Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

ရေခဲမုန့် ကုမ္မဏီ တစ်ခုကို တရားစွဲမယ့် Lady Gaga




ပေါ့ပ် အဆိုတော် မလေး Lady Gaga ဟာ သူမရဲ့ နာမည်ကို လူနို့ရည် နဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန်ရဲ့ နာမည်အဖြစ် ပေးခဲ့တဲ့ ဗြိတိန် ရေခဲမုန့် ကုမ္မဏီ တစ်ခုကို တရားစွဲမယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် Lady Gaga ဟာ The Licktators ဆိုတဲ့ လန်ဒန် အခြေစိုက် ရေခဲမုန့် ကုမ္မဏီ ကို တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ The Licktators ကုမ္မဏီကတော့ လူနို့ရည် နဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်ရဲ့ နာမည်ကို Royal Baby Gaga လို့ ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Lady Gaga ရဲ့ ရှေ့နေတွေက The Licktators ကုမ္မဏီ ကို မူပိုင်ခွင့် ချိုးဖောက်မှု နဲ့ တရားစွဲဖို့အတွက် စီစဉ်နေတာပါ။ ကုမ္မဏီကတော့ ထို လူနို့ရည်နဲ့ ပြုလုပ်ထားတဲ့ ရေခဲမုန့်ကို မေလကမှ ဗြိတိန်တော်ဝင်မင်းသား William နဲ့ Kate တို့ရဲ့ ကလေးမွေးတဲ့ နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး ဗြိတိန်တော်ဝင် ကလေးငယ် အမှတ်တရ Royal Baby လို့ အမည်ပေးခဲ့တာပဲဖြစ်ပါတယ်။

ထို ရေခဲမုန့်ကတော့ တစ်ကယ့် လူတွေရဲ့ နို့ရည်အစစ်ပါ။ ဆေးရုံအဆင့်ရှိတဲ့ နေရာမျိုးမှာ အမျိုးသမီးတွေ နို့ချိုတိုက်ကျွေးနေတဲ့ ဓါတ်ပုံနဲ့လည်း ထို ရေခဲမုန့် ကို ကြော်ငြာထားပါသေးတယ်။ ရေခဲမုန့်မှာ အသုံးပြုတဲ့ နို့ရည်တွေကတော့ လှုဒါန်းထားတဲ့ နို့ရည်တွေဖြစ်တယ်လို့လည်း ကုမ္မဏီ ကဆိုထားပါတယ်။

Lady Gaga ဘက်က ရှေ့နေလိုက်ပေးမယ့် ဥပဒေ အဖွဲ့က ပြောပြတာကတော့ ၀ယ်ယူစားသုံးသူတွေဟာ Royal Baby Gaga ဆိုတာ Lady Gaga ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပြီး ထို ကုန်ပစ္စည်းတွေအတွက် သူမမှာ အခွင့်အာဏာ ရှိတယ်လို့ ထင်နေကြလိမ့်မယ် လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့က ကုမ္မဏီအနေနဲ့ Lady Gaga ရဲ့ နာမည်ကို ယူသုံးထားခြင်းကို ၁၄ ရက်အတွင်း ပယ်ဖျက်ပေးဖို့ တောင်းဆိုထားပါတယ်။

၂၀၁၁ ခုနှစ်တုန်းကလည်း Lay Gaga ဟာ ရေခဲမုန့်ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခုက Baby Gaga ဆိုတဲ့ နာမည်နဲ့ပဲ ရေခဲမုန့် ထုတ်လုပ်ဖူးလို့ တရားစွဲခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment