Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

ကမ္ဘာ့အလန်းဆုံး အမျိုးသမီး အဖြစ် မဲပေး သတ်မှတ်ခံရတဲ့ Sofia Vergara


ကမ္ဘာ့ Sexy အဖြစ်ဆုံး ၊ အလန်းဆုံး အမျိုးသမီး အဖြစ် ပရိတ်သတ်တွေကို မဲပေးရွေးချယ်စေခဲ့ရာမှာ Kim Kardashian ကို တစ်ယောက်ယောက်က အနိုင်ယူသွားခဲ့တယ်ဆိုရင် အားလုံး အံ့သြသွားရမှာပါ။ အဲဒီ အမျိုးသမီးကတော့ Sofia Vergara ပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Sofia Vergara ကို ရွေးချယ်လို့တော့ ဘယ်သူကမှ စိတ်ပျက်သွားကြမှာမဟုတ်ပါဘူး။ အားလုံး သိထားတဲ့အတိုင်းပဲ Sofia Vergara ဟာ အမေရိကန် နိုင်ငံရဲ့ ပိုက်ဆံအများဆုံးပေးရတဲ့ တီဗွီ မင်းသမီး တစ်ယောက် ဖြစ်နေလို့ပါ။

"ကျွန်မဟာ ကျွန်မထက် ၁၀ နှစ်လောက် ငယ်ရွယ်တဲ့ Kim Kardashian ထက်ပိုပြီး Sexy ဖြစ်နေပါတယ်။" လို့ အသက် ၄၃ နှစ်ရှိနေပြီဖြစ်တဲ့ Sofia Vergara က အလန်းဆုံး အမျိုးသမီး အဖြစ် မဲပေးရွေးချယ်ခံရအပြီးမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ ရင်သား ၊ တင်ပါး နဲ့ မိတ်ကပ်လိမ်းခြယ်မှုတွေနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတယ်လို့ဆိုတဲ့ Sofia Vergara ဟာ လက်ရှိမှာ Hot Pursuit ဆိုတဲ့ ဟာသ ဇာတ်လမ်းထဲမှာ Reese Witherspoon နဲ့ အတူတူ ပါဝင်သရုပ်ဆောင်ထားပြီး ထို ဇာတ်လမ်းကတော့ လာမယ့် အပတ်ထဲမှာ ထွက်ရှိမှာ ဖြစ်ပါတယ်။

သူမဟာ Sky One ကပြသတဲ့ Modern Family ဆိုတဲ့ တီဗွီ အစီအစဉ်မှာလည်း Gloria Delgado-Pritchett ဆိုတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်ပြီး အောင်မြင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ စတာလင်ပေါင်၂၄ သန်းခန့် ချမ်းသာကြွယ်ဝပြီး သရုပ်ဆောင် ဆုပေါင်း ၃၀ ကိုလည်း ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာလည်း Forbe မဂ္ဂဇင်း ရဲ့ ၃၂ ကြိမ်မြောက် ပါဝါ အရှိဆုံး အမျိုးသမီး အဖြစ်သတ်မှတ်ခံထားရတဲ့ Sofia Vergara ဟာ အသက် ၃၈ နှစ်အရွယ် သူမရဲ့ ချစ်သူ မင်းသား Joe Manganiello နဲ့လည်း ပုံပြင်ဆန် တဲ့ မင်္ဂလာဆောင် အခမ်းအနားတစ်ခု ဆင်နွှဲဖို့ကြိုးစားနေပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment