Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

ျမန္မာနယ္စပ္တည္ၿငိမ္ေရး တရုတ္တိုက္တြန္း

တရုတ္ကာကြယ္ေရး၀န္ႀကီး Chang Wanquan 
 ႏုိ၀င္ဘာလမွာ ေရြးေကာက္ပြဲ က်င္းပဖို႔ ျပင္ဆင္ေနတဲ႔ ျမန္မာ အေနနဲ႔ ႏွစ္ႏုိင္ငံ နယ္စပ္ တည္ၿငိမ္ေရးကို ထိန္းသိမ္းဖို႔ တရုတ္ ကာကြယ္ေရး ၀န္ႀကီးက တိုက္တြန္းလုိက္ပါတယ္။ စစ္ဘက္ေရးရာ ေဆြးေႏြးဖို႔ ေဘဂ်င္းၿမိဳ႕ေတာ္ကို တနလာၤေန႔က ေရာက္ရွိလာတဲ႔ျမန္မာ့ တပ္မေတာ္ရဲ႕ ဒုတိယ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းကို တရုတ္ကာကြယ္ေရး၀န္ႀကီး Chang Wanquan က ႏွစ္ႏုိင္ငံ နယ္စပ္တည္ၿငိမ္ေရးကို ပူးေပါင္းထိန္းသိမ္းထားဖို႔ ေျပာဆိုခဲ႔တာလို႔ တရုတ္ ကာကြယ္ေရး ၀န္ႀကီးဌာနက ဒီကေန႔မွာ ေျပာဆိုပါတယ္။

ျမန္မာႏုိင္ငံ အေနနဲ႔ ျပည္တြင္း ႏုိင္ငံေရးျမွင့္တင္ ေဆာင္ရြက္ခ်က္ေတြ၊ အမ်ိဳးသား ျပန္လည္ရင္ၾကားေစ႔ေရးနဲ႔ ႏို၀င္ဘာ ေရြးေကာက္ပြဲတို႔ကိုစီစဥ္ ထားတဲ႔ အတိုင္း ေအာင္ေအာင္ျမင္ျမင္ က်င္းပေရးတို႔ကို တရုတ္တို႔က ေထာက္ခံတဲ႔ အေၾကာင္း တရုတ္ ကာကြယ္ေရး ၀န္ႀကီက ေျပာၾကားခဲ႔တာပါ။ ဒီႏွစ္အေစာပိုင္း တရုတ္ နယ္စပ္ ကိုးကန္႔ ေဒသမွာ ျဖစ္ပြားခဲ႔တဲ႔ ျမန္မာ့ ျပည္တြင္းစစ္ေၾကာင့္ တရုတ္ျပည္သူတခ်ိဳ႕တို႔ အသက္အိုးအိမ္ စည္းစိမ္ ထိခိုက္ခဲ႔ရၿပီးေနာက္မွာေတာ့ တရုတ္အစိုးရက နယ္စပ္တည္ၿငိမ္ေရးကို ထိန္းသိမ္းဖို႔ ျမန္မာအစိုးရကို အႀကိမ္ႀကိမ္ သတိေပးခဲ႔တာလည္း ျဖစ္ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ အာဏာရ တရုတ္ ကြန္ျမဴနစ္ပါတီရဲ႕ အတြင္းေရးမွဴး အျဖစ္နဲ႔ တရုတ္ သမၼတ ရွိက်င္ပင္က ျမန္မာ့ အတုိက္အခံ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို တရုတ္ႏုိင္ငံကို ဖိတ္ေခၚေတြ႔ဆံုခဲ႔ပါတယ္။

ျမန္မာ့ျပည္တြင္း ႏုိင္ငံေရး ဘယ္လုိဘဲ ေျပာင္းလဲသြားပါေစ ျမန္မာႏုိင္ငံ အေနနဲ႔ တရုတ္နဲ႔ ဆက္ဆံေရးကိုေတာ့ အျပဳသေဘာေဆာင္ၿပီး ေရရွည္တည္တံ႔တဲ႔ ဆက္ဆံေရးကို ထိန္းသိမ္းသြားဖို႔ တရုတ္တို႔ဘက္က ေမွ်ာ္လင့္ပါေၾကာင္း တရုတ္ သမၼတ ရွိက်င္းပင္က ျမန္မာ႔ အတုိက္အခံ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

ဗီြအိုေအ (ျမန္မာပိုင္း)
http://burmese.voanews.com
......................................

တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan
 နို၀င်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာ အနေနဲ့ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တရုတ် ကာကွယ်ရေး ၀န်ကြီးက တိုက်တွန်းလိုက်ပါတယ်။ စစ်ဘက်ရေးရာ ဆွေးနွေးဖို့ ဘေဂျင်းမြို့တော်ကို တနလာင်္နေ့က ရောက်ရှိလာတဲ့မြန်မာ့ တပ်မတော်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တရုတ်ကာကွယ်ရေးဝန်ကြီး Chang Wanquan က နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးကို ပူးပေါင်းထိန်းသိမ်းထားဖို့ ပြောဆိုခဲ့တာလို့ တရုတ် ကာကွယ်ရေး ၀န်ကြီးဌာနက ဒီကနေ့မှာ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ ပြည်တွင်း နိုင်ငံရေးမြှင့်တင် ဆောင်ရွက်ချက်တွေ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ နိုဝင်ဘာ ရွေးကောက်ပွဲတို့ကိုစီစဉ် ထားတဲ့ အတိုင်း အောင်အောင်မြင်မြင် ကျင်းပရေးတို့ကို တရုတ်တို့က ထောက်ခံတဲ့ အကြောင်း တရုတ် ကာကွယ်ရေး ၀န်ကြီက ပြောကြားခဲ့တာပါ။ ဒီနှစ်အစောပိုင်း တရုတ် နယ်စပ် ကိုးကန့် ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာ့ ပြည်တွင်းစစ်ကြောင့် တရုတ်ပြည်သူတချို့တို့ အသက်အိုးအိမ် စည်းစိမ် ထိခိုက်ခဲ့ရပြီးနောက်မှာတော့ တရုတ်အစိုးရက နယ်စပ်တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ မြန်မာအစိုးရကို အကြိမ်ကြိမ် သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အာဏာရ တရုတ် ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူး အဖြစ်နဲ့ တရုတ် သမ္မတ ရှိကျင်ပင်က မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ပြည်တွင်း နိုင်ငံရေး ဘယ်လိုဘဲ ပြောင်းလဲသွားပါစေ မြန်မာနိုင်ငံ အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးကိုတော့ အပြုသဘောဆောင်ပြီး ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းသွားဖို့ တရုတ်တို့ဘက်က မျှော်လင့်ပါကြောင်း တရုတ် သမ္မတ ရှိကျင်းပင်က မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment