Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

Windows 10 သုံးစွဲသူ စုစုပေါင်း ၁၄ သန်းခန့် ရှိနေပြီ လို့ Microsoft ကြေညာ

Microsoft ရဲ့ OS အသစ်တစ်ခုဖြစ်တဲ့ Windows 10 ဟာ လက်ရှိမှာ ကမ္ဘာတစ်ဝှမ်းက ကွန်ပျူတာတွေနဲ့ တတ်ဘလတ် သန်းပေါင်းများစွာ မှာ အသုံးပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။
Windows 10 ဟာ လက်ရှိမှာ ကိရိယာ ၁၄ သန်းကျော်မှာ အသုံးပြုနေပြီဖြစ်တယ်လို့ Microsoft က Blog Post တစ်ခုမှာ ကြေညာခဲ့ပါတယ်။ ဒီနံပါတ် တွေ ဟာဒီထက်ပိုပြီး များပြားလာဦးမှာ ဖြစ်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာတင် ပိုမို များပြားတဲ့ အသုံးပြုသူတွေထံသို့ Windows 10 ကို ရယူနိုင်ရန် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Microsoft က ဆိုပါတယ်။
တစ်ကယ်တန်းတော့ ၁၄ သန်းဆိုတဲ့ သုံးစွဲသူပမာဏ ဟာ Microsoft လို ကမ္ဘာ့နံပါတ် ၁ OS ကို ထုတ်လုပ်တဲ့ နည်းပညာ ကုမ္မဏီ တစ်ခုအတွက် နည်းလွန်းပါတယ်။ ဒါပေမယ့်လည်း ဒါဟာ Microsoft ရဲ့ အဆင့်ဆင့် စမ်းသပ်ခဲ့မှုတွေနဲ့ Windows အဟောင်းကို Upgrade ပြုလုပ်ရတဲ့ အခက်အခဲတွေကြောင့် ဖြစ်တယ်လို့လည်း Microsoft ကဆိုထားပါသေးတယ်။
Microsoft ဟာ အရင်ဆုံး PC သုံးစွဲသူတွေကို OS ရဲ့ Beta ဗားရှင်းအား အရင်ဆုံးစမ်းသပ်အသုံးပြုစေခဲ့ပြီး Windows 7 နဲ့ Windows 8 သုံးစွဲသူတွေထံ Upgrade ပြုလုပ်ဖို့ မက်ဆေ့ဂ်ျ ပေးပို့ခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို Upgrade လုပ်ခိုင်းတဲ့အခါမှာလည်း Windows သုံးစွဲသူတိုင်းဆီကို အသိပေးတဲ့ မက်ဆေ့ဂ်ျ မရောက်ခဲ့ဘူး။ သတ်မှတ်ထားတဲ့ သူတွေဆီဦးစားပေးပြီး ပို့ခဲ့တဲ့အတွက် တောင်းဆိုထားတဲ့သူတွေကိုတော့ လာမယ့် ရက်သတ္တပတ် တွေအတွင်း ပို့ဆောင်ပေးသွားမယ်လို့လည်း Microsoft က ဆိုထားပါသေးတယ်။
Windows 10 ကို Windows 7 နဲ့ Windows 8 သုံးစွဲသူတွေအတွက် အခမဲ့ Upgrade ပြုလုပ်ခွင့်ကာလ ဟာ ၁ နှစ်ပဲ သတ်မှတ်ပေးထားတာဖြစ်ပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : CNet

No comments:

Post a Comment