Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

လူမႈသတင္းမီဒီယာမ်ားကို ႀကိဳဆိုအားေပးလိုက္သည့္ မိုဒီ


 နယူးေယာက္ စက္တင္ဘာ ၂၈

 အိႏိၵယႏုိင္ငံဝန္ႀကီးခ်ဳပ္ နရိႁႏၵာမိုဒီသည္ အေမရိကန္ႏိုင္ငံ ကာလီဖိုးနီးယားျပည္နယ္ရွိ ေဖ့စ္ဘြတ္ခ္ဌာနခ်ဳပ္သို႔ အလည္အပတ္ေရာက္ရွိခဲ့စဥ္က လူမႈသတင္းမီဒီယာမ်ား၏ ထိေရာက္သည့္ အက်ဳိးသက္ေရာက္မႈစြမ္းအားမ်ားကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့သည္။

''ဒီကေန႔ လူမႈသတင္းမီဒီယာမ်ားရဲ႕ စြမ္းအားဟာ အစိုးရေတြရဲ႕ မွားယြင္းစြာလုပ္ကိုင္ေဆာင္ရြက္ေနတာ ေတြကို ေထာက္ျပေျပာဆိုႏိုင္သလို ဦးတည္ခ်က္မွားယြင္းေနတဲ့လုပ္ရပ္ေတြကိုလည္း ရပ္တန္႔သြားေအာင္ စြမ္းေဆာင္ ႏိုင္ပါတယ္'' ဟု မိုဒီက စက္တင္ဘာ ၂၈ ရက္တြင္ ေျပာၾကားသည္။

''ကြၽန္ေတာ္တို႔ ေရြးေကာက္ပြဲေတြကို ငါးႏွစ္ တစ္ႀကိမ္လုပ္ၾကပါတယ္။ အခုဆိုရင္ ငါးမိနစ္တစ္ႀကိမ္လည္း လုပ္ႏိုင္ပါတယ္'' ဟု နည္းပညာအေၾကာင္း နားလည္သေဘာေပါက္ေနသည့္ မိုဒီက ေျပာၾကားသည္။

အသက္ (၆၅)ႏွစ္ရွိ မိုဒီသည္ ေဖ့စ္ဘြတ္ခ္ႏွင့္ တြစ္တာ လူမႈသတင္းမီဒီယာစာမ်က္ႏွာမ်ားကို ပံုမွန္သံုးစြဲၿပီး ၎၏ အြန္းလိုင္းမိတ္ေဆြသန္းေပါင္းမ်ားစြာႏွင့္ ဆက္ဆံေနသူျဖစ္သည္။

မိုဒီသည္ အိႏၵိယေက်းရြာေထာင္ေပါင္းမ်ားစြာတြင္ အင္တာနက္ခ်ိတ္ဆက္သံုးစြဲႏိုင္ရန္ႏွင့္ နည္းပညာရင္းႏွီး ျမႇဳပ္ႏွံမႈတိုးတက္ရန္ တစ္ခါတစ္ရံ ¤င္း၏ 'ဒစ္ဂ်စ္တယ္အိႏၵိယ' လႈပ္ရွားမႈကို အားေပးျမႇင့္တင္ေလ့ရွိသည္။

ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
...................................

 နယူးယောက် စက်တင်ဘာ ၂၈

 အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရိန္ဒြာမိုဒီသည် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်ရှိ ဖေ့စ်ဘွတ်ခ်ဌာနချုပ်သို့ အလည်အပတ်ရောက်ရှိခဲ့စဉ်က လူမှုသတင်းမီဒီယာများ၏ ထိရောက်သည့် အကျိုးသက်ရောက်မှုစွမ်းအားများကို ချီးကျူးဂုဏ်ပြုခဲ့သည်။

''ဒီကနေ့ လူမှုသတင်းမီဒီယာများရဲ့ စွမ်းအားဟာ အစိုးရတွေရဲ့ မှားယွင်းစွာလုပ်ကိုင်ဆောင်ရွက်နေတာ တွေကို ထောက်ပြပြောဆိုနိုင်သလို ဦးတည်ချက်မှားယွင်းနေတဲ့လုပ်ရပ်တွေကိုလည်း ရပ်တန့်သွားအောင် စွမ်းဆောင် နိုင်ပါတယ်'' ဟု မိုဒီက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားသည်။

''ကျွန်တော်တို့ ရွေးကောက်ပွဲတွေကို ငါးနှစ် တစ်ကြိမ်လုပ်ကြပါတယ်။ အခုဆိုရင် ငါးမိနစ်တစ်ကြိမ်လည်း လုပ်နိုင်ပါတယ်'' ဟု နည်းပညာအကြောင်း နားလည်သဘောပေါက်နေသည့် မိုဒီက ပြောကြားသည်။

အသက် (၆၅)နှစ်ရှိ မိုဒီသည် ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာ လူမှုသတင်းမီဒီယာစာမျက်နှာများကို ပုံမှန်သုံးစွဲပြီး ၎င်း၏ အွန်းလိုင်းမိတ်ဆွေသန်းပေါင်းများစွာနှင့် ဆက်ဆံနေသူဖြစ်သည်။

မိုဒီသည် အိန္ဒိယကျေးရွာထောင်ပေါင်းများစွာတွင် အင်တာနက်ချိတ်ဆက်သုံးစွဲနိုင်ရန်နှင့် နည်းပညာရင်းနှီး မြှုပ်နှံမှုတိုးတက်ရန် တစ်ခါတစ်ရံ ¤င်း၏ 'ဒစ်ဂျစ်တယ်အိန္ဒိယ' လှုပ်ရှားမှုကို အားပေးမြှင့်တင်လေ့ရှိသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment