Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

မက်ဆေ့ဂ်ျ ကနေတစ်ဆင့် လမ်းခွဲခဲ့ကြတဲ့ Zayn Malik နဲ့ Perrie Edwards



ဆယ်ကျော်သက်တို့ရဲ့ အသည်းစွဲ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ဟာ Little Mix ကြယ်ပွင့် Perrie Edwards နဲ့ မက်ဆေ့ဂ်ျပေးပို့ခြင်းကနေ တစ်ဆင့် လမ်းခွဲလိုက်ကြတယ်လို့သိရပါတယ်. သူတို့ ၂ ယောက် ဟာ အခုချိန်ထိ စကားပြောဆိုခြင်းလည်း မရှိသေးပါဘူး။

One Direction အဖွဲ့ဝင်ဟောင်း ကြယ်ပွင့် Zayn ဟာ အသည်းကွဲ အဆိုတော်မလေး Perrie နဲ့ စေ့စပ်ထားမှုကိုလည်း လွန်ခဲ့တဲ့ ၂ ပတ် ကျော်ကျော် လောက်က မက်ဆေ့ဂ်ျ တစ်စောင်တည်းနဲ့ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဒီ လမ်းခွဲမှုဟာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကပဲ ၂ ယောက်သား ချစ်ရည်လူးနေကြတဲ့ ဓါတ်ပုံတွေကို တင်ထားခဲ့မိတဲ့ Perrie အတွက်တော့ ၀မ်းနည်းစရာပါ။ သူတင်ခဲ့တဲ့ ပုံတွေထဲက ဓါတ်ပုံ ၁ ပုံမှာ ဆိုရင် Zayn ရဲ့ ရင်ခွင်ထဲကို Perrie က တိုးဝင်နေတဲ့ ဓါတ်ပုံဖြစ်ပြီး သူမက "ငါ့ရည်းစားကိုချစ်တယ်" လို့ ရေးသားထားပါသေးတယ်။

"ဒါပေမယ့်သူက သူတို့ရဲ့ စေ့စပ်ထားမှုကိုလည်း မက်ဆေ့ဂ်ျတစ်စောင်တည်းနဲ့ ဖျက်သိမ်းလိုက်တယ်။ ပြီးတဲ့နောက် ၂ ပတ်အတွင်းမှာလည်း ဘာအဆက်အသွယ် မှ မလုပ်ခဲ့ဘူး။ သူတို့ကြားမှာ တိတ်ဆိတ်မှုတွေပဲ ရှိနေတယ်လို့" သူတို့ စုံတွဲ နဲ့ ရင်းနှီးသူတစ်ဦးက The Sun သတင်းဌာနကို ပြောပြခဲ့ပါတယ်။

သူတို့ စုံတွဲဟာ ၂၀၁၂ ခုနှစ်မှာ စတင်တွဲလာခဲ့ကြပြီး ဒီနှစ်အစောပိုင်းကပဲ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရတော့ မကြာသေးမီကမှ သူတို့ ၂ ယောက် စပ်တူ ၀ယ်ယူထားတဲ့ စတာလင်ပေါင်၃ မီလီယံ ပေါင် တန်ဖိုးရှိတဲ့ လော့အိန်ဂျလိစ်က နေအိမ် တစ်လုံးကို ဘယ်လို ခွဲဝေ ကြမယ်ဆိုတာတော့ မသိသေးပါဘူး။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment