Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 12, 2015

သမီးလေးမွေးတုန်းက မွေးခန်းထဲ Paul Walker ရှိနေတယ်လို့ ခံစားရတဲ့ Vin Diesel က သမီးလေးကို Pauline Sinclair လို့ အမည်ပေး




Vin Diesel ဟာ သူ့ရဲ့ ချစ်စရာသမီးလေးပုံကို instagram မှာတင်ပြီး တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေရဲ့ နှလုံးသားကို ဖမ်းစားခဲ့ပါတယ်။ Vin Diesel ဟာ ချစ်သူ Paloma Jimenez နဲ့ မတ်လတုန်းက Pauline Sinclair လေး ဖွားမြင်ခဲ့တာဖြစ်ပြီး ဓာတ်ပုံမှာ သမီးလေးက Vin Diesel ရဲ့ နဖူးလေးကို နမ်းပြီး Vin က သမီးလေးရဲ့ ဗိုက်လေးကို နမ်းနေတာကို မြင်တွေ့ ရမှာပါ။
သမီးလေး မွေးဖွားနေတုန်းမှာ Vin ဟာ Paul Walker တစ်ယောက် မီးဖွားခန်းထဲမှာ ရှိနေသလို ခံစားခဲ့ရတယ်လို့ ပြောပြခဲ့ဖူးပါတယ်။“ သူ အခန်းထဲမှာရှိနေခဲ့တယ်” “ သမီးလေးရဲ့ ချက်ကြိုးကိုဖြတ်နေတုန်းမှာ ကျွန်တော့် စိတ်ထဲမှာ ဘယ်သူကိုမှ တွေးမနေမိပါဘူး။ သူ အဲဒီမှာရှိနေခဲ့တယ်လို့ ကျွန်တော် အလိုလို သိနေတာ” လို့ Vin က Today show ကို ပြောပြခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Vin Diesel ဟာ ရည်းစား Paloma Jimenez နဲ့ သားလေး Vincent Sinclair ၊ သမီး Hania Riley တို့ ရရှိထားပြီး Pauline က သုံးယောက်မြောက် ဖြစ်ပါတယ်။ ခြောက်နှစ်သမီး Hania ဟာ ဂျူဒို နဲ့ ဂျူဂျစ်ဆု မှာ လိမ္မော်ရောင်ခါးပတ် ရရှိထားပြီးဖြစ်ပြီး သမီးဖြစ်သူနဲ့ ယောင်္ကျားလေးတွေ တိုက်ခိုက်ရတာကို စိုးရိမ်မှု မရှိဘူးလို့ Vin Diesel က ပြောကြားခဲ့ပါတယ်။ 
ကလေးတွေ သူတို့ ဘာသာ ထိန်းကျောင်းနိုင်စေဖို့ သင်ကြားပြသပေးရမှာ ဖြစ်တယ်လို့ Vin က သူ့ ရဲ့ ခံယူချက်ကို ပြောပြခဲ့ပါတယ်။
Ref: Mirror
http://www.trend.com.mm/2015/08/12/news-7402

No comments:

Post a Comment