Justin Bieber နဲ့ ရုပ်တစ်ထေရာတည်း တူတဲ့ Toby Sheldon ဟာ ယခုတစ်ပတ် အစောပိုင်းက ပျောက်ဆုံးနေကြောင်း သတင်းရရှိပြီးနောက် နှစ်ပတ်အကြာမှာ သူ့ ကို သေဆုံးလျက် တွေ့ ရှိခဲ့ရတယ်လို့ ယူအက်စ်သတင်းတွေ အရသိရပါတယ်။
အသက် ၃၅ နှစ်အရွယ် Toby ဟာ သူ့ ရဲ့အသည်းစွဲအဆိုတော် Justin Bieber နဲ့ တစ်ထေရာတည်း တူဖို့ အတွက် ကန်ဒေါ်လာ တစ်သိန်း အကုန်အကျခံသုံးစွဲခဲ့ရပြီး သြဂုတ်လ ၈ ရက်နေ့ က West Hollywood မှာ သူ့ ကိုနောက်ဆုံး မြင်တွေ့ ခဲ့ရပါတယ်။
Toby ရဲ့အလောင်းကို San Fernando Valley မှာ သြဂုတ်လ ၂၁ ရက်နေ့ က ရှာဖွေတွေ့ ရှိခဲ့ကြောင်း TMZ သတင်းဌာနက သတင်းပေးပို့ ထားပါတယ်။ TMZ ရဲ့အဆိုအရ အခန်းထဲမှာ မူးယစ်ဆေးဝါးတွေကို တွေ့ ရှိခဲ့ရတယ် ဆိုပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ သေချာမသိရှိရသေးပါဘူး။
Toby ဟာ လက်တွေ့ ဘ၀ရုပ်မြင်သံကြားအစီအစဉ်တွေဖြစ်တဲ့ Botched နဲ့ My Strange Addiction တို့ မှာ ယမန်နှစ်က ပါဝင်ခဲ့ပြီးနောက် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။
trend myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 27, 2015
Justin Bieber နဲ့ တစ်ထေရာတည်းတူအောင် ဒေါ်လာတစ်သိန်း အကုန်အကျခံခွဲစိတ်ခဲ့သူ Toby Sheldon ကို သေဆုံးလျက် တွေ့ ရှိ
Justin Bieber နဲ့ တစ်ထေရာတည်းတူအောင် ဒေါ်လာတစ်သိန်း အကုန်အကျခံခွဲစိတ်ခဲ့သူ Toby Sheldon ကို သေဆုံးလျက် တွေ့ ရှိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 27, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment