Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, September 28, 2015
တရုတ်အရက်ဖြူ Baiju ၌ ကာမအားတိုးဆေးများပါဝင်၍FDSမှ တားမြစ်ခဲ့
အ၀င်;
Ref: AFP
................................
 တရုတ်နိုင်ငံသည် လွန်လေပြီး သောနှစ်ပေါင်းများစွာကပင် ကာမ အားတိုးဆေးများအား တိရိစ္ဆာန်များ ၏ လိင်အင်္ဂါများမှ ထုတ်လုပ်သုံးစွဲခဲ့ ကြသည်။ ယခုခေတ်ကာလ၌ တရုတ် ဥပဒေက အစားအသောက်များတွင် ကာမအားတိုးဆေးများ ထည့်သွင်း အသုံံးပြုခြင်းအားတားမြစ်ခဲ့ကြသည်။ သို့သော်လည်း ယင်းကဲ့သို့တည့်သွင်း အသုံးပြုမှုများမှာ အလျဉ်းသင့်သလို လုပ်ဆောင်ကြဆဲဖြစ်သည်။ တရုတ် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှာLiuzhou ရှိ စက်ရုံနှစ်ရုံတွင် ၎င်းင်းတို့၏ ထုတ်ကုန်များ၌ ှSildenafil နှင့် tadalafil ကဲ့သို့ ကာမအား တိုးဆေးများထည့်သွင်း သုံးလျက်ရှိ ကြောင်း တွေ့ခဲ့ရသည်။FDA မှ ၎င်းင်းတို့၏ ယမကာပုလင်းပေါင်း များစွာအား ပန်းသေပန်းညှိုးတွင် သုံးသော ကာမအားဆေး Viagra များ ပါ၀င်သည့်အတွက် သိမ်းဆည်း ခဲ့သည်။ ၎င်းင်းတို့၏ ထုတ်ကုန် Baiju မှာ အရက်ဖြူတစ်မျိုးဖြစ်ပြီး၊ အရက် ပြင်းအားပမာဏ များပြားကာ ကွန်ဖူးအရက်၊ အသက်ရှည်ဆေး စသဖြင့် အမည်အမျိုးမျိုးပေးကာ ရောင်းချခဲ့ကြောင်း သိရသည်။
အဝင်;
Ref: AFP
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
No comments:
Post a Comment