Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 5, 2015

ဒီနှစ်ထဲ ထွက်လာတော့မယ့် iPhone အသစ်ဟာ iPhone 6 ထက် အနည်းငယ် ပိုထူဖွယ်ရာရှိ



ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ တုန်းက Apple က iPhone 6 ကို ထုတ်လုပ်လိုက်တဲ့အခါမှာ Apple 
ပရိတ်သတ်တွေအားလုံးက စိတ်အားတက်ကြွစွာ ၀ယ်ယူအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း 
တစ်ခုတည်းသော အားနည်းချက်ကတော့ ဖိအား တွေအောက်မှာ ကွေးကောက်သွားနိုင်တဲ့ Bent 
ဆိုတဲ့ Feature ပဲ ဖြစ်ပါတယ်။

အခုတော့ Apple က ဒီနှစ် အကုန်ပိုင်းလောက်မှာ iPhone 6S လား iPhone 7 လားသေချာမသိသေးတဲ့ 
ထုတ်ကုန် အသစ်တစ်မျိုးကို ထုတ်လုပ်သွားဖို့ရှိနေပါတယ်။ ဒီတစ်ကြိမ်မှာလည်း Apple ပရိတ်သတ်အားလုံး
က တစ်ခုပဲ မျှော်လင့်ကြပြန်ပါတယ်။ ကွေးကောက်သွားစေတဲ့ Bent လုပ်ဆောင်ချက် မပါဝင်လာဖို့ပါ။

ပရိတ်သတ် အကြိုက်ကို သိနှင့်ပြီးဖြစ်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး စမတ်ဖုန်း ကုမ္မဏီ ကြီး Apple က 
အခုအသစ်ထပ်မံ ထုတ်လုပ်မယ့် ဖုန်းမှာ ကွေးကောက်သွားစေနိုင်တဲ့ Bent လုပ်ဆောင်ချက်ကို 
မထည့်သွင်းပဲ ရှောင်ရှားနိုင်အောင်လို့ ဖုန်းရဲ့အထူကို အရင်ထက် နည်းနည်းလောက် ပိုထူပြီး 
ထုတ်လုပ်သွားမယ်လို့ ထွက်ရှိလာတဲ့ iPhone အသစ်ရဲ့ ဓါတ်ပုံတွေအရ ကျွမ်းကျင်သူတွေက 
ခန့်မှန်းထားကြပါတယ်။

ထို ဓါတ်ပုံတွေကိုတော့ uSwitch ဆိုတဲ့ ၀က်ဘ်ဆိုက်တစ်ခုကနေ စတင်ဖြန့်ချီခဲ့တာဖြစ်ပြီး တတိယ 
ပါတီ ဖုန်းကာဗာ ထုတ်လုပ်သူတွေအတွက် ဖုန်းနဲ့ ဆက်စပ် အပိုပစ္စည်းတွေ ကြိုတင်ပြင်ဆင်ထားနိုင်ရန် 
ထိုပုံတွေ ကို မျှဝေရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ Apple ရဲ့ စမတ်ဖုန်းတွေထဲမှာတော့ အပါးလွှာဆုံး ဖြစ်တဲ့ iPhone 6 ဟာ ၆.၉ မီလီမီတာ 
ထူပြီး ထပ်မံထုတ်လုပ်မယ့် iPhone အသစ်မှာတော့ ၇.၁ မီလီမီတာ အထိ အနည်းငယ် ပိုထူလာနိုင်တယ်
လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

No comments:

Post a Comment