Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 25, 2015

Justin Timberlake နဲ့ နှိုင်းယှဉ်ခံရတဲ့အတွက် ဂုဏ်ယူမိပါတယ်ဆိုတဲ့ Nick Jonas



Nick Jonas ဟာ သူလေးစားနှစ်သက်ရတဲ့ အနုပညာရှင် Justin Timberlake နဲ့ နှိုင်းယှဉ်ပြောဆိုကြလိမ့်မယ်လို့သူ့ရဲ့အိပ်မက်ထဲမှာတောင် မမက်ဘူးခဲ့ပါဘူးတဲ့။

ရေဒီယိုရှိုးမှာ Ryan Seacrest ကJonas ကို Justin Timberlake ရဲ့အသက်မွေးမှုလုပ်ငန်းနဲ့ နှိုင်းယှဉ်မေးမြန်းခဲ့တာဖြစ်ပါတယ်။ Jonas က သူဟာ Justin ကို အမြဲတမ်း လေးစားအားကျနေခဲ့တာဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့ပြီး ခုလို နှိုင်းယှဉ်ပြောဆိုခံရတဲ့အတွက် အရမ်းဂုဏ်ယူမိကြောင်း ပြောသွားပါတယ်။

“ ဒါ ဂုဏ်ယူစရာပါပဲ။ ဒီလိုသာ တကယ့်လမ်းကြောင်းဖြစ်လာမယ်ဆိုရင် အရမ်းမိုက်မှာပါ။ ဒီနှစ်ကတော့ ကျွန်တော်အတွက် အထူးစပယ်ရှယ် နှစ်ပါပဲ။” လို့ သူကဆိုပါတယ်။
 Jonas က ယောကျာ်းလေးသုံးယောက် တီးဝိုင်းအဖွဲ့ကနေ ခုလို တစ်ယောက်ထဲ အနုပညာအလုပ်တွေလုပ်ရမယ်ဆိုတော့ ခက်ခဲပြီး လူတွေကလည်း ကိုယ်ရဲ့အရင်ပုံစံကို လက်ခံသိရှိပြီးဖြစ်နေတာကြောင့် မလွယ်ကူပါဘူးလို့လည်း ဆိုပါတယ်။

“ Kingdom” ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်တဲ့ အဆိုတော် သရုပ်ဆောင်က သူ့ရဲ့လက်ရှိအချစ်ရေးကိုလည်း ဖွင့်ဟထားပါသေးတယ်။ Kendall Jenner နဲ့ ကောလဟာလ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေက ဖော်ပြနေကြတဲ့ ဒီကောလဟာလတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာတော့ သူဟာ လူလွတ်တစ်ဦးဖြစ်နေကြောင်း ပြောသွားပါတယ်။” ကျွန်တော်က Olivia Culpo နဲ့ ၂နှစ် တွဲခဲ့ပါတယ်။ ကျွန်တော်တို့မှာ လှပတဲ့ဆက်ဆံရေးတစ်ခုရှိခဲ့ပြီး ပျော်စရာလည်းကောင်းပါတယ်။ ခုတော့ ဒါဟာဝမ်းနည်းစရာ အဆုံးသတ်ချိန်ဖြစ်သွားပါပြီ။ ဒါပေမယ့် ခုတော့ ကျွန်တော် လူလွတ်တစ်ယောက်ပါ။ ခုလိုကောလဟာလတွေ ထွက်လာတာက ကျွန်တော့်အတွက်တော့ စိတ်ကူးယဉ်ဇာတ်လမ်းတွေပါပဲ။” လို့ဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment