Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 19, 2015

Black Mass ရုပ်ရှင်ကား မှာ လူဆိုးဂိုဏ်းခေါင်းဆောင်နေရာက Johnny Depp ပါဝင်သရုပ်ဆောင်ထား




၂၀၀၁ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဖြစ်ရပ်မှန်မှုခင်းစာအုပ် Black Mass ကို မှီငြမ်းထားတဲ့ Black Mass ရုပ်ရှင်ကားသစ်မှာ မင်းသားကြီး Johnny Depp ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူဆိုးဂိုဏ်းစတား James Whitey Bulger နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

အင်္ဂါနေ့ က Massachusetts ပြည်နယ် Brookline မြို့ ၊ Coolidfe Corner ရုပ်ရှင်ရုံမှာ Black Mass ရုပ်ရှင်ကားကို သီးသန့် ပြသပွဲကို Johnny Depp တက်ရောက်ခဲ့ပြီး သတင်းထောက်တွေကို ယခုဇာတ်ကားမှာ James Bulger နေရာက ပါဝင်သရုပ်ထားမှုအကြောင်းတွေ ပြောပြခဲ့ပါတယ်။

“ကျွန်တော် Mr.Bulger ကို လေးစားသမှုနဲ့ တွေ့ ဆုံခွင့်ရဖို့ အတွက်ကြိုးပမ်းခဲ့ပါတယ်။ ဒီဇာတ်ကားက သူ့ ဘ၀ အကြောင်းဖြစ်ပြီး၊ ကျွန်တော်က ပိတ်ကားပေါ်မှာ သူအဖြစ်သရုပ်ဆောင်ရမှာပါ” လို့ Depp က ဆိုပါတယ်။

Black Mass ကားဟာ ဘော်စတွန်မြို့ တောင်ပိုင်းက ဒုစရိုက်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Whitey Bulger ရဲ့ဘ၀ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Bulger ဟာ သူ့ ပိုင်နက်နယ်မြေထဲ ၀င်ကျူးကျော်လာတဲ့ မာဖီးသားအိမ်ထောင်စုတစ်ခုကို ဖြိုခွဲဖို့ အတွက် FBI သတင်းပေးအဖြစ် နှစ်ပေါင်း ၃၀ ကြာ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

“ဒီကားဟာ ဂိုဏ်းစတားတစ်ယောက်အကြောင်း သက်သက်မဟုတ်ပါဘူး။ ဂိုဏ်းစတားရုပ်ရှင်ကားလည်းမဟုတ်ပါဘူး။ ဂိုဏ်းစတားရုပ်ရှင်ကားအမျိုးစာရင်းထဲတောင်မှ ထည့်လို့ မရပါဘူး” လို့ Johnny က ပြောပြခဲ့ပါတယ်။

Black Mass ရုပ်ရှင်ကားကို Warner Bros. က စက်တင်ဘာ ၁၈ ရက်နေ့ မှာ တစ်ကမ္ဘာလုံးအနှံ့ ဖြန့် ချိ သွားမှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: People

No comments:

Post a Comment