Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

Khloe Kardashian ကို ခင်ပွန်းဟောင်း Lamar Odom က ပုတ်ခတ်ပြောဆို




ဘတ်စကတ် ဘော ကစားသမား Lamar Odom သူ့ရဲ့ ဇနီးဟောင်းဖြစ်သူ Khloe Kardashian ကို အခြား ဘတ်စကတ်ဘော ကစားသမား တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တယ်လို့ ပုတ်ခတ်ပြောဆိုလိုက်ပါတယ်။

ကမ္ဘာကျော် ဖြစ်ရပ်မှန်ရှိုးတစ်ခုဖြစ်တဲ့ The Keeping Up With The Kardashians ရဲ့ ကြယ်ပွင့် Khloe Kardashian ဟာ အရင်ဘတ်စကတ်ဘော ကစားသမားဟောင်း Lamar Odom နဲ့ ဗုဒ္ဓဟူးနေ့ မနက်က Beverly Hills မှာ အပြန်အလှန် ပြောဆိုတိုက်ခိုက်မှု တွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် Khloe က အားကစား ခန်းမ ကို သွားဖို့ ကြိုးစားနေစဉ်မှာပဲ Lamar က ရုတ်တရတ်ထွက်ပေါ်လာခဲ့ပြီး Khloe ကို ပုတ်ခတ် ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Khloe ဘက်က ၂၀၁၃ မှာ Lamar ကို ကွာရှင်းခွင့်တောင်းခံခဲ့တယ်ဆိုပေမယ့်လည်း သတင်းတွေအရတော့ Lamar ဟာ Khloe နဲ့ ဘတ်စကတ်ဘော ကစားသမား James Harden နဲ့ အနေနီးနေတာ ကို သဘောမကျခဲ့ဘူးလို့ သိရပါတယ်။ နီးစပ်သူတစ်ယောက်က People မဂ္ဂဇင်းကို ပြောပြခဲ့တာကတော့ "Lamar က Khloe ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် Khloe က တော့ သူ့ငို လစ်လျူရှုထားပါတယ်။ Lamar က Khloe နဲ့ James Harden နဲ့တွဲနေတာကို သဘောမကျပါဘူး" လို့ ပြောပြခဲ့ပါတယ်။

ရင်းနှီးသူတွေကတော့ "Lamar က စတူဒီယို အပြင်မှာ စောင့်နေတာကိုတွေ့ပြီး Khloe က ရှော့ခ် ရသွားခဲ့ပါတယ်။ သူမအနေနဲ့ သူဘယ်လို သူမကို ရှာတွေ့သွားလဲဆိုတာမသိပါဘူး။သူမက သက်တော်စောင့်တစ်ယောက်ငှားဖို့လည်း စဉ်းစားနေပါတယ်။" လို့ ဆိုကြပါတယ်။

Khloe နဲ့ James Harden တို့ရဲ့ Kylie Jenner ရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ပွဲမှာလည်း အတူတက်ရောက်လာကြတာကိုတွေ့ရသလို Khloe ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Malika ကလည်း Khloe က James Harden ကို အနမ်းပေးနေတဲ့ ဓါတ်ပုံအား ၁.၆ သန်းသော သူမရဲ့ Follower တွေကို ဝေမျှခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment