Al Qaeda အဖွဲ့ခေါင်းဆောင် Ayman al-Zawahri (Credit: Reuters) |
အနောက်တိုင်းနိုင်ငံမှာ ရှိနေတဲ့ မွတ်စလင်တွေအနေနဲ့ အကြမ်းဖက်မှုလုပ်ဖို့ကို လက်မတွန့်ဖို့ တိုက်တွန်းလိုက်သလို အမေရိကန်နိုင်ငံ ဘောစတွန် မာရသွန် အပြေးပြိုင်ပွဲမှာ ဗုံးဖောက်ခွဲခဲ့တဲ့ ညီအစ်ကိုလို၊ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပစ်ခတ်မှု လုပ်ခဲ့တဲ့ ညီအစ်ကို တွေကို အတုယူပြီး ကိုယ်နေထိုင်ရာ နိုင်ငံမှာ အကြမ်းဖက်မှု လုပ်ဖို့ ဗီဒီယိုကနေတဆင့် တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ဒီဗီဒီယိုကို လွန်ခဲ့တဲ့ နှစ်လလောက်တုန်းက ရိုက်ခဲ့ဟန်ပေါက်တယ်လို့ သုံးသပ်နေကြပါတယ်။
IS အစ္စလာမ်မစ်အဖွဲ့ကို မထောက်ခံဘူးလို့ Al Qaeda အဖွဲ့ခေါင်းဆောင်က ပြောခဲ့ပေမယ့် အနောက်တိုင်းနိုင်ငံကို တိုက်ခိုက်တဲ့အခါနဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံက မဟာမိတ်တပ်တွေကို တိုက်ခိုက်ရာမှာတော့ IS အဖွဲ့နဲ့ ပူးပေါင်းလိုကြောင်း ပြောသွားခဲ့ပါတယ်။
Al Qaeda ခေါင်းဆောင် Ayman al-Zawahri ဟာ အီဂျစ်နိုင်ငံက ဆရာဝန်တစ်ဦး ဖြစ်ခဲ့ပြီး ဆီးရီးယားနဲ့ အီရတ်နိုင်ငံက အစ္စလာမ်မစ် စစ်သားတွေ အားလုံးညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment