Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အတုယူစရာ Youtube

စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အတုယူစရာ Youtube


Youtube ဟာကမ္ဘာပေါ်က လူကြည့်အများဆုံး ဝက်ဘ်ဆိုက်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စတင်တည်ထောင်ပြီး တစ်နှစ်ကျော်အတွင်းမှပဲ အရှိန်အဟုန်ကြီးမားစွာ ဖွံ့ဖြိုးလာခဲ့တဲ့ အင်တာနက်လုပ်ငန်း တစ်ခုဖြစ်လို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ နမူနာယူရမယ့် စီးပွားရေး လုပ်ငန်းတစ်ခု ဆိုရင်လည်းမမှားပါဘူး။


Youtube ကို ၂၀၀၅ ခုနှစ်ဖေဖော်ဝါရီလမှာ စတင်လွှင့်တင်ခဲ့ပါတယ်။ နာမည်ကျော် အင်တာနက်ငွေလွှဲဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Paypal ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်းသုံးဦး ပူးပေါင်းတည်ထောင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ စတင်တည်ထောင်ပြီး တစ်နှစ်ကျော်အတွင်း အလွန်အောင်မြင်မှု ရခဲ့လို့ ၂၀၀၆ ခုနှစ်နိုဝင်ဘာလမှာ အင်တာနက်ကုမ္ပဏီကြီး Google က ကန်ဒေါ်လာ ၁.၆ ဘီလီယံနဲ့ ပြန်လည်ဝယ်ယူခဲ့ရပါတယ်။ Youtube ဟာဘယ်သူမဆို ဗီဒီယိုတင်နိုင်တဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပေမယ့် BBC၊ CBS၊ Vevo တို့လို့ ကမ္ဘာကျော်မီဒီယာလုပ်ငန်းတွေအတွက်လည်း ဈေးကွက်ရှာဖွေရာ နေရာတစ်ခုဖြစ်ပါတယ်။ Youtube မှာ တစ်ရက်ကို ဗီဒီယိုပေါင်း သန်းနှစ်ထောင်လောက် ဝင်ရောက်ကြည့်ရှု ကြပါတယ်။ မိနစ်တိုင်း မိနစ်တိုင်း Youtube ပေါ်ကို ဗီဒီယိုတွေ ကမ္ဘာနဲ့အလွှားတင်နေကြတာဖြစ်ပါတယ်။


တကယ်လို့ လူတစ်ယောက်သာ Youtube ပေါ်မှာရှိတဲ့ ဗီဒီယိုတွေအကုန်လုံး ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၄၀၀ လောက်အချိန်ယူရမှာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ တစ်ရက်ထက်တစ်ရက် ပိုလို့သာ တိုးပွားလာနေတာ ဖြစ်ပါတယ်။ ရုံးချုပ်ကတော့ ကယ်လီဖိုးနီးယားက ဆန်ဘရူနိုမှာရှိပါတယ်။ Youtube မှာလက်ရှိလူကြည့်အများဆုံးစံချိန်တင်ထားတာကတော့ ကိုရီးယားအဆိုတော် Psy ရဲ့ Gangnam Style သီချင်းဖြစ်ပြီး သူ့အနောက်မှာ Justin bieber ရဲ့ Baby သီချင်းက ဒုတိယလိုက်နေပါတယ်။

source - wikipedia/ didyouknow?
http://www.planet.com.mm/detail/28415/World

No comments:

Post a Comment