္လင္းမွာ အျပစ္မရွိေၾကာင္း၊ စာရိတၱေကာင္းမြန္တဲ့သူ ျဖစ္ေၾကာင္း အေထာက္အထား ခိုင္ခိုင္လံုလံု ျပသႏိုင္ရင္ အမႈဖြင့္ထားတာကို ျပန္လည္ရုပ္သိမ္းႏိုင္မွာ ျဖစ္တယ္လို႔ ကမာရြတ္ၿမိဳ႕နယ္ တရားရံုးထံမွ စံုစမ္းသိရွိရပါတယ္။
The Voice Weekly
................................................................
မြန်မာ့လက်ရွေးစင် အမျိုးသား ဘောလုံးအသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ကြည်လင်းကို စက်တင်ဘာလ ၁၈ ရက်နေ့က ကမာရွတ်မြို့နယ် တရားရုံးက ပုဒ်မ ၃၆၆ နဲ့ ရုံးထုတ်စစ်ဆေးခဲ့ပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးဇော်ဝင်းက ပြောပါတယ်။
“အမျိုးသမီးတစ်ဦးကို အနိုင်ကျင့် ပေါင်းသင်းမှုနဲ့ တိုင်ကြားခံရလို့ ကိုကြည်လင်းက အဲ့ဒီအမျိုးသမီးကို တရားဝင် လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ ဒီအမှုက တရားရုံးမှာ အမှုရဲ့ တရားလိုဖြစ်သူက ကျေအေးကြောင်း ဥပဒေနဲ့ အညီလျှောက်ထားရမှာကို မလျှောက်ထားခဲ့တာကြောင့် ခုလို ဖမ်းဆီးခံရတာ၊ တရားသူကြီးက အာမခံမပေးခဲ့ဘူး” လို့ သူကပြောပါတယ်။
၂၀၁၄ ခုနှစ် ဇွန်လဆန်းပိုင်းက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ၆ ရပ်ကွက် မှနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်မှာ ကြည်လင်းနဲ့အတူ နှစ်ရက်ကြာ ပျောက်ဆုံးနေခဲ့တာကြောင့် အမျိုးသမီးရဲ့ ဖခင်ဖြစ်တဲ့ ဦးထွန်းရီက ဇွန်လ ၁၆ ရက်နေ့မှာ ကမာရွတ်မြို့မ ရဲစခန်းမှာ ပုဒ်မ ၃၆၆ နဲ့ ကြည်လင်းကို အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ အဲ့ဒီရဲစခန်းထံမှ သိရပါတယ်။
“ချစ်သူနှစ်ဦး အလည်လွန်ခဲ့ရာက အမျိုးသမီးရဲ့ မိဘအုပ်ထိန်းသူတွေက စိတ်ဆိုးပြီး ကြည်လင်းကို ရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်။ ကြည်လင်းက သက်ဆိုင်ရာလူကြီးတွေကို အကူအညီတောင်ပြီး အမျိုးသမီးရဲ့ အုပ်ထိန်းသူတွေဆီမှာ မြန်မာ့ယဉ်ကျေးမှုနဲ့အညီ တောင်းရမ်းယူခဲ့တာပါ။ အမှုဖွင့်ပြီး တရားရုံးမှာ ကျေအေးကြောင်း အမြန်ဆုံးလျှောက်ထားရမယ် ဆိုတာ နှစ်ဖက်စလုံးက ဥပဒေအကြောင်း သိပ်နားမလည်ခဲ့လို့ ခုလို ကိုကြည်လင်း ဖမ်းဆီးခံရတာပါ။ လာမယ့် ရုံးထုတ်ရက်မှာ အာမခံရဖို့ ဆောင်ရွက်သွားမယ်” လို့ ရန်ကုန်ယူနိုက်တက်အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီ အမှုဖွင့်ခံရတဲ့ ဘောလုံးသမား ကြည်လင်းမှာ သူလက်ထပ်ယူခဲ့တဲ့ အမျိုးသမီးငယ်အပေါ် ကောင်းကောင်းမွန်မွန် ပေါင်းသင်းနေထိုင်ခဲ့ပေမယ့် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခံရတာကို ဥပဒေနဲ့အညီ တရားလိုဘက်မှ ကျေအေးကြောင်း လျှောက်တင်ပြီး အဲ့ဒီတရားစွဲခံရမှုမှာ ကြည်လင်းမှာ အပြစ်မရှိကြောင်း၊ စာရိတ္တကောင်းမွန်တဲ့သူ ဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ ပြသနိုင်ရင် အမှုဖွင့်ထားတာကို ပြန်လည်ရုပ်သိမ်းနိုင်မှာ ဖြစ်တယ်လို့ ကမာရွတ်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရပါတယ်။
The Voice Weekly

No comments:

Post a Comment