Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 24, 2015

iPhone တစ်လုံးကို ခုနှစ်ရက်ကြာ အားသွင်းပေးနိုင်မယ့် ကမ္ဘာ့ပထမဦးဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘက်ထရီ

ဗြိတိန်နည်းပညာကုမ္ပဏီတစ်ခုဟာ ကမ္ဘာ့ပထမဦးဆုံး ဟိုက်ဒရိုဂျင်စွမ်းအင်သုံးဘက်ထရီကို တီထွင်ထုတ်လုပ် ခဲ့ပါတယ်။

Intelligent Energy အမည်ရ ကုမ္ပဏီဟာ Apple နဲ့ အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ယူဆရပြီး ဒီ ဘက်ထရီဒီဇိုင်းဟာ iPhone တစ်လုံးကို တစ်ပတ်ကြာ အားသွင်းပေးထားမှာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ iPhone 6 ရဲ့ အရွယ်အစားနဲ့ ပုံစံကို ပြောင်းလဲထားခြင်းမရှိဘဲ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးဓာတ်ခဲစနစ်တစ်ခုကိုသာ ထည့်သွင်းထားတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ iPhone ရှေ့ ပြေးပုံစံမှာ ပြန်လည်အားသွင်းနိုင်တဲ့ ဘက်ထရီတစ်လုံးနဲ့ ၊ ကုမ္ပဏီရဲ့မူပိုင်ခွင့်တင်ပြီးသား နည်းပညာဖြစ်တဲ့ ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ဓာတ်ပြုပေါင်းစည်းခြင်းဖြင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့နည်းပညာကို ကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဒီနည်းပညာဟာ ရေငွေ့ နဲ့ အပူချိန် နည်းနည်းကိုပဲ ပြန်လည်စွန့် ထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။

တခြားiPhoneတွေနဲ့ ကွာခြားချက်တစ်ခုကတော့ ရေငွေ့ ပမာဏအနည်းအကျဉ်းပြန်ထွက်နိုင်အောင်လို့ ဖုန်း နောက်ကျောဘက်မှာ လေထွက်ပေါက်လေးတွေ ပါရှိပါတယ်။
ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ကိုတော့ ဒီနည်းပညာနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြန်လည်ပြင်ဆင်ထားတဲ့
နားကြပ်အပေါက်ကနေ ပြန်လည် ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။

စီးပွားဖြစ်ဖြန့် ချိဖို့ အတွက်၊ ကုမ္ပဏီဟာ နောင်ထွက်ရှိမယ့်စမတ်ဖုန်းတွေရဲ့အောက်ခြေမှာ ထည့်သွင်းနိုင်မယ့် ဖလင်ဘူးသဏ္ဍာန် တစ်ခါသုံးဘူးတစ်မျိုးကို တီထွင်နေပြီး ထိုဘူးမှာပါဝင်မယ့် ဟိုက်ဒရိုဓာတ်ငွေ့ ထုတ် ပေးနိုင်တဲ့အမှုန့် ကနေ စမတ်ဖုန်းတွေကို အားပြန်သွင်းစရာမလိုဘဲ တစ်ပတ်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Thitoolwin

No comments:

Post a Comment