Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 25, 2015

ချစ်သူ ကောင်မလေး အသစ် ရနေတဲ့ ဗြိတိန် တော်ဝင်မင်းသား Harry



ဒီနှစ်နွေရာသီ အစောပိုင်းမှာ ဗြိတိန် တော်ဝင်မင်းသား Harry ဟာ အင်္ဂလိပ် မင်းသမီး Jenna Coleman နဲ့ အတူတွေ့ခဲ့ရပြီး အခုတော့ သူတို့ ၂ ယောက်ဟာ လျှို့ဝှက်စွာ တွဲခုတ်နေကြတယ်လို့ သိရပါတယ်။

Life & Style မဂ္ဂဇင်း ရဲ့ အဆိုအရတော့ သူတို့ ၂ ယောက်ရဲ့ ကဗျာဆန်မှု တွေဟာ အတိုက်အခိုက်တွေရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ Coleman ရဲ့ အတိတ်က အလုပ်တွေကြောင့်ပဲ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၂ ယောက်နဲ့ ရင်းနှီးတဲ့ အတွင်းလူတစ်ယောက် ကပြောကြား ခဲ့တာကတော့ "Jenna ဟာ တယ်လီဗီးရှင်းမှာ အပေါ်ပိုင်းဗလာ နဲ့ ရိုက်ခဲ့ပြီးပါပြီ။ သူမဟာ ချစ်တင်းနှောတဲ့ ဇာတ်ဝင်ခန်းတွေလည်း များစွာ ရိုက်ခဲ့ဖူးသလို သူမ ရဲ့ သိက္ခာမဲ့တဲ့ ဗီဒီယိုတွေလည်း အွန်လိုင်းမှာ အများကြီး ရှိနေပါပြီ" လို့ ဆိုပါတယ်။

"တော်ဝင်မင်းသား Harry ကတော့ ဒီ သတင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း ဗြိတိန် နိုင်ငံ က ပရိတ်သတ်တွေအားလုံးက Coleman ကို သဘောကျ ကြပါတယ်။ သူမဟာ အံ့သြဖို့ကောင်းတဲ့ မင်းသမီး တစ်ပါး ဖြစ်လာနိုင်ပါတယ်။ မင်းသား Harry ကတော့ သူ့ရဲ့ အချစ်ရေးကို လျှို့ဝှက်စွာပဲ ဆက်လက် ရှိနေစေချင်ပါတယ်။" လို့ သူတို့ စုံတွဲနဲ့ ရင်းနှီးသူတစ်ဦးက ဆိုထားပါသေးတယ်။

Jenna Coleman ဟာ အရင်တုန်းကတော့ "Game Of Thrones" ဇာတ်လမ်းတွဲ ရဲ့ ကြယ်ပွင့် Richard Madden နဲ့ တွဲခဲ့ဖူးပေမယ့်လည်း သူမ တို့စုံတွဲဟာ ၂၀၁၁ ခုနှစ်မှာ စတွဲပြီး ဒီနှစ် ဇွန်လ ထဲမှာ ပဲ ပြတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အလုပ်ရှုပ်လှတဲ့ နေ့စဉ် အချိန်ဇယားတွေဟာ သူတို့ ၂ ယောက်ကို ကွဲကွာ သွားစေခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Coleman ဟာ "Doctor Who" ဆိုတဲ့ ဇာတ်လမ်းထဲမှာလည်း Clara Oswald အဖြစ် သရုပ်ဆောင်ထားသလို မနှစ်က ဗြိတန် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ FHM ရဲ့ အလန်းဆုံး အမျိုးသမီး အယောက် ၁၀၀ စာရင်းမှာလည်း သူမဟာ အဆင့် ၃၂ ရရှိခဲ့သူပဲ ဖြစ်ပါတယ်။ တော်ဝင်မင်းသား Harry ကတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ မှာ သူနဲ့ နှစ်ရှည်လများတွဲခဲ့တဲ့ ကောင်မလေး Cressida Bonas နဲ့ လမ်းခွဲခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment