Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

ဆီးရီးယားထဲက ေနရာ၂ခုမွာ အပစ္ရပ္ဖို႔ သေဘာတူ

Zabadani ​မွာ ​ပိတ္​မိ ​ေန​ၾက​တဲ့ ​သူ​ပုန္ ​ေတြ ​ကို ​ထြက္​ခြာ ​သြား​ခြင့္ ​ေပး။ 
 ဆီးရီးယား ႏိုင္ငံထဲ က ေဒသ ၂ ခုမွာ သူပုန္ေတြ နဲ႔ အစိုးရကို လိုလားတဲ့ တပ္ဖြဲ႕ေတြ အၾကား ၆ လၾကာ အပစ္ရပ္ ထားဖို႔ သေဘာ တူညီမႈ တစ္ရပ္ ရရွိ လာတယ္ ဆိုၿပီး ဟစ္ဇ္ဘိုလာ ေခါင္းေဆာင္ Hassan Nasrallah က ေျပာပါတယ္။

ဒီ သေဘာတူ ညီမႈ အရ လက္ဘႏြန္ နဲ႔ နယ္စပ္ အနီး က ဆီးရီးယား ၿမိဳ႕ ျဖစ္တဲ့ Zabadani မွာ ပိတ္မိ ေနၾကတဲ့ သူပုန္ ေတြ ကို ထြက္ခြာ သြားခြင့္ ေပးမွာ ျဖစ္တယ္ လို႔ မစၥတာ နာဇရဲလား က ဆိုပါတယ္။

Zabadani ၿမိဳ႕ ကို ဟစ္ဘိုလာ အဖြဲ႕က ေက်ာေထာ ေနာက္ခံ ျပဳထားတဲ့ ဆီးရီးယား အစိုးရ တပ္ေတြ က ဝိုင္းရံ ပိတ္ဆို႔ ထားတာ ျဖစ္ပါတယ္။

အျပန္အလွန္ အေနနဲ႔ Idlib ျပည္နယ္ထဲ မွာ သူပုန္ေတြ က ပိတ္ဆို႔ ထားတဲ့ ရွီအာ မြတ္ဆလင္မ္ ေက်း႐ြာ ၂ ခု ကေန အရပ္သားေတြကို ကယ္ထုတ္ ဖယ္ရွား ခြင့္ ရရွိ လာမွာ ျဖစ္တယ္ လို႔လည္း ဆိုပါတယ္။

ကုလသမဂၢ ရဲ႕ ႀကီးၾကပ္မႈ နဲ႔ အတူ အီရန္ ႏိုင္ငံက ၾကားဝင္ ၫွိႏႈိင္း ေပးခဲ့ ရာက အခုလို သေဘာတူညီ မႈ ရရွိ ခဲ့တာ ျဖစ္တယ္ လို႔ မစၥတာ နာဇရဲလား က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
.....................................................................................................................................

 Zabadani ​မှာ ​ပိတ်​မိ ​နေ​ကြ​တဲ့ ​သူ​ပုန် ​တွေ ​ကို ​ထွက်​ခွာ ​သွား​ခွင့် ​ပေး။
 ဆီးရီးယား နိုင်ငံထဲ က ဒေသ ၂ ခုမှာ သူပုန်တွေ နဲ့ အစိုးရကို လိုလားတဲ့ တပ်ဖွဲ့တွေ အကြား ၆ လကြာ အပစ်ရပ် ထားဖို့ သဘော တူညီမှု တစ်ရပ် ရရှိ လာတယ် ဆိုပြီး ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah က ပြောပါတယ်။

ဒီ သဘောတူ ညီမှု အရ လက်ဘနွန် နဲ့ နယ်စပ် အနီး က ဆီးရီးယား မြို့ ဖြစ်တဲ့ Zabadani မှာ ပိတ်မိ နေကြတဲ့ သူပုန် တွေ ကို ထွက်ခွာ သွားခွင့် ပေးမှာ ဖြစ်တယ် လို့ မစ္စတာ နာဇရဲလား က ဆိုပါတယ်။

Zabadani မြို့ ကို ဟစ်ဘိုလာ အဖွဲ့က ကျောထော နောက်ခံ ပြုထားတဲ့ ဆီးရီးယား အစိုးရ တပ်တွေ က ဝိုင်းရံ ပိတ်ဆို့ ထားတာ ဖြစ်ပါတယ်။

အပြန်အလှန် အနေနဲ့ Idlib ပြည်နယ်ထဲ မှာ သူပုန်တွေ က ပိတ်ဆို့ ထားတဲ့ ရှီအာ မွတ်ဆလင်မ် ကျေးရွာ ၂ ခု ကနေ အရပ်သားတွေကို ကယ်ထုတ် ဖယ်ရှား ခွင့် ရရှိ လာမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ ကြီးကြပ်မှု နဲ့ အတူ အီရန် နိုင်ငံက ကြားဝင် ညှိနှိုင်း ပေးခဲ့ ရာက အခုလို သဘောတူညီ မှု ရရှိ ခဲ့တာ ဖြစ်တယ် လို့ မစ္စတာ နာဇရဲလား က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment