
Khalifa ရဲ့ Instagram မှာ တင်ထားတဲ့ ဗီဒီယိုအရ အမေရိကန် အကောက်ခွန်နဲ့ နယ်စပ် ထိန်းသိမ်းရေးအရာရှိတွေဟာ Khalifa ကို ကြမ်းပြင်ပေါ် လှဲချုပ်ထားပြီး ခုခံမနေဖို့ ပြောကြားနေတာကို မြင်တွေ့ ရပါတယ်။နောက်ထပ် ဗီဒီယိုတစ်ခုမှာလည်း Khalifa ဟာ လက်ထိပ်တန်းလန်းနဲ့  ရဲအရာရှိတွေနဲ့ အတူ မတ်တပ်ရပ်နေတာ ကို တွေ့ ရပါတယ်။
“ ငါဘာမှမလုပ်ဘူး။ မင်းတို့ ဘာလုပ်ချင်လို့ လဲ။ မင်းတို့ ပြောတာ ငါနားမထောင်လို့ ငါ့ကို အချုပ်ထဲထည့်မလို့ လား” လို့ Khalifa က ပြန်လည် ပြောဆိုနေခဲ့ပါတယ်။ ယူအက်စ်အကောက်ခွန်နဲ့  နယ်စပ်ထိန်းသိမ်းရေး ပြောဆိုခွင့် ရပုဂ္ဂိုလ် Jaime Ruiz က Khalif ကို လက်ထိပ်ခတ် ခဲ့တာမှန်ပေမယ့် မဖမ်းဆီးခဲ့ဘူးလို့ ဆိုပါတယ်။
ခရီးသွားဧည့်သည်တွေကို လေးစားမှုနဲ့ ဆက်ဆံရမယ် ဆိုပေမယ့် ခရီးသည်တွေဟာ သူတို့ အပါအ၀င်တခြားလူတွေ ဘေးကင်းလုံခြုံမှုအတွက် စည်းမျဉ်းစည်းကမ်း တွေကိုတော့ လိုက်နာရမယ်လို့ ဆိုပါတယ်။ Khalifa ဟာ စည်းကမ်းမလိုက်နာခဲ့ဘူးလို့ သူက ပြောကြားပါတယ်။
Khalif ဟာ ပြင်သစ်နဲ့ ဖင်လန်တို့ ကို အပန်းခြေခရီးထွက်ခဲ့ရာကနေ အမေရိကန်ပြည်ထောင်စုကို ပြန်လာတဲ့ အခိုက်မှာ အခုဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Reuters
http://www.trend.com.mm/2015/08/24/news-7490
No comments:
Post a Comment