Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 14, 2015

ကိုယ်ကိုယ်ကိုယ် ရွံ့ရှာမုန်းတီးဖူးတဲ့ plus-size မော်ဒယ်

အသက် ၂၇ နှစ်အရွယ်  အမေရိကန်သူလေး အက်ရှ်လေဂရာဟမ်ဟာ ရေကူးဝတ်စုံကြော်ငြာတွေနဲ့ ဖက်ရှင် ရှိုးပွဲတွေမှာ မြင်နေကြမော်ဒယ်မျိုးမဟုတ်တဲ့ plus-size မော်ဒယ်တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အင်္ဂလန် မှာ မွေးဖွားခဲ့သူ ဖြစ်ပေမယ့် မော်ဒယ်အလုပ်အတွက် နယူးယော့ခ်မြို့ကို ပြောင်းရွှေ့လာခဲ့ရာမှာ သူမရဲ့ခန္ဓာ ကိုယ်အချိုးအစားနဲ့ပက်သက်ပြီး ကိုယ်ကိုယ်ကိုယ် ရှက်ရွံ့မုန်းတီးမှုတွေ ဖြစ်ခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ပါတယ်။
“ မှန်ကို ကြည့်လိုက်တဲ့အခါမှာ ၀လွန်းတဲ့ ကျွန်မကိုယ်ကျွန်မ ပြန်ပြီး စိတ်ပျက်မိခဲ့ပါတယ်။ နှစ်အနည်းငယ် ကြာလာတဲ့အချိန်မှာတော့ ကျွန်မအမေနဲ့အဒေါ်တွေက ကျွန်မကို ပုံမှန်အချိုးအစားကျနတဲ့ မော်ဒယ်တစ် ယောက် ဖြစ်လာအောင် မကြိုးစားခဲ့တာကို သတိထားလာမိပါတယ်။ ဒါကြောင့်မို့ ကျွန်မကိုယ်ကျွန်မ ပြန် လှည့်စားဖို့ မကြိုးစားတော့ပါဘူး။ ကျွန်မဟာ ကိုယ်ပုံစံနဲ့ကိုယ် အလှတရားတစ်ခု ပိုင်ဆိုင်ထားတဲ့ အမျိုး သမီးတစ်ယောက်ဆိုတာ သိလာပါတယ်။ ဘယ်ယောင်္ကျား၊ ဘယ်သူငယ်ချင်းနဲ့ ဘယ်လိုအလုပ်အကိုင်မျိုးကမှ ကျွန်မ ဘာလဲဆိုတာ မဆုံးဖြတ်နိုင်ပါဘူး။ ကျွန်မဘာလဲဆိုတာ ဆုံးဖြတ်သူက ကျွန်မ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်” လို့ အက်ရှ်လေက ဖွင့်ဟခဲ့ပါတယ်။ အက်ရှ်လေဟာ လီဗိုင်းကုမ္ပဏီရဲ့ဖက်ရှင်ကြော်ငြာအတော်များများမှာ ပါဝင်ဖူးသလို ၂၀၁၂ မှာလည်း Full Figured Fashion Week ရဲ့တစ်နှစ်တာ အကောင်းဆုံးမော်ဒယ်ဆုကို ရရှိခဲ့ပါတယ်။ ဓါတ်ပုံဆရာ ဂျက်စတင်အာဗင်ဆိုသူနဲ့ ၂၀၁၂ မှာ လက်ထပ်ခဲ့တဲ့ အက်ရှ်လေဟာ လက်ရှိမှာတော့ plus-size မော်ဒယ်အဖြစ် အောင်မြင်စွာ ရပ်တည်နေပါတယ်။

Ref – Dailymail
http://www.planet.com.mm/detail/28437/Entertainment

No comments:

Post a Comment