Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

အသုံးပြုသူများ၏ ဓာတ်ပုံကို လျှို့ဝှက်ရိုက်ကူး၍ ငွေညှစ်သည့် အပြာမိုဘိုင်း အက်ပလီကေးရှင်း 'Adult Player'


 အခမဲ့ အပြာဝန်ဆောင်မှု မိုဘိုင်းအက်ပလီကေးရှင်း တခုသည် အသုံးပြုသူ၏ ဓာတ်ပုံကို စမတ်ဖုန်း၏ အရှေ့ ကင်မရာမှ လျှို့ဝှက်ရိုက်ကူး၍ အသုံးပြုသူ၏ ကိုယ်ရေး အချက်အလက်များကို ဖွင့်ချမည်ဟု ခြိမ်းခြောက်ငွေညှစ် သည်ကို အမေရိကန် အင်တာနက် လုံခြုံရေးကုမ္ပဏီက တွေ့ရှိခဲ့သည်။

အပြာဗီဒီယိုများ အခမဲ့ကြည့်ရှုခွင့်ရမည်ဆိုသော 'Adult Player' အက်ပလီကေးရှင်းသည် ဖုန်းတွင်း ထည့်သွင်း ပြီးနောက် စတင်အသုံးပြုသည်နှင့် ဖုန်း၏အရှေ့ကင်မရာမှတဆင့် အသုံးပြုသူ၏ ဓာတ်ပုံကို လျှို့ဝှက်ရိုက် ယူပြီးနောက် ဖုန်းကို Lock ချပစ်ကာ ငွေညှစ်သည့်စာတန်းကို ထုတ်ဖော်ပြကြောင်း Zscaler အင်တာ နက်လုံခြုံရေးကုမ္ပဏီက ပြောသည်။

၎င်းအက်ပလီကေးရှင်းက ဒေါ်လာ ၅၀၀ တောင်းဆိုပြီး ဖုန်းကို reset လုပ်သော်လည်း ငွေညှစ်သည့် စာတန်းပျောက်မသွားဟု ဆိုသည်။
''Adult Player သည် အပြာဗီဒီယိုအခမဲ့ ကြည့်ရှုခွင့်ရမည့် အက်ပလီကေးရှင်းအဖြစ် အသုံးပြုသူများကို ဆွဲဆောင်ပြီး ၎င်းတို့၏မျက်နှာပုံကို စမတ်ဖုန်းအရှေ့ကင်မရာမှတဆင့် ရိုက်ယူ၍ ငွေညှစ်သည့် အက်ပလီကေး ရှင်းဖြစ်သည်''ဟု အဆိုပါကုမ္ပဏီ၏ ဘလော့ဂ်ပို့စ်တွင် ရေးသားထားသည်။

ထိုသို့သော အန္တရာယ်ရှိ အက်ပလီကေးရှင်းများသည် Google play store, Apple App store တို့မှမဟုတ်ဘဲ ၀က်ဘ်ဆိုက်များမှတဆင့် တိုက်ရိုက်ဆွဲယူ၍ ထည့်သွင်းစေသည်။ ကွန်ပျူတာနှင့် လက်ပ်တော့ပ်များကို ပစ်မှတ် ထားသည့် အန္တရာယ်ရှိ ပရိုဂရမ်များ ၂၀၁၄ ခုနှစ်ကထက် ၁၂၇ ရာခိုင်နှုန်း မြင့်တက်လာနေကြောင်း သြဂုတ်လ က ထုတ်ပြန်သော အင်တာနက်လုံခြုံရေးအစီရင်ခံစာက ဖော်ပြသည်။

''ဒီလို ပရိုဂရမ်တွေမြင့်တက်လာခြင်းရဲ့ အဓိကအကြောင်းရင်းတခုက ရေးဆွဲရတာ လွယ်ကူတာကြောင့်ဖြစ် တယ်။ ကျွန်တော်တို့ ခြေရာခံလိုက်ကြည့်တဲ့ ပရိုဂရမ်တခုဆိုရင် သီတင်းပတ် ၁၀ ပတ်အတွင်း ဒေါ်လာ ၇၅၀၀၀ လောက်ရသွားတယ်။ ဒီလို အက်ပလီကေးရှင်းတွေက လူတွေရဲ့ရှက်စိတ်ကို ခုတုံးလုပ်တာပေါ့လေ။ သူတို့ တောင်းတဲ့ ပိုက်ဆံမပေးရင် ကိုယ့်ဂုဏ်သိက္ခာပျက်စီးဆုံးရှုံးမယ့် အခြေအနေမျိုးဖြစ်နေတာကိုး။ ဒီလိုဟာကို ကွန်ပျူတာပရိုဂရမ်တွေအဖြစ် တွေ့ရများပေမယ့် အခုနောက်ပိုင်း မိုဘိုင်းဖုန်းတွေမှာပါ တွေ့လာရပါပြီ''ဟု ဥရောပအင်တာနက်လုံခြုံရေး ကုမ္ပဏီမှ Raj Samani က ပြောသည်။

Ref; RT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment