Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

မွားေနလုိ႔ မွားတယ္လုိ႔ ေျပာပါရေစ






By သီတဂူ အရွင္ဇဋိလ က၀
...............................................................
စာမေရးတာ ၾကာပါပီ ဖုန္းနဲ႔မုိ႔ မေရးခ်င္တာရယ္ စာအရွည္ၾကီးေတြကုိ ဆုိရင္ ေဖ႔စ္ဘြတ္မွာ လူေတြ မဖတ္ေတာ႔တာရယ္ေၾကာင္႔ ေရးခ်င္စိတ္ေတြကုိ မ်ဳိသိပ္ခဲ႔ရတယ္။ အခု ဒီစာက စေတးတပ္ေလးနဲ႔တင္ မလုံေလာက္ေတာ႔လုိ႔ ေရးလုိက္ရတာပါ ။ ျမန္မာလူမ်ဳိး အမ်ားစုဟာ လိမ္လုိ႔ သိပ္လြယ္တာ လုိ႔ ငယ္ဆရာေျပာဖူးတယ္ ။ သိပ္မွန္တဲ႔ စကားပဲ ၊ လိမ္တဲ႔ သူက နည္းျပီး အလိမ္ခံခ်င္သူက မ်ားေနတယ္ ပီပီျပင္ျပင္မ်ား လိမ္တတ္လုိ႔ကေတာ႔ လာခဲ႔စမ္းပါ ျမန္မာျပည္ ထမင္းမငတ္ေစရပါဘူး ။
မန္းတေလးေတာင္ေပၚက ေျခရာၾကီးက က်န္စစ္သား ေျခရာၾကီးပါလုိ႔ ေျပာလည္း ယုံတာပဲ ၊ ေတာင္ျပဳံးပြဲကုိ သြားတဲ႔လူေပါင္း တစ္ႏွစ္ကုိ ႏွစ္သန္းေက်ာ္တယ္ ။ နတ္ကုိ ယုံတာကုိး။ တစ္ကယ္ေတာ႔ လူရုိက္ခံထိလုိ႔ ေသတဲ႔ နတ္က ဘာမွ လုပ္မေပးနုိင္ပါဘူး။ အခု စစ္ကုိင္းမွာ ေျမြတစ္ေကာင္က ဧရာ၀တီ ျမစ္ေရနဲ႔ ေရာပီးပါလာတယ္ ၊ တံငါသည္ေတြက ေတြ႔ေတာ႔ ရုိက္သတ္လုိက္တယ္ ၊ ဒါကုိ လုပ္စားခ်င္တဲ႔ လူေတြက ၀င္ပူးျပီးေတာ႔ ဒီေျမြက ဘုရား လာဖူးတဲ႔ ေျမြ - အခါတုိင္းဆုိ လူေယာင္ဖန္ဆင္းျပီး လာတာ အခုမွ ေျမြေယာင္ဖန္ဆင္းျပီး လာေတာ႔ လူအရုိက္ခံထိတာ (ျဖစ္မွျဖစ္ရေလ ေျမြကလည္း ေျမြေယာင္ဖန္ဆင္း ေသးတယ္) သူ႔ေနာက္က အစ္ကုိေတာ္ လုိက္လာတယ္ စသည္ျဖင္႔ ခ်ဲ႕ရင္း ကားရင္ ေျပာလုိက္ေတာ႔ လူေတြက က်က္ပ်ံမက် စည္းကားျပီး လုပ္စားသူမ်ားလည္း အလွဴေငြမ်ား အေတာ္ေလး ရသြားတယ္ ၊ ေသေနတဲ႔ ေျမြကုိေတာ႔ (၇) ရက္ထားျပီး မီးရႈိ႕မလုိ႔ လုပ္ၾကေသးတယ္ ၊ ဆက္လက္ လုပ္စားအံ႕ေသာငွာ အခုေတာ႔ မီးမရႈိ႕ပဲ မပုတ္တဲ႔ေဆး ထုိးလုိက္ပါပီ ၊ ေနာက္တစ္ခု ခရမ္းျမိဳ႕နယ္ ဘက္မွာ သီလရွင္က ေပ်ာက္ေစဆုိျပီး ေဆးကုစားတာ ဦးဇင္းတုိ႔ရြာက လူေတြ ပုိလီယုိေရာ ကင္ဆာေရာ ေျခေထာက္က်ဳိးတာေရာ သြားကုၾကတယ္ သူတုိ႔ ျပန္လာေတာ႔ တစ္ဗူးကုိ တစ္ေထာင္ႏႈန္းနဲ႔ ေရသန္႔ဗူးေတြ ၀ယ္လာလုိက္ၾကတာ မနည္းပဲ ၊ အခုေတာ႔ ပုိလီယုိက ပုိလီယုိ ျဖစ္ျပီး ကင္ဆာက ကင္ဆာ ျဖစ္ေနတုန္းပါပဲ - အဲ သီလရွင္က ေျပာလုိက္ေသးတယ္ ေရက သူဆီက ၀ယ္သြားတဲ႔ ေရမွ စြမ္းတာပါ ေရကုိ ပြားယူလုိ႔ မရပါ တဲ႔ ။ေနာက္ သိရတာေတာ႔ သီလရွင္ရဲ႕ ေနာက္က ေရသန္႔ကားနဲ႔ လုိက္ေနတဲ႔ စီးပြားေရးသမားက သီလရွင္ အမ ေရသန္႔ထုတ္တဲ႔ စက္ရုံပုိင္ရွင္ ျဖစ္ေနတယ္ ၊
ေနာက္ ဦးဇင္းတုိ႔ ရြာဘက္ကုိ ပရိတ္ေရဆူ ဆရာေတာ္ဆုိျပီး တရာလာေဟာတာ ေခတ္စားေသးတယ္ ၊ လူေတြကေတာ႔ သိတဲ႔အတုိင္းပဲ ၾကိတ္ၾကိတ္တုိး ၊ ေရဆူ မဆူေတာ႔ မသိပါဘူး ။ ဘုန္းၾကီးကုိေတာ႔ ညေန တရားေဟာခါနီး ပုဇြန္ထုတ္ မီးဖုတ္ေတြ စားေနတာ ေတြ႔ခဲ႔ရတယ္ ၊ အဲဒီ ဘုန္းၾကီးကုိ ပင္႔တဲ႔ ဒကာ ကုိယ္တုိင္က ပုဇြန္ထုတ္ မီးဖုတ္ကပ္ေနတာ ဆုိေတာ႔လည္း ေမာင္ဇဋိတုိ႔ ဘာမွ ေျပာလုိ႔ မရခဲ႔႔ပါ ။ ေနာက္ေတာ႔ အဲဒီ ဆရာေတာ္ကုိ မာတုဂါမနဲ႔ ပက္သက္ျပီး ဦးခင္ညြန္႔က ဖမ္းလုိက္ေတာ႔ ပြဲက တစ္ခန္းရပ္သြားပါတယ္ ။

ေျပာရရင္ အမ်ားၾကီးပါ - အခုေနာက္ဆုံးတစ္ခုေလး ဥပမာ ေျပာျပီးရင္ ေျပာခ်င္တာေလးကုိ ေျပာပါ႔မယ္၊ တံတားဦးျမိဳ႕နယ္ ေညာင္ပင္ေစာက္ ရြာမွာ အခု လုပ္ေနျပန္ျပီ ဘြားနဂါး တဲ႔ ကေလးေလးပါ ပုိလီယုိ ျဖစ္ေနတာ၊ သူ႔လက္နဲ႔ ထိရင္ ကုိးဆယ္႔ေျခာက္ပါး အကုန္ေပ်ာက္တယ္ဆုိလုိ႔ သြားလုိက္ၾကတဲ႔ လူေတြ မနည္းမေနာပဲ ၊ လူ ဘယ္ေလာက္လာလည္း ဆုိရင္ အဲဒီ ရြာကုိ လာတဲ႔ လူေတြကုိ ရပ္ရြာ လူၾကီးဆီမွာ ဧည္႔စာရင္း တုိင္ရတယ္ တစ္ေယာက္ကုိ တစ္ရာက်ပ္ - မမ်ားပါဘူး ဒါေပမဲ႔ လူဘယ္ေလာက္ လက္ခံလည္း ဆုိေတာ႔ တစ္ေန႔ကုိ လူ (၇၀၀၀) ပဲ လက္ခံတယ္တဲ႔ - အားပါးပါး ဒါဆုိ တစ္ေန႔ကုိ ခုနစ္သိန္းေတာင္ ရတယ္ ၊ တစ္လကုိ သိန္းႏွစ္ရာ ေက်ာ္ျဖစ္မယ္။ ထားပါေလ သူ႔ကံနဲ႔သူပါ ။ ေျပာခ်င္တာက သူကိုိယ္တုိင္ေတာင္ ဘာမွ မေပ်ာက္လုိ႔ ပုိလီယုိ ျဖစ္ေနတဲ႔ ကေလးက ကုိးဆယ္႔ေျခာက္ပါး ေပ်ာက္ေစမတဲ႔လား ။ နဂါးဘ၀က လာတာမုိ႔ သူ႔ကုိ ေရစိမ္ေပးရတယ္ သူစိမ္ထားတဲ႔ ေရကုိ လုိခ်င္သူေတြက မ်ားေနလုိ႔ ေလာက္ေတာင္မေလာက္ဘူး ျဖစ္ေနတယ္ ။ ပုိလီယုိကေလးငယ္မွာ အပစ္မရွိပါဘူး ၊ သြားျပီး အလိမ္ခံသူေတြမွာ ဦးေႏွာက္မွ ပါရဲ႕လားလုိ႔ စဥ္းစားမိတယ္ ၊ ေလ႔လာဖုိ႔ သြားတဲ႔ လူေတြကုိ ဘာမွ မေျပာပါဘူး ။
အခု ေျပာခ်င္ေနတဲ႔ အေၾကာင္းေလးကုိ ေျပာပါေတာ႔မယ္
မနက္က ထုိင္းက ပညာတတ္ ဒကာတစ္ေယာက္နဲ႔ စကားေျပာျဖစ္တယ္ - ထုိင္းမွာ အလုပ္လုပ္ေနတဲ႔ ျမန္မာ လုပ္သားေပါင္း အားလုံး ေျခာက္သန္းေက်ာ္ ရွစ္သန္းၾကားမွာ ရွိတယ္ ။ ကိုယ္႔နုိ္င္ငံ ခ်မ္းသာေနရင္ ဘယ္သူမွ သူမ်ားဆီမွာ သြားျပီ ကြ်န္မခံပါဘူး ။ ပညာရွင္အျဖစ္နဲ႔ပဲ သြားမွာေပါ႔ ။ စာေရးဆရာ ေကာင္းကင္ကုိ ေျပာသလုိပဲ ဟုိတုန္းကဆုိ လူေတြက ကြ်န္ျပဳဖုိ႔ က်န္ေတာ္တုိ႔ဆီ လာၾကတယ္ အခုေတာ႔ က်န္ေတာ္တုိ႔က ကြ်န္ခံဖုိ႔ ကိုယ္တုိင္ကုိယ္က် တုိင္းတစ္ပါးကုိ သြားၾကတယ္ တဲ႔ ၊ ဦးဇင္းတုိ႔ နုိင္ငံမွာ ပညာတတ္ အရမ္းနည္းပါးေနတုန္းပဲ ။ ဒါ ဘာလုိ႔လည္း ဆုိရင္ စစ္အစုိးရ အုပ္ခ်ဳပ္တဲ႔ ကာလအတြင္း ပညာမတတ္ေအာင္ နည္းမ်ဳိးစုံနဲ႔ ဖိႏွိပ္ခဲ႔လုိ႔ပဲ ။ ပညာမတတ္တဲ႔ လူတန္းစားကုိ အုပ္ခ်ဳပ္ရတာက လြယ္တယ္ေလ ။ ပညာတတ္ေသာ္လည္း အေတြးအေခၚမရွိတဲ႔ လူတန္းစားကုိ အုပ္ခ်ဳပ္ရတာက ပုိေတာင္လြယ္ပါတယ္။ ဘာေျပာေျပာ ယုံတယ္ ။ မေတြးေခၚေတာ႔ဘူး ။
ဦးဇင္းတုိ႔ လူမ်ဳိးက ဘာေဟ႔ တဲ႔ဆုိ ေျပာတဲ႔ လူရဲ႕ စကားက မဆုံးေသးဘူး ယုံေနျပီ ျပီးရင္ လူစည္သြားျပီ ၊ ျပီးေတာ႔ ဘုိးေတာ္ နတ္ကေတာ္ ခ်ဲေပးဘုန္းၾကီး ေဗဒင္ ဘုန္းၾကီးဆုိ သိပ္ယုံပဲ ။ စာသင္တုိက္ေတြမွာ ဆြမ္းခက္ခဲေနေပမဲ႔ ေဗဒင္ဘုန္းၾကီးေတြရဲ႕ ေက်ာင္းေတြမွာ ဆြမ္းေတြ ဟင္းေတြ လႊင္႔ပစ္ေနရတာခ်ည္းပဲ ။ ဘယ္မွာလည္း စဥ္းစားေတြးေခၚမႈ ဘယ္မွာလည္း အသိတရား။ ဒါေတြကုိ အလိမ္မခံရေအာင္ ေျပာျပရင္ ေျပာျပတဲ႔ သူက လူမုန္းမ်ားေတာ႔တာပဲ ။ ဗိီလိန္ ျဖစ္ေတာ႔တာပဲ ။
အမ်ားသေဘာတူရင္ ဤ ကုိ ကြ်ဲဖတ္ရမယ္ ဆုိတုိင္း မဖတ္ေစခ်င္ဘူး ဤ က ဤပဲ ဘယ္ေတာ႔မွ ကြ်ဲမဟုတ္ဘူး ။ မွားေနတာကုိ မွားေနတယ္ ျမင္ျဖစ္ေအာင္ ျမင္သင့္တယ္ တစ္ဆက္တည္း ေျပာခ်င္တာေလးက ေဒၚစုမွ မအုပ္ခ်ဳပ္ရေသးဘူး ေဒၚစုအုပ္ခ်ဳပ္ရင္ ဘာျဖစ္မယ္ ညာျဖစ္မယ္ ဆိုတာေတြ ကိုယ္ဘယ္ေတာ႔မွ မယုံဘူး လာမေျပာနဲ႔ ။ ေဒၚစု အုပ္ခ်ဳပ္ရင္ ခ်မ္းသာမွာလား မခ်မ္းသာမွာလား မေသခ်ာဘူး ။ ဟုိနုိင္ငံျဖစ္မွာလား ဒီနုိင္ငံျဖစ္မွာလား မေသခ်ာဘူး ။ သူမွ မအုပ္ခ်ဳပ္ရေသးတာပဲ ။ အုပ္ခ်ဳပ္ခိုင္းၾကည္႔ေပါ႔ အေျပာင္းအလြဲ ျဖစ္တာေပါ႔ ၊ မၾကိဳက္ရင္ အဲဒီၾကေတာ႔ ျပန္ျပီး မဲမေပးနဲေပါ႔ ။ ဒါေပမဲ႔ တစ္ခုေသခ်ာတာကေတာ႔ စစ္အစုိးရ အုပ္ခ်ဳပ္ခဲ႔တဲ႔ ႏွစ္ငါးဆယ္အတြင္းမွာ ဦးဇင္းတုိ႔ နုိင္ငံ တစ္နုိင္ငံလုံး နီးပါးေလာက္ ဆင္းရဲ မြဲေတ ခ်ြတ္ခ်ဳံက် သြားတယ္ ဒါကေတာ႔ အမွားၾကီးဆုိတာေတာ႔ ေသခ်ာပါတယ္ ။ အဲဒါေလးကုိ နားလည္ၾကေစခ်င္ပါတယ္ ။ အဲဒီ အမွားေလးကုိ မွားတယ္ လုိ႔ ေျပာတာကုိ လက္ခံေစခ်င္တယ္ ။ မနက္ကေတာ႔ ဦးဇင္းေလးတစ္ပါးက ေဒၚစုကုိ ဘလုိင္းၾကီး အပစ္တင္ထားလုိ႔ သူ႔ကုိ ေမးၾကည္႔တယ္ ဘာလုိ႔ ဘလုိင္းၾကီး အပစ္တင္တာလဲ ကုိယ္ေတာ္ရယ္ ဆုိေတာ႔ ေဒၚစု အုပ္ခ်ဳပ္ရင္ မြတ္စလင္ နုိင္ငံ ျဖစ္မွာ ကုိယ္ေတာ္မသိဘူး လား ဆုိျပီး သူက ကုိယ္႔ကုိ ျပန္ေမးတယ္ ။ တင္ပါ သိပါတယ္ ကုိယ္ေတာ္လုိ႔ ေျပာျပီး ကုိယ္လည္း သူ႔ကုိ ဘေလာ႔ ပစ္လုိက္ေတာ႔တယ္ ။ ဒါပါပဲ ။

Jatila Ashin Ashin
............................................................................................................................

By သီတဂူ အရှင်ဇဋိလ ကဝ
...............................................................
စာမရေးတာ ကြာပါပီ ဖုန်းနဲ့မို့ မရေးချင်တာရယ် စာအရှည်ကြီးတွေကို ဆိုရင် ဖေ့စ်ဘွတ်မှာ လူတွေ မဖတ်တော့တာရယ်ကြောင့် ရေးချင်စိတ်တွေကို မျိုသိပ်ခဲ့ရတယ်။ အခု ဒီစာက စတေးတပ်လေးနဲ့တင် မလုံလောက်တော့လို့ ရေးလိုက်ရတာပါ ။ မြန်မာလူမျိုး အများစုဟာ လိမ်လို့ သိပ်လွယ်တာ လို့ ငယ်ဆရာပြောဖူးတယ် ။ သိပ်မှန်တဲ့ စကားပဲ ၊ လိမ်တဲ့ သူက နည်းပြီး အလိမ်ခံချင်သူက များနေတယ် ပီပီပြင်ပြင်များ လိမ်တတ်လို့ကတော့ လာခဲ့စမ်းပါ မြန်မာပြည် ထမင်းမငတ်စေရပါဘူး ။
မန်းတလေးတောင်ပေါ်က ခြေရာကြီးက ကျန်စစ်သား ခြေရာကြီးပါလို့ ပြောလည်း ယုံတာပဲ ၊ တောင်ပြုံးပွဲကို သွားတဲ့လူပေါင်း တစ်နှစ်ကို နှစ်သန်းကျော်တယ် ။ နတ်ကို ယုံတာကိုး။ တစ်ကယ်တော့ လူရိုက်ခံထိလို့ သေတဲ့ နတ်က ဘာမှ လုပ်မပေးနိုင်ပါဘူး။ အခု စစ်ကိုင်းမှာ မြွေတစ်ကောင်က ဧရာဝတီ မြစ်ရေနဲ့ ရောပီးပါလာတယ် ၊ တံငါသည်တွေက တွေ့တော့ ရိုက်သတ်လိုက်တယ် ၊ ဒါကို လုပ်စားချင်တဲ့ လူတွေက ၀င်ပူးပြီးတော့ ဒီမြွေက ဘုရား လာဖူးတဲ့ မြွေ - အခါတိုင်းဆို လူယောင်ဖန်ဆင်းပြီး လာတာ အခုမှ မြွေယောင်ဖန်ဆင်းပြီး လာတော့ လူအရိုက်ခံထိတာ (ဖြစ်မှဖြစ်ရလေ မြွေကလည်း မြွေယောင်ဖန်ဆင်း သေးတယ်) သူ့နောက်က အစ်ကိုတော် လိုက်လာတယ် စသည်ဖြင့် ချဲ့ရင်း ကားရင် ပြောလိုက်တော့ လူတွေက ကျက်ပျံမကျ စည်းကားပြီး လုပ်စားသူများလည်း အလှူငွေများ အတော်လေး ရသွားတယ် ၊ သေနေတဲ့ မြွေကိုတော့ (၇) ရက်ထားပြီး မီးရှို့မလို့ လုပ်ကြသေးတယ် ၊ ဆက်လက် လုပ်စားအံ့သောငှာ အခုတော့ မီးမရှို့ပဲ မပုတ်တဲ့ဆေး ထိုးလိုက်ပါပီ ၊ နောက်တစ်ခု ခရမ်းမြို့နယ် ဘက်မှာ သီလရှင်က ပျောက်စေဆိုပြီး ဆေးကုစားတာ ဦးဇင်းတို့ရွာက လူတွေ ပိုလီယိုရော ကင်ဆာရော ခြေထောက်ကျိုးတာရော သွားကုကြတယ် သူတို့ ပြန်လာတော့ တစ်ဗူးကို တစ်ထောင်နှုန်းနဲ့ ရေသန့်ဗူးတွေ ၀ယ်လာလိုက်ကြတာ မနည်းပဲ ၊ အခုတော့ ပိုလီယိုက ပိုလီယို ဖြစ်ပြီး ကင်ဆာက ကင်ဆာ ဖြစ်နေတုန်းပါပဲ - အဲ သီလရှင်က ပြောလိုက်သေးတယ် ရေက သူဆီက ၀ယ်သွားတဲ့ ရေမှ စွမ်းတာပါ ရေကို ပွားယူလို့ မရပါ တဲ့ ။နောက် သိရတာတော့ သီလရှင်ရဲ့ နောက်က ရေသန့်ကားနဲ့ လိုက်နေတဲ့ စီးပွားရေးသမားက သီလရှင် အမ ရေသန့်ထုတ်တဲ့ စက်ရုံပိုင်ရှင် ဖြစ်နေတယ် ၊
နောက် ဦးဇင်းတို့ ရွာဘက်ကို ပရိတ်ရေဆူ ဆရာတော်ဆိုပြီး တရာလာဟောတာ ခေတ်စားသေးတယ် ၊ လူတွေကတော့ သိတဲ့အတိုင်းပဲ ကြိတ်ကြိတ်တိုး ၊ ရေဆူ မဆူတော့ မသိပါဘူး ။ ဘုန်းကြီးကိုတော့ ညနေ တရားဟောခါနီး ပုဇွန်ထုတ် မီးဖုတ်တွေ စားနေတာ တွေ့ခဲ့ရတယ် ၊ အဲဒီ ဘုန်းကြီးကို ပင့်တဲ့ ဒကာ ကိုယ်တိုင်က ပုဇွန်ထုတ် မီးဖုတ်ကပ်နေတာ ဆိုတော့လည်း မောင်ဇဋိတို့ ဘာမှ ပြောလို့ မရခဲ့့ပါ ။ နောက်တော့ အဲဒီ ဆရာတော်ကို မာတုဂါမနဲ့ ပက်သက်ပြီး ဦးခင်ညွန့်က ဖမ်းလိုက်တော့ ပွဲက တစ်ခန်းရပ်သွားပါတယ် ။

ပြောရရင် အများကြီးပါ - အခုနောက်ဆုံးတစ်ခုလေး ဥပမာ ပြောပြီးရင် ပြောချင်တာလေးကို ပြောပါ့မယ်၊ တံတားဦးမြို့နယ် ညောင်ပင်စောက် ရွာမှာ အခု လုပ်နေပြန်ပြီ ဘွားနဂါး တဲ့ ကလေးလေးပါ ပိုလီယို ဖြစ်နေတာ၊ သူ့လက်နဲ့ ထိရင် ကိုးဆယ့်ခြောက်ပါး အကုန်ပျောက်တယ်ဆိုလို့ သွားလိုက်ကြတဲ့ လူတွေ မနည်းမနောပဲ ၊ လူ ဘယ်လောက်လာလည်း ဆိုရင် အဲဒီ ရွာကို လာတဲ့ လူတွေကို ရပ်ရွာ လူကြီးဆီမှာ ဧည့်စာရင်း တိုင်ရတယ် တစ်ယောက်ကို တစ်ရာကျပ် - မများပါဘူး ဒါပေမဲ့ လူဘယ်လောက် လက်ခံလည်း ဆိုတော့ တစ်နေ့ကို လူ (၇၀၀၀) ပဲ လက်ခံတယ်တဲ့ - အားပါးပါး ဒါဆို တစ်နေ့ကို ခုနစ်သိန်းတောင် ရတယ် ၊ တစ်လကို သိန်းနှစ်ရာ ကျော်ဖြစ်မယ်။ ထားပါလေ သူ့ကံနဲ့သူပါ ။ ပြောချင်တာက သူကိိုယ်တိုင်တောင် ဘာမှ မပျောက်လို့ ပိုလီယို ဖြစ်နေတဲ့ ကလေးက ကိုးဆယ့်ခြောက်ပါး ပျောက်စေမတဲ့လား ။ နဂါးဘဝက လာတာမို့ သူ့ကို ရေစိမ်ပေးရတယ် သူစိမ်ထားတဲ့ ရေကို လိုချင်သူတွေက များနေလို့ လောက်တောင်မလောက်ဘူး ဖြစ်နေတယ် ။ ပိုလီယိုကလေးငယ်မှာ အပစ်မရှိပါဘူး ၊ သွားပြီး အလိမ်ခံသူတွေမှာ ဦးနှောက်မှ ပါရဲ့လားလို့ စဉ်းစားမိတယ် ၊ လေ့လာဖို့ သွားတဲ့ လူတွေကို ဘာမှ မပြောပါဘူး ။
အခု ပြောချင်နေတဲ့ အကြောင်းလေးကို ပြောပါတော့မယ်
မနက်က ထိုင်းက ပညာတတ် ဒကာတစ်ယောက်နဲ့ စကားပြောဖြစ်တယ် - ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာ လုပ်သားပေါင်း အားလုံး ခြောက်သန်းကျော် ရှစ်သန်းကြားမှာ ရှိတယ် ။ ကိုယ့်နို်င်ငံ ချမ်းသာနေရင် ဘယ်သူမှ သူများဆီမှာ သွားပြီ ကျွန်မခံပါဘူး ။ ပညာရှင်အဖြစ်နဲ့ပဲ သွားမှာပေါ့ ။ စာရေးဆရာ ကောင်းကင်ကို ပြောသလိုပဲ ဟိုတုန်းကဆို လူတွေက ကျွန်ပြုဖို့ ကျန်တော်တို့ဆီ လာကြတယ် အခုတော့ ကျန်တော်တို့က ကျွန်ခံဖို့ ကိုယ်တိုင်ကိုယ်ကျ တိုင်းတစ်ပါးကို သွားကြတယ် တဲ့ ၊ ဦးဇင်းတို့ နိုင်ငံမှာ ပညာတတ် အရမ်းနည်းပါးနေတုန်းပဲ ။ ဒါ ဘာလို့လည်း ဆိုရင် စစ်အစိုးရ အုပ်ချုပ်တဲ့ ကာလအတွင်း ပညာမတတ်အောင် နည်းမျိုးစုံနဲ့ ဖိနှိပ်ခဲ့လို့ပဲ ။ ပညာမတတ်တဲ့ လူတန်းစားကို အုပ်ချုပ်ရတာက လွယ်တယ်လေ ။ ပညာတတ်သော်လည်း အတွေးအခေါ်မရှိတဲ့ လူတန်းစားကို အုပ်ချုပ်ရတာက ပိုတောင်လွယ်ပါတယ်။ ဘာပြောပြော ယုံတယ် ။ မတွေးခေါ်တော့ဘူး ။
ဦးဇင်းတို့ လူမျိုးက ဘာဟေ့ တဲ့ဆို ပြောတဲ့ လူရဲ့ စကားက မဆုံးသေးဘူး ယုံနေပြီ ပြီးရင် လူစည်သွားပြီ ၊ ပြီးတော့ ဘိုးတော် နတ်ကတော် ချဲပေးဘုန်းကြီး ဗေဒင် ဘုန်းကြီးဆို သိပ်ယုံပဲ ။ စာသင်တိုက်တွေမှာ ဆွမ်းခက်ခဲနေပေမဲ့ ဗေဒင်ဘုန်းကြီးတွေရဲ့ ကျောင်းတွေမှာ ဆွမ်းတွေ ဟင်းတွေ လွှင့်ပစ်နေရတာချည်းပဲ ။ ဘယ်မှာလည်း စဉ်းစားတွေးခေါ်မှု ဘယ်မှာလည်း အသိတရား။ ဒါတွေကို အလိမ်မခံရအောင် ပြောပြရင် ပြောပြတဲ့ သူက လူမုန်းများတော့တာပဲ ။ ဗိီလိန် ဖြစ်တော့တာပဲ ။
အများသဘောတူရင် ဤ ကို ကျွဲဖတ်ရမယ် ဆိုတိုင်း မဖတ်စေချင်ဘူး ဤ က ဤပဲ ဘယ်တော့မှ ကျွဲမဟုတ်ဘူး ။ မှားနေတာကို မှားနေတယ် မြင်ဖြစ်အောင် မြင်သင့်တယ် တစ်ဆက်တည်း ပြောချင်တာလေးက ဒေါ်စုမှ မအုပ်ချုပ်ရသေးဘူး ဒေါ်စုအုပ်ချုပ်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာတွေ ကိုယ်ဘယ်တော့မှ မယုံဘူး လာမပြောနဲ့ ။ ဒေါ်စု အုပ်ချုပ်ရင် ချမ်းသာမှာလား မချမ်းသာမှာလား မသေချာဘူး ။ ဟိုနိုင်ငံဖြစ်မှာလား ဒီနိုင်ငံဖြစ်မှာလား မသေချာဘူး ။ သူမှ မအုပ်ချုပ်ရသေးတာပဲ ။ အုပ်ချုပ်ခိုင်းကြည့်ပေါ့ အပြောင်းအလွဲ ဖြစ်တာပေါ့ ၊ မကြိုက်ရင် အဲဒီကြတော့ ပြန်ပြီး မဲမပေးနဲပေါ့ ။ ဒါပေမဲ့ တစ်ခုသေချာတာကတော့ စစ်အစိုးရ အုပ်ချုပ်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်းမှာ ဦးဇင်းတို့ နိုင်ငံ တစ်နိုင်ငံလုံး နီးပါးလောက် ဆင်းရဲ မွဲတေ ချွတ်ချုံကျ သွားတယ် ဒါကတော့ အမှားကြီးဆိုတာတော့ သေချာပါတယ် ။ အဲဒါလေးကို နားလည်ကြစေချင်ပါတယ် ။ အဲဒီ အမှားလေးကို မှားတယ် လို့ ပြောတာကို လက်ခံစေချင်တယ် ။ မနက်ကတော့ ဦးဇင်းလေးတစ်ပါးက ဒေါ်စုကို ဘလိုင်းကြီး အပစ်တင်ထားလို့ သူ့ကို မေးကြည့်တယ် ဘာလို့ ဘလိုင်းကြီး အပစ်တင်တာလဲ ကိုယ်တော်ရယ် ဆိုတော့ ဒေါ်စု အုပ်ချုပ်ရင် မွတ်စလင် နိုင်ငံ ဖြစ်မှာ ကိုယ်တော်မသိဘူး လား ဆိုပြီး သူက ကိုယ့်ကို ပြန်မေးတယ် ။ တင်ပါ သိပါတယ် ကိုယ်တော်လို့ ပြောပြီး ကိုယ်လည်း သူ့ကို ဘလော့ ပစ်လိုက်တော့တယ် ။ ဒါပါပဲ ။



Jatila Ashin Ashin

No comments:

Post a Comment