Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

15-9-2015 မနံက်ပိုင်း ရန်ကုန်~ထားဝယ် ခရီးသည်ကားများအချို့ သေနတ်ပစ်ခံရ



ရန်ကုန်မှထားဝယ်သို့ထွက်လာကြသောခရီးသည်Expressမှန်လုံ ခရီးသည်ကားများအချို့ ရေးမြိုနယ် လမိုင်းအကျော် နှင်းစုံ ကျေးရွာ အနီး ရေးမြို့မရောက်ခင် ၅မိုင်အတွင်းလောက်မှာအဆိုပါခရီးသည်ကားများကိုရပ်တားရာမှကားများမရပ်သောကြောင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြပါကြောင်း(မည့်သည့်အဖွဲ့မှလုပ်ဆောင်သွားကြသည်ကိုမသိရှိလိုက်ကြောင်း~ကားသမားများအပြော),အဆိုပါဖြစ်ပျက်မှုကြောင့်ခရီးသည်ကားများထားဝယ်သို့နောက်ကျမှဝင်ရောက်နိုင်ခဲ့ကြပါသည်။ အချို့အိမ်စီးကားများနှင့် Expressမှန်လုံကားများမှာ ဖြစ်ပွားနေရာမှကားတန်းမှာပိတ်အနေအထားမျိုးတွေ့ကြုံနေလိုက်ရတာကိုမြင်လိုအတွေ့အကြုံအရကားသမားများမှကားများကိုနောက်ဆုတ်မီးပိတ်ရပ်နားအခြေအနေများစောင့်ကြည့် ပီးမှထွက်လာရပါကြောင်း, အဆိုပါ ပစ်ခတ်မှုကြောင့် ခရီးသွား ပြည်သူလူထုများ များစွာ စိတ်ပူပန်စိုးရိမ်စိတ်များဖြစ်နေသွားရပါကြောင်း, ဆက်လက်ပီး ခရီးသွားပြည်သူလူထုများ လမ်းခရီးလုံခြုံ ချောမွေ့သွားလာ နိုင်စေရေးတို့ အတွက် မျှော်လင့် အားကိုးကြီးစွာစောင့်မျှော် နေကြပါကြောင်း, ရှေ့တစ်ပတ်လောက်ကလည်း တနင်္သာရီတိုင်းအကျော် မွန်ပြည်နယ်အစပ် ရေးမြို့နယ်အတွင်းမှာလည် ဒမြ တိုက်မှုလည်းဖြစ်ပွားခဲ့တယ့်အနေအထားမျိုးရှိခဲ့ပါသည်။ ဖြစ်ပွားရာဒေသအတွင်းရော ကျန်ဒေသအတွင်းများပါ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များနှင့် လမ်းပန်ဆက်သွယ်ရေးနှင့် ခရီးသွားပြည်သူလူထု များ စိုးရိမ်မရှိ အေးချမ်းစွာ ခရီးကို လိုရာခရီးများသို့ သွားလာစေနိုင်စေရေးတို့ အတွက်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ တာဝန်ရှိ ဗိုလ်မှူးကြီးများ ဆောင်ရွက်စီမံမှုများကောင်းသထက်ကောင်း ပိုမိုလုံခြုံ မှုများရှိစေရအောင် ပိုမိုဂရုပြု အလေးထား ပြီ အထင်အမြင်သေမထားပိုမိုကြပ်မတ်စိုးမိုးစေလိုပါကြောင်းကိုခရီးသွာ ပြည်သူလူထုများနှင့် ဆန္ဒပြု တောင်းဆို လိုက်ရပါသည်။
 Welcome TO Peace
  Lwin Oo 

No comments:

Post a Comment