Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, September 19, 2015

အက်င့္ပ်က္ခ်စားမႈကင္းတဲ့ အစုိးရျဖစ္ရေစမယ္ လုိ႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို မႏၱေလးတိုင္းေဒသႀကီး ရမည္းသင္းၿမိဳ႕က ေက်ာက္ျဖဴကုန္းကြင္းျပင္ မွာျပဳလုပ္တဲ႔ ေရြးေကာက္ပြဲအသိပညာေပးေဟာေျပာပြဲမွာ စက္တင္ဘာလ ၁၉ ရက္ေန႔က ေတြ႔ရစဥ္။ Photo: Myo Thant Khaing/ RFA
 အမ်ိဳးသား ဒီမိုကေရစီ အဖြ႔ဲခ်ဳပ္သာ အစိုးရဖဲြ႔နိုင္ခဲ့ရင္ အကတိကင္းစင္တဲ့ အစိုးရျဖစ္ရမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ က ကတိေပးေျပာၾကား လိုက္ပါတယ္။

ဒီကေန႔ မႏၱေလးတိုင္းေဒသႀကီး ရမည္းသင္းၿမိဳ႕က ေက်ာက္ျဖဴကုန္းကြင္းျပင္မွာျပဳလုပ္တဲ႔ ေရြးေကာက္ပြဲအသိ ပညာေပးေဟာေျပာပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ က ကတိေပးေျပာလိုက္တာျဖစ္ပါတယ္။

"အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က အစိုးရဖြဲ႔ရင္ အကတိကင္းစင္ေစရမယ္၊ က်မတို႔ အခုထဲက ကိုယ္စားလွယ္ေလာင္းေတြဟာ အဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းအျဖစ္ ေလွ်ာက္လႊာတင္တဲ့အခါမွာ မိမိတို႔ ပိုင္ဆိုင္မႈေတြကို က်မတို႔ကိုအသိေပးရတယ္၊ ေနာက္လက္မွတ္ထိုးၿပီးေတာ့ ဒီပိုင္ဆိုင္မႈေတြနဲ႔ ပတ္သက္လို႔ သံသယျဖစ္လာရင္ ေမးျမန္းတာ၊ စိစစ္တာကိုခံယူပါ့မယ္လို႔ ဝန္ခံခ်က္ထိုးခိုင္းပါတယ္"

ျမန္မာနုိင္ငံဟာ လြတ္လပ္ေရးရၿပီးတုန္းက ဒီမိုကေရစီအစိုးရရိွခဲ့ဖူးေၾကာင္း အဲ့ဒီအခ်ိန္က အစိုးရအဖဲြ႔ဝင္ေတြ အကတိလုိက္စားတယ္ဆိုတာ မၾကားဖူးေၾကာင္း လည္းထည့္သြင္းေျပာၾကားပါတယ္။

ျပည္သူေတြ အေနနဲ႔ နုိင္ငံေရးမွာ ပါဝင္ရမွာျဖစ္ေၾကာင္းနဲ႔ အဲ့ဒီလိုပါဝင္ဖို႔ဆိုတာဟာ ပထမဆံုးအေနနဲ႔ မိမိတို႕ရဲ႕အမည္ မဲစာရင္းမွာပါဖို႔အတြက္ ႀကိဳးစားရမယ္ လို႔လည္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

လာမယ့္ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီေပါင္း ၉ဝ ေက်ာ္ရွိၿပီး အင္မတန္မ်ားလြန္းတဲ့ အတြက္ စဥ္းစားၿပီးမဲေပးၾကဖို႔ကိုလည္း ေျပာၾကား ခဲ့သလို အန္အယ္လ္ဒီကို မဲေပးဖို႔ကိုလည္း တိုက္တြန္းေျပာၾကား ခဲ့ပါတယ္။

ဒီကေန႔ ရမည္းသင္းၿမိဳ႕က ေဟာေျပာပြဲကို ေဒသခံပရိသတ္ ၃ဝဝဝ ေက်ာ္ေလာက္ တက္ေရာက္တယ္လို႔ ခန္႔မွန္းၾက ပါတယ္။

RFA Burmese
http://www.rfa.org/burmese
........................................................................................

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့က ကျောက်ဖြူကုန်းကွင်းပြင် မှာပြုလုပ်တဲ့ ရွေးကောက်ပွဲအသိပညာပေးဟောပြောပွဲမှာ စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ Photo: Myo Thant Khaing/ RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သာ အစိုးရဖွဲ့နိုင်ခဲ့ရင် အကတိကင်းစင်တဲ့ အစိုးရဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ကတိပေးပြောကြား လိုက်ပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့က ကျောက်ဖြူကုန်းကွင်းပြင်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲအသိ ပညာပေးဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ကတိပေးပြောလိုက်တာဖြစ်ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အကတိကင်းစင်စေရမယ်၊ ကျမတို့ အခုထဲက ကိုယ်စားလှယ်လောင်းတွေဟာ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်တဲ့အခါမှာ မိမိတို့ ပိုင်ဆိုင်မှုတွေကို ကျမတို့ကိုအသိပေးရတယ်၊ နောက်လက်မှတ်ထိုးပြီးတော့ ဒီပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ သံသယဖြစ်လာရင် မေးမြန်းတာ၊ စိစစ်တာကိုခံယူပါ့မယ်လို့ ဝန်ခံချက်ထိုးခိုင်းပါတယ်"

မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးတုန်းက ဒီမိုကရေစီအစိုးရရှိခဲ့ဖူးကြောင်း အဲ့ဒီအချိန်က အစိုးရအဖွဲ့ဝင်တွေ အကတိလိုက်စားတယ်ဆိုတာ မကြားဖူးကြောင်း လည်းထည့်သွင်းပြောကြားပါတယ်။

ပြည်သူတွေ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ရမှာဖြစ်ကြောင်းနဲ့ အဲ့ဒီလိုပါဝင်ဖို့ဆိုတာဟာ ပထမဆုံးအနေနဲ့ မိမိတို့ရဲ့အမည် မဲစာရင်းမှာပါဖို့အတွက် ကြိုးစားရမယ် လို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီပေါင်း ၉ဝ ကျော်ရှိပြီး အင်မတန်များလွန်းတဲ့ အတွက် စဉ်းစားပြီးမဲပေးကြဖို့ကိုလည်း ပြောကြား ခဲ့သလို အန်အယ်လ်ဒီကို မဲပေးဖို့ကိုလည်း တိုက်တွန်းပြောကြား ခဲ့ပါတယ်။

ဒီကနေ့ ရမည်းသင်းမြို့က ဟောပြောပွဲကို ဒေသခံပရိသတ် ၃ဝဝဝ ကျော်လောက် တက်ရောက်တယ်လို့ ခန့်မှန်းကြ ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment