Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

သပိတ်မှောက် ဘတ်စ်ကားများ၏ တောင်းဆိုမှု လိုက်လျောမည်မဟုတ်

Byမိုးညိုဖိုးတုတ်
ဒဏ်ကြေးများတိုးမြှင့် လိုက်ခြင်းကြောင့် ခရီးသည်တင် ယာဉ်များ မပြေးဆွဲဘဲ ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်များ သပိတ်မှောက်ကာ တောင်းဆိုနေ မှုကို လိုက်လျောပေးမည်မဟုတ် ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေဖြင့်သာ ပြေးဆွဲရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် မထသ တာ ဝန်ရှိသူများက သတိပေးပြော ကြားသည်။

‘‘ဥပဒေက ထွက်လာပြီ။ သူ တို့မှာ လမ်းပေါ်တက်မောင်းဖို့ တောင် လိုင်စင်မရှိလို့ တချို့ကား တွေ မထွက်ရဲကြတာ။ လမ်းပေါ် ထွက်လိုက်တာနဲ့ သူတို့ဖမ်းခံရ တော့မှာ။ ဒါကြောင့် သူတို့မ မောင်းရဲတာ။ ဒါကို ဆန္ဒပြတယ် ဆိုပြီး လျှောက်ပြောတာ’’ဟု ရန် ကုန်တိုင်းဒေသကြီးအစိုးရ လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က 7Day Daily အား ပြောသည်။ ခရီးသည်တင်ယာဉ်အချို့ဂိတ်မှမထွက်ဘဲ သပိတ်မှောက်သည့်လေးရက်မြောက်နေ့တွင် ယ ခင်နေ့ကထက် လျော့နည်းသွားပြီး စက်တင်ဘာ ၁၈ ရက်တွင် အစီးရေ ၅၀၀ ကျော်က ယာဉ်လိုင်းမထွက်ဘဲ သပိတ်မှောက်ကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးယာဉ်ထိန်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၈ ရက်က ပြ ဋ္ဌာန်းလိုက်သည့် မော်တော်ယာဉ် ဥပဒေသည် နည်းဥပဒေမထွက်ရှိ သေးမီ ရန်ကုန်မြို့၌ စတင် အသက်ဝင်အရေးယူဖမ်းဆီးမှုပြု လုပ်ရခြင်းမှာ စည်းကမ်းပိုင်း ဖောက်ဖျက်မှုများပြားနေသည့် ဘတ်စ်ကားများကို အရေးယူလို ခြင်းကြောင့်သာဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်မှ မရှိကြောင်း ဦး အောင်ခင်က ဆိုသည်။

ဥပဒေအများစုမှာ ပြဋ္ဌာန်းပြီးပါက ရက်ပေါင်း ၉၀ အတွင်း နည်းဥပဒေထွက်ရှိမှ အသက်ဝင် သော်လည်း နိုင်ငံအတွက် အ ရေးပေါ်လိုအပ်သည့်ဖြစ်စဉ်များ တွင် တရားဥပဒေစိုးမိုးရေးအ တွက် လိုအပ်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ကျင့်သုံးခွင့်ရှိကြောင်း တရားလွှတ် တော်ရှေ့နေ ဦးအောင်မြင့်က ရှင်းပြသည်။

‘‘ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းမှာကျတော့ ဖမ်းတာ ဆီးတာကို အမိန့်တစ်ခုအနေနဲ့ ထုတ်ပြန်လို့ရတယ်။ ဒါပေမဲ့ အဲဒီဥပဒေအသစ်နဲ့ ဖမ်းလိုက်တာတွေကို တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆိုင်တယ်။ ဘယ်ဥပဒေမဆို နည်းဥပဒေမထွက်မချင်း တရားခံက ရှေ့နေကနေတစ်ဆင့် လျှောက်လဲချက်ပေးလို့ရတယ်’’ဟု ၎င်းက ရှင်းပြသည်။

ယခုရက်ပိုင်းအတွင်း ခရီး သည်တင်ယာဉ်များက ယာဉ်လိုင်းမထွက်ဘဲ သပိတ်မှောက်နေခြင်းဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မထသတို့ ပူးပေါင်းပြီး ညှိနှိုင်းဖြေရှင်းမှုအချို့ပြုလုပ်နေကာ လတ်တလော အဆင်ပြေစေရန် မထသ လက်အောက်တွင်ရှိသော ကားအချို့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အချို့က ကူညီရန် ကမ်းလှမ်းထားသည့် ကားများဖြင့် အစားထိုး ပြေးဆွဲရန် စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော် မတီဥက္ကဋ္ဌ ဦးလှအောင်က ပြော သည်။

‘‘(ဃ)လိုင်စင် ကားတွေ လည်းရှိတယ်။ အရန်စုဖွဲ့မှုအနေ နဲ့ ကားတွေတချို့ရှိတယ်။ ဒါတွေကို မထသက စီစဉ်နေတယ်။ ခရီးသွား ပြည်သူတွေ အဆင်ပြေ အောင်လို့’’ ဟု ဦးလှအောင်က ဆိုသည်။

ထို့ပြင် ယာဉ်လိုင်းမထွက်ရန် လိုက်လံတားမြစ် လှုံ့ဆော်နေသူ များအား ရဲတပ်ဖွဲ့၊ မထသ၊ ပြည် သူများစုဖွဲ့ပြီး ခရိုင်တစ်ခုလျှင် ၁၅ ဦးစီဖြင့် အနီးကပ်စောင့်ကြပ်စစ်ဆေးရေးကိစ္စနှင့် ယာဉ်လမ်း ကြောင်းများ ချောမွေ့စေရန် ယာဉ်ထိန်းတပ်ဖွဲ့ကပါ ကူညီဆောင် ရွက်ပေးနေကြောင်း ဦးလှအောင် က ဆိုသည်။

ပြင်ပတွင် ပြောဆိုနေသည့် အတိုင်း ယခင်ဥပဒေဖြင့် အရေး ယူသွားမည်ဆိုခြင်းမှာ မဟုတ်မှန် ဘဲ စက်တင်ဘာ ၈ ရက်တွင် စတင်ပြဋ္ဌာန်းလိုက်သော မော်တော် ယာဉ်ဥပဒေအသစ် အတိုင်းသာ စတင်ဖမ်းဆီး အရေးယူမှုများပြု လုပ်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အမှတ်(၂)ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

‘‘ဒဏ်ငွေချမှတ်တဲ့အပိုင်းက တော့ တရားသူကြီးဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ကတော့ သတ်မှတ် စည်းကမ်းနဲ့ မညီညွတ်တဲ့ ကား တွေကိုပဲ ဖမ်းမှာပါ’’ဟု ၎င်းက ဆို သည်။ လတ်တလောတွင် ဥပဒေ အသစ်ဖြင့် စည်းကမ်းမဲ့မောင်းနှင် နေသည့်ယာဉ်များကို စတင်ဖမ်း ဆီးနေပြီဖြစ်သော်လည်း သေး ငယ်သည့်အမှု အနည်းငယ်သာ ရှိသေးပြီး အရေးယူထားသည့်အ ရေအတွက်ကို ရန်ကုန်တိုင်းဒေ သကြီးယာဉ်ထိန်းတပ်ဖွဲ့က ထုတ် ပြန်ပြောကြားသွားခြင်းမရှိပေ။

ရန်ကုန်မြို့တွင် ဘတ်စ်ကား လိုင်းပေါင်း ၃၀၀ ကျော်ရှိပြီး ဘတ်စ်ကားအစီးရေ ၆,၀၀၀ ကျော်ရှိကြောင်း မထသစာရင်း များတွင် ဖော်ပြထားသည်။ ပုံမှန် ရက်များတွင် အဆိုပါအစီးရေ ၆,၀၀၀ ကျော်မှ ၃,၅၀၀ ကျော်သာ ပြေးဆွဲလေ့ရှိသည်။

ခရီးသည်တင် ဘတ်စ်ကား လိုင်းပိုင်ရှင်အများစုက ကားအ ချို့ ပြန်လည်မောင်းနှင်နေပြီဖြစ် ပြီး မီနီဘတ်စ်ယာဉ်လိုင်းအချို့မှ ကားအနည်းငယ်သာ လိုင်းမထွက် ဘဲ သပိတ်မှောက်နေခြင်း ကျန် ရှိတော့ကြောင်း (၁၅၇)ယာဉ် လိုင်းမှ ယာဉ်မောင်း ကိုကတုံး လေးက ပြောသည်။

‘‘ကားကြီးတွေ ဒီနေ့ တော် တော်ပြန်ထွက်တယ်။ မီနီဘတ်စ် တွေထဲကတော့ တော်တော်ကျန် သေးတယ်’’ဟု ၎င်းက ဆိုသည်။

ပြင်ပတွင် ယာဉ်လိုင်းမထွက်သည့်ကားများကို ရာသက်ပန်ပြေး ဆွဲခွင့်ပိတ်ခြင်း၊ အခြားအရေးယူ မှုများပြုလုပ်ခြင်းများဆောင်ရွက် မည်ဟု သတင်းများ ထွက်ပေါ်နေ ခြင်းကြောင့် ယာဉ်လိုင်းအချို့က လေးရက်မြောက်နေ့တွင် ပြန် လည်ပြေးဆွဲကြခြင်းဖြစ်သည်ဟု (၂၂၆)ယာဉ်လိုင်းမှ ကားပိုင်ရှင် ဦးမြတ်လေးက ဆိုသည်။

ထို့ကြောင့် ရပ်နားလိုက် သည့်ယာဉ်လိုင်းများကို အမှန် တကယ်အရေးယူရန် အစီအစဉ် ရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မထသအား မေး မြန်းရာတွင် တိကျစွာ ဖြေကြား ပေးခြင်းမရှိပေ။

‘‘လူတစ်စုက လိုက်ဖွနေလို့ ဒီပြဿနာဖြစ်နေတာ။ ဒီနေ့ ကျွန်တော်တို့ လိုင်းထဲက ကားတွေ တော်တော်များများ ပြန်ဆွဲပါပြီ’’ ဟု (၂၂၆)ယာဉ်လိုင်းမှ ကားပိုင်ရှင်ကပင် ဆိုသည်။

စက်တင်ဘာ ၁၈ ရက်တွင် ယာဉ်အများစုပြန်လည်ထွက်ခွာ မောင်းနှင်နေပြီဖြစ်သော်လည်း ယခင်ကကဲ့သို့ မှတ်တိုင်ကျော်ရပ် ခြင်း၊ စည်းကမ်းမဲ့မောင်းနှင်ခြင်း၊ ခရီးသည်များအပေါ် မချေမငံ ဆက်ဆံခြင်းများက ယခင်ကအ တိုင်းသာရှိနေဆဲဖြစ်ကြောင်း GeoLive အနုပညာကျောင်းမှ ဝန်ထမ်းမလှမြတ်မိုးက ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖြစ် ပွားလာသည့်ဖြစ်စဉ်မှာရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်တွင် ကားများမှာ တစ်ဦးချင်းစီအလိုက် ယာဉ်ပိုင်ရှင်များလက်ထဲတွင် ရှိနေခြင်းကြောင့်ဖြစ်ပြီးရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်များပြေးဆွဲခွင့်ကို အများပြည်သူလက်ထဲသို့ ပြောင်းလဲပေးရန် လိုအပ်နေသည်မှာ သက်သေပြလိုက်ခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
http://www.7daydaily.com/story/46693

No comments:

Post a Comment