Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

အရေပြားကို လောင်ကျွမ်းစေသည့် ဓာတုလက်နက်ကို ISIS စစ်သွေးကြွများ အသုံးပြု တိုက်ခိုက်ဟု အမေရိကန် အတည်ပြု



US reportedly sees possible pattern in ISIS chemical weapons attacks


ဝါရှင်တန် ၊ ၁၆-၈-၂၀၁၅

ISIS စစ်သွေးကြွ များသည် ဆီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဟာ ဗျူဟာမြောက် မြို့တစ်မြို့ ဖြစ်သော ဟာဆာကက်မြို့ အတွင်း ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများ အတွင်း အရေပြား များကို လောင်ကျွမ်း စေသည့် ဓာတုလက်နက် တစ်မျိုးကို အသုံးပြု ခဲ့ကြောင်း အမေရိကန် အစိုးရက သြဂုတ် ၁၄ ရက်တွင် အတည်ပြုခဲ့သည်။

ဆီးရီးယားနိုင်ငံ အတွင်း လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်အတွင်း က ဖြစ်ပွားခဲ့သည့် အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှု များကို စစ်ဆေးခဲ့ရာ ISIS စစ်သွေးကြွ များက ဓာတုလက်နက်ကို အသုံးပြု၍ တိုက်ခိုက် ခဲ့သည်ဟု အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်ကြောင်း အမည် မဖော်လိုသူ အမေရိကန် အရာရှိ တစ်ဦးက ပြောကြား ထားသည်။

ထို့ပြင် ISIS စစ်သွေးကြွ များသည် အဆိုပါ ဓာတုလက်နက် များကို အမြောက်အမြား ပိုင်ဆိုင် ထားသည့် အပြင် အခြားဒေသများ တွင်လည်း ယင်း လက်နက် များကို အသုံးပြု တိုက်ခိုက်ခဲ့သည် ဟူသော အထောက်အထား များကို ရရှိထားကြောင်း အဆိုပါ အမေရိကန် အရာရှိက ထပ်လောင်း ပြောကြား ထားသည်။

အမေရိကန် အာဏာပိုင် များသည် အီရတ်နိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ်ကို စုံစမ်း စစ်ဆေးခဲ့ ရာမှ ISIS စစ်သွေးကြွ များ၏ ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုကို ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment