Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 23, 2015

Google+ အကြောင်း

မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါကျွန်တော်တို့မြန်မာလူမျိုးအများစုက Gmail နဲ့မစိမ်းကြပါဘူး။ဒါပေမယ့် Google+ နဲ့တော့တော်တော်လေးမရင်းနှီးကြဘူးလို့ထင်မိတယ်။Google+ ဆိုတာဘာလဲ???google+ ဆိုတာက အားလုံးသိကြတဲ့ နာမည်ကြီးgoogle.comရဲ့ social networking service တစ်ခုဖြစ်ပါတယ်။ဒီထက်နဲနဲပိုခက်အောင်ပြောရရင် Google+ ဆိုတာ Facebook,Twitter,VZO(skype),Gtalk အဲ့ဒါတွေအားလုံးကိုပေါင်းစည်းထားတဲ့ website တစ်ခုပေါ့။ ရှုပ်သွားပြီလားမသိဘူး။ မရှုပ်ပါနဲ့အုံး လွယ်လွယ်လေးပါ။

ဒီလိုမှတ်ထားလိုက် Facebook အငယ်စားလေးပေါ့။တကယ်ပဲ Facebook အငယ်စားလေးလား??Facebook Killerလား???G+ မှာ FB နဲ့လုံးဝနီးပါးချွတ်စွတ်တူနေတဲ့နေရာတွေရှိနေပါတယ်။ ဒါပေမယ့် FB အတု ဒါမှမဟုတ် FBကို copyလုပ်ထားတာဆိုပြီးကမ္ဘာပေါ်ကဘယ် user ကမှအထင်မသေးရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့FB ဆီက copy လုပ်ထားတယ်ဆိုတာထက် FB တောင်နောက်ကောက်ကြသွားနိုင်တဲ့ အားသာချက်တွေများစွာနဲ့ users တွေဆီကို featureအသစ်တွေနဲ့ ဝင်ရောက်လာခဲ့တာပါ။ အခုဆို feature
အသစ်အသစ်တွေဆက်တိုက်ထွက်လာပြီး ဟိုတလောက FB ပိတ်တော့မယ်ဆိုတဲ့ သီတင်းတကယ်မှန်သွားစေနိုင်လောက်အောင် လျှင်လျှင်မြန်မြန်နဲ့အောင်မြင်လာခဲ့ပါတယ်။Google+ ဆိုပြီးတရားဝင်မလွှင့်တင်ခင်အထိ Google+Project ဆိုပြီး Google company က၀န်ထမ်းတွေကိုစပြီးအသုံးပြုခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီ Trial ကာလအတွင်းကတော့ G+ ကိုလက်ရှိအသုံးပြုနေတဲ့သူတွေကinvite လုပ်ပေးမှ အကောင့်မရှိသေးတဲ့သူတွေအသုံးပြုခွင့်ရတဲ့ကာလပါ။အံ့သြစရာကောင်းလောက်အောင်ပါပဲ Trial ကာလ(June 28, 2011 until September 20,2011) ၄လ အတွင်းမှာ အသုံးပြုသူဦးရေ သန်း ၅၀ ကျော်တဲ့ အထိအောင်မြင်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Trial စလွှင့်တင်ပြီး ၂ပတ် အတွင်းမှာတင် အသုံးပြုသူ ၁၀ သန်း၊၁လ အတွင်း ၂၅သန်း(ဒါတောင်တရုတ်မှာ Block လုပ်ထားခဲ့လို့)အထိအောင်မြင်ခဲ့ပါတယ်။ ထက်ပြီးအတိအကျပြောရရင် Facebook စတင်လွှင့်တုန်းကအသုံးပြုသူ ၂သန်း ရရှိဖို့ ၂နှစ် ကြာခဲ့ပါတယ်။ G+ က FB ရဲ့စံချိန်ကိုချိုးပြခဲ့ပါတယ်။
ဘာလို့ G+ အဲ့လောက်အောင်မြင်လာခဲ့တာလဲ???G+ မှာ circle, photo, stream, hangout, game, spark ဆိုတဲ့ အဓိက features တွေပါရှိပါတယ်။CirclesG+ ကိုအောင်မြင်စေတဲ့အဓိက feature ပါ။ Circle တွေဘယ်လိုအလုပ်လုပ်လဲကြည့်ရအောင်Google+ ရဲ့ circle တွေက facebook ရဲ့ Add As Friend နဲ့လုံးဝကွာပါတယ်။ G+ မှာ user အတွက်friends,family,acquaintances, following ဆိုတဲ့ circles တွေပါပြီးသားပါသင်လုပ်ရမှာကသင့် gmail account ထဲက သူငယ်ချင်းတွေကို click လိုက်ထောက်ပြီး ရှိနေတဲ့ friends ဆိုတဲ့စက်ဝိုင်းထဲကို drop ချလိုက်ရုံပါပဲ၊မိသားစုဝင်တွေဆိုရင်တော့ Family ဆိုတဲ့စက်ဝိုင်းထဲကိုပေါ့။Following ဆိုတာက ဥပမာ Britney Spears ဆိုပါတော့ သင်ကသူ့ကို friend circle ထဲထဲ့လို့ရပါတယ်၊သင့်သဘောပါပဲ ဒါပေမယ့် သင်ဟာသူနဲ့တကယ်သူငယ်ချင်းမဟုတ်ပါဘူး။ သူကလဲ သန်းနဲ့ချီတဲ့ friend requestsတွေထဲကသင့်ရဲ့ request ကိုမှရွေးပြီးသူ့ရဲ့သူငယ်ချင်းစက်ဝိုင်းထဲ ထဲ့မှာမဟုတ်ပါဘူး။ အဲ့တော့သူ့ရဲ့ public profileကိုသင်ဝင်ကြည့်လို့ရမှာမဟုတ်ပါဘူး။ အဲ့တော့သင်သူ့ကို Follow လုပ်လိုက်ပါ။သင်ဟာသူ့ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်သွားပါပြီ။သူ့ရဲ့ Public sharing တိုင်းကိုသင်မြင်တွေ့နိုင်ပါပြီ။Pages တွေ ဥပမာ မှော်ဆရာgroup ရဲ့ page ဆိုပါတော့ group ထဲကမန်ဘာတွေနဲ့သူငယ်ချင်းဖြစ်လို့ရပေမယ့်group ကြီးနဲ့တော့သူငယ်ချင်းဆိုတာမဖြစ်နိုင်ပါဘူး အဲ့တော့ကျွန်တော်တို့တွေ ဒီ group ကို follow လုပ်ရပါတယ်ဒီသဘောပါ။Circles တွေရဲ့အသုံးဝင်ပုံဘာလို့ဒီလိုစက်ဝိုင်းတွေရှိနေရတာလဲ??? အဖြေရှင်းဖို့အတွက် Facebook နဲ့သတ်သေပြရမှာပါ။ဥပမာဗျာ ကျွန်တော်တက္ကသိုလ်တက်တုန်းက အတန်းတက်ဖို့နေနေသာသာ ကန်တင်းမှာကြီးပဲ ၃နှစ်ကုန်ခဲ့တာအဲ့အကြောင်းတွေ ကျွန်တော်ပြန်တွေးဖြစ်တော့ တက္ကသိုလ်ကြီးကိုလွမ်းမိတာပေါ့၊ အဲ့လိုနဲ့ကျွန်တော် Facebookပေါ်တင်မယ်ဆိုပါတော့။ တင်လိုက်ပါပြီ။ ဖြစ်ချင်တော့
ကျွန်တော့်အမေကြီးလဲ FB သုံးတယ်လေသူကလဲကျွန်တော့်ထဲမှာ family member တစ်ယောက်အနေနဲ့ရှိနေတယ် အဲ့တော့ကျွန်တော်တင်တာကိုသူမြင်နေရတာပေါ့။ သူ မဆူရင်တောင်ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမယ့်ဗျာ လေတာကလဲလေပြီးသွားပြီFB ပေါ်တင်ချင်တာလဲအရမ်းပဲ အမေတစ်ယောက်ထဲကိုမတွေ့အောင်ဖန်တီးပြီးတင်လို့ရပေမယ့်ကိုယ့်သူငယ်ချင်းဖြစ်နေတဲ့ အမေ့ရဲ့သူငယ်ချင်းတွေ ရှိနေရင်ဘယ်လိုလုပ်မလဲ။ ဒါဥပမာပဲရှိသေးတာနော်။
ကျွန်တော်တို့ဆီမှာလူတိုင်းမသိစေချင်တဲ့ခံစားချက်လေးတွေရှိတာပဲအဲ့ခံစားချက်လေးတွေအတွက်ထွက်ပေါက်အဖြစ် ကိုယ်သိစေချင်တဲ့သူတွေကိုပဲသိစေလိုတာမျိုးတွေလဲရှိတာပေါ့၊ FB ကဒါမျိုးတွေဖန်တီးမပေးနိုင်ပါဘူး။လူတစ်ယောက်ကိုသင်သူငယ်ချင်းအဖြစ်လက်ခံလိုက်ပြီဆိုရင် သင်တင်သမျှပိုစ်တွေကို သူမြင်ချင် မမြင်ချင်ချင်တွေ့နေရမှာပါပဲ။G+ ရဲ့circles တွေကအဲ့ပြဿနာကိုလွယ်ကူတဲ့အဖြေနဲ့ရှင်းပေးထားပါတယ်။
circle တွေပါ။ခုနကကျွန်တော့ဥပမာအတိုင်းဆိုရင်ကျွန်တော် G+ ထဲမှာ University Friends ဆိုတဲ့
စက်ဝိုင်းဆောက်လိုက်မယ်ဗျာ။ပြီးတက္ကသိုလ်ကသူငယ်ချင်းတွေချည်းပဲထဲ့ထား နောက်ကိုရေးချင်တာရေးပြီး ကိုယ့်ပိုစ်ကိုတွေ့စေချင်တဲ့circles တွေကိုပဲရွေးပြီး share လိုက်။ Public ထဲတင်ချင်ရင် Public ဆိုတာကိုရွေးပြီး share လိုက်။အလွန်လွယ်ကူပြီးသင့်ရဲ့ privacy ကိုလဲမထိခိုက်ပါဘူး။Circles တွေအကြောင်းကပြောရင်တောင်ကုန်ပါ့မလား တစ်ခုကျန်သေးတယ်friend တွေအချင်းချင်းthe whole circle လုံး share လို့ရသေးသဗျာ။ ကျွန်တော့်ဆီမှာကျွန်တော်လေးစားတဲ့စာရေးဆရာတွေချည်းပဲရှိတဲ့စက်ဝိုင်းရှိတယ်ဗျာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကအဲ့စာရေးဆရာတွေကို follow လုပ်ချင်တယ် FB ထဲမှာသာဆိုရင် ကျွန်တော့် friends တွေဗြောက်သောက်တွေထဲကတစ်ယောက်ချင်းစီကိုလိုက်ပြီး Add ရမှာ စက်ဝိုင်းတွေရှိနေခြင်းကလူတွေကိုသူ့အပိုင်းနဲ့သူစုစည်းထားလို့ရတယ် အခုလိုကျွန်တော့်သူငယ်ချင်းကတောင်းဆိုတာမျိုးရှိလာပြီဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ စာရေးဆရာတွေပဲရှိတဲ့ Friend circle ကိုသူငယ်ချင်းဆီShare ပေးလိုက်ရုံပဲ။ သူလဲအချိန်ကုန်သက်သာတယ် စံနစ်တကျလဲဖြစ်တယ်၊ ဘယ်လောက်ကောင်းလဲ !
Tin Hlaing

No comments:

Post a Comment