Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

ဘာတိုကို အနိုင်ထိုးပြီးနောက် မေ၀ယ်သာ အနားယူ


Daily Mail
လာ့စ်ဗီးဂတ်စ်−တစ်နိုင်ငံတည်းသားလက်ဝှေ့သမား အန်ဒရေး ဘာတိုကို ဒိုင်လူကြီး သုံးဦးလုံး၏ တညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် အနိုင်ယူပြီးနောက် အမေရိကန်လက်ဝှေ့ကျော် ဖလွိုက်မေ၀ယ်သာသည် လက်ဝှေ့သမား ဘ၀တစ်လျှောက် ရှုံးပွဲမရှိ (၄၉-၀) ဖြင့် ကြီးကျယ်ခမ်းနားသော လက်ဝှေ့သမားစာရင်းဝင်သွားသည်။
မေ၀ယ်သာ (၃၈) နှစ်က ၎င်းထက်ငယ်သော ပြိုင်ဘက်ကို အသာစီးဖြင့် ထိုးသတ်ကာ ၁၂ ချီ အပြီးတွင် WBC နှင့် WBA ၀ယ်လ်တာဝိတ် ချန်ပီယံဆုများ ဆက်လက်ထိန်းသိမ်းသွားသည်။
မေ၀ယ်သာ၏(၄၉-၀)စံချိန် သည် ဟဲဗီးဝိတ်ချန်ပီယံဟောင်း ရော့ကီးမာစီယာနိုနှင့် စံချိန်တူဖြစ်သည်။
MGM Grand Garden တွင် ထိုးသတ်သည့် ပွဲ၌ ၀ိတ်တန်း ငါးတန်းကမ္ဘာ့ချန်ပီယံ မေ၀ယ် သာက လျင်မြန်သော ထောက် လက်သီးများ၊ နေရာယူတတ်မှု၊ ဖျတ်လတ်သော လှုပ်ရှားမှုများဖြင့် လွှမ်းမိုးခဲ့ပြီး ဒိုင်လူကြီး သုံးဦးလုံးက ၎င်းအား အမှတ်ပိုပေးခဲ့ကြသည်။
အနိုင်၊ အရှုံး (၃၀-၄) မှတ် တမ်းဖြင့် ဘာတိုသည် နောက်ဆုံး ခုနစ်ပွဲတွင် လေးပွဲမြောက် ရှုံးနိမ့် သွားခြင်းဖြစ်သည်။
‘‘ဘာတိုဟာ ဇွဲရှိတယ်။ မေး ကြောလည်း မာတယ်။ လဲသွား မှာလည်း မဟုတ်ဘူး’’ ဟု မေ၀ယ် သာက တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။
‘‘ဒါဟာ ပွဲကောင်းပါ။ သူ ဟာခက်ခဲတဲ့ ပြိုင်ဘက်ဆိုတာ ကျွန်တော်သိတယ်။ ဒီညပွဲမှာ အ တွေ့အကြုံက စကားပြောသွား တယ်။ ဘာပြောရမလဲ။ ကျွန် တော်ဟာ ဒီည သူ့ထက် ပိုကောင်း ခဲ့တယ်’’ ဟု မေ၀ယ်သာက ဘာ တိုနှင့် ပွဲအကြောင်းပြောသည်။
ပွဲ ၅၀ ပြည့်အောင် ယှဉ်ပြိုင်ဦးမလားဟု မေးမြန်းရာတွင် မေ ၀ယ်သာက ‘‘လက်ဝှေ့သမားဘ၀ ပြီးဆုံးသွားပါပြီ။ တရားဝင်ပြော တာပါ။ ငွေကြေးလည်း ဖူလုံနေ ပြီး ကျန်းမာရေးလည်း ကောင်း ပါတယ်’’ ဟု ပြောသည်။
လက်ဝှေ့နှင့် ပတ်သက်၍ မရှိတော့ဟု လက်ဝှေ့သမိုင်းတွင် ခံစစ်အကောင်းဆုံး ကစားတတ် သော လက်ဝှေ့ကျော်က ပြော သည်။     —Ref: Reuters
http://www.7daydaily.com/story/46375

No comments:

Post a Comment