Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 8, 2015

၂၀၁၅ လန်ဒန်ကိုရီးယားပွဲတော်မှာ ပါဝင်ဖျော်ဖြေမယ့် f(x) အဖွဲ့


 တောင်ကိုရီးယားနာမည် ကျော်မိန်းကလေးအဆိုရှင်များ အဖွဲ့ f(x)သည် ၂၀၁၅ လန်ဒန် ကိုရီးယားပွဲတော်၌ ပါဝင်ဖျော်ဖြေ မည်ဖြစ်သည်။။
‘‘၂၀၁၅ လန်ဒန်ကိုရီးယား ပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မှာရှိတဲ့ Trafalgar ရင်ပြင်မှာ ကျင်းပပြုလုပ်ပါမယ်။ f(x) ကေ ပေါ့ပ်အဖွဲ့၊ Guckkasten ရော့ခ် ဂီတအဖွဲ့နဲ့ တခြားအဖွဲ့တွေ တက်ရောက်ပါလိမ့်မယ်’’ဟု တောင်ကိုရီးယားယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက သြဂုတ် ၆ ရက် တွင်ပြောသည်။
f(x)အဖွဲ့သည် ၎င်းတို့၏ ထူးခြားသော တေးဂီတနှင့်ဖက် ရှင်တို့ကြောင့် ဥရောပ ပရိသတ် များအကြား ရေပန်းစားသော မိန်းကလေးကေပေါ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ၂၀၁၅ လန်ဒန်ကိုရီးယား ပွဲတော်၌ ပါဝင်တင်ဆက်ခြင်းဖြင့် ၎င်းတို့၏ လွှမ်းမိုးမှုတိုးချဲ့နိုင်မည် ဟု မျှော်လင့်ထားသည်။
သြဂုတ် ၉ ရက်တွင်ကျင်းပ ပြုလုပ်မည့် ၂၀၁၅ လန်ဒန်ကိုရီး ယားပွဲတော်သို့ f(x) အဖွဲ့၊ Guc -kkasten အဖွဲ့၊ ယွန်းမြောင်ဟွာ အကအဖွဲ့၊ ယွန်ဟီးအဖွဲ့မှ ယူဟီးနှင့် အခြားသောကိုရီးယားအနု ပညာရှင်များတက်ရောက်မည် ဖြစ်သည်။ တောင်ကိုရီးယားနှင့် ဗြိတိန်နိုင်ငံတို့အကြား ယဉ်ကျေး မှုဖလှယ်မှုကို အားပေးသည့် အနေဖြင့် ဗြိတိန်အနုပညာရှင် များနှင့် ပူးပေါင်းဖျော်ဖြေတင် ဆက်မှုများလည်းပါဝင်မည်ဖြစ် သည်။         
   —Ref: Soompi
http://7daydaily.com/story/43673

No comments:

Post a Comment