Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 21, 2015

အပြာရုပ်ရှင် ရိုက်ဖို့ ဒေါ်လာ ၁၀ သန်းနဲ့ ကမ်းလှမ်းခံရတဲ့ Kylie Jenner

အသက် ၁၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ ဖြစ်ရပ်မှန် ကြယ်ပွင့် Kylie Jenner ကို အပြာ ရုပ်ရှင်တွေရိုက်ကူးဖို့ အတွက် ဒေါ်လာ ၁၀ သန်း နဲ့ ကမ်းလှမ်းခံထားရ တယ်လို့ သိရပါတယ်။

Kardashian မိသားစု မှာ အငယ်ဆုံးဖြစ်တဲ့ မော်ဒယ်လ် မလေး Kylie Jenner ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ ၁၈ နှစ်ပြည့်ခဲ့တဲ့ အတွက် တရားဝင် အသက်ပြည့်တဲ့ မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အမေရိကန် အတင်းအဖျင်း သတင်းဌာန တစ်ခုဖြစ်တဲ့ TMZ က ဖော်ပြခဲ့တာကတော့ Kylie ဟာ ကင်မရာ ရှေ့မှာ အ၀တ်အစား တွေ ချွတ်ပြဖို့အတွက် ဒေါ်လာ မြောက်များစွာ နဲ့ ကမ်းလှမ်းခံခဲ့ရတယ်ဆိုတာပါပဲ။

ထို ကမ်းလှမ်းမှုကိုတော့ အပြာရုပ်ရှင်တွေနဲ့ ပတ်သက်ရင် ထိပ်တန်း ကုမ္မဏီ တစ်ခုဖြစ်တဲ့ Vivid Entertainment က ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ထို ကမ်းလှမ်းမှုဟာ Kylie Jenner ကို သူမရဲ့ ချစ်သူဖြစ်သူ ရက်ပ်ပါ Tyga နဲ့ အတူတူ သရုပ်ဆောင်စေချင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြောရမယ်ဆိုရင်တော့ Kylie/Tyga Sextape ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Vivid က Kylie ထံ ပေးပို့ခဲ့တဲ့ ကမ်းလှမ်းစာထဲမှာလည်း Kylie ရဲ့ အစ်မ ဖြစ်သူ Kim Kardashian ဟာ သူမရဲ့ Sex Tape ထွက်ရှိပြီးတဲ့နောက်မှာမှ အနုပညာ ရပ်တည်မှု အပိုင်းမှာ ပိုမို ကောင်းမွန်လာခဲ့ပြီး Kylie အတွက်လည်း ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်တယ်လို့ ဆိုထားပါတယ်။

ထိုကမ်းလှမ်းမှုကို Vivid Entertainment တစ်ခုတည်းကသာ ကမ်းလှမ်းခဲ့တာ မဟုတ်ပဲ Digital Playground ဆိုတဲ့ အပြာရုပ်ရှင် ၀က်ဘ်ဆိုက်ကလည်း Kylie Jenner ကို စာပို့ပြီး ကမ်းလှမ်းထားသေးတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Metro

No comments:

Post a Comment