Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာန က စံချိန်တင် ကာကွယ်ရေးအသုံးစရိတ် တောင်းဆို

Japan plans largest ever defence budget to counter China's reach

တိုကျို ၊ ၁-၉-၂၀၁၅

ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန သည် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်ကို သြဂုတ် ၃၁ ရက်တွင် တောင်းခံ လိုက်ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် တောင်းခံခြင်းသည် တရုတ်နိုင်ငံက ၄င်း၏ ရေတပ် အင်အားကို တိုးမြှင့်မှုများ လုပ်ဆောင် နေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာန က တောင်းဆိုသော ၂ဝ၁၆ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ် သည် ယန်း ၅ ဒသမ ဝ၉ ထရီလီယံ (အမေရိကန် ဒေါ်လာ ၄၂ ဘီလီယံ) ဖြစ်ပြီး ဂျပန်နိုင်ငံ တောင်ပိုင်းရှိ ကျွန်းစုများ ကာကွယ်ရေး အတွက် အလေးထား လုပ်ဆောင် သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ အသုံးစရိတ် အား ခွင့်ပြုပေး ပါက ဂျပန်နိုင်ငံသည် လေးနှစ်ဆက်တိုက် ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲ လာသည့် နိုင်ငံဖြစ်ပြီး ယခု တောင်းဆိုသည့် ပမာဏသည် ၂ဝ၁၅ ခုနှစ် ကာကွယ်ရေး အသုံးစရိတ် ထက် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့် ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်မြေ ပိုင်ဆိုင်မှု အငြင်းပွားလျက် ရှိပြီး တရုတ်၏ စစ်အင်အား တိုးမြှင့်ပြင်ဆင်မှု အပေါ် လိုက်၍ နိုင်ငံ၏ ကာကွယ်ရေး တပ်ဖွဲ့ကို အဆင့်မြှင့်တင် မှုများ ပြုလုပ်သွား ရမည်ဟု ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က ပြောကြား ထားကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment