Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

MH17 ခရီးသည်တင် လေယာဉ် ပျက်ကျခြင်းသည် CIA ၏ တိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု ရုရှားပြောကြား

MH17: Dastardly CIA 'plot' to shoot down plane 'revealed' in Russia

မော်စကို ၊ ၁၄-၈-၂၀၁၅

မလေးရှား လေကြောင်းလိုင်း ပိုင်ခရီးသည်တင် လေယာဉ်တစ် စင်းဖြစ်သည့် MH17 လေယာဉ် ပျက်ကျခြင်းသည် အမေရိကန် ဗဟို ထောက်လှမ်းရေး အေဂျင်စီ (CIA) က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှား သတင်းတစ်ရပ် တွင် ဖော်ပြခဲ့သည်။

CIA အဖွဲ့သည် အခြား အနောက်နိုင်ငံ များနှင့် ပူးပေါင်း၍ တိုက်ခိုက် ခဲ့ခြင်းကြောင့် ပျက်ကျ ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့သည် ဗုံးများကို လေယာဉ်မှူး အခန်းနှင့် ခရီးဆောင် အိတ်များ ထားရှိရာ နေရာများတွင် ထောင်ထားခဲ့ခြင်း ဖြစ်ကြောင်း ရုရှား လုံခြုံရေး အဖွဲ့မှ အကြီးအကဲ ဟောင်း ဆာဂျီဆို ကိုလော့ဗ် က ပြောကြား ခဲ့သည်။

အမေရိကန် အစိုးရသည် ယင်း မလေးရှား လိုင်းပိုင် လေယာဉ်အား ဂြိုဟ်တုကို အသုံးပြု၍ အဝေးထိန်း ခလုတ်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

အမေရိကန် တပ်ဖွဲ့ဝင် များသည် ဒုံးကျည်များဖြင့် အဆိုပါ လေယာဉ် ကိုပစ်ချရန် ကြိုးပမ်း ခဲ့သော်လည်း ယင်းလေယာဉ်မှာ ဗုံးပေါက်ကွဲ မှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ဆိုကိုလော့ဗ် က ဆက်လက် ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment