Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 4, 2015

Facebook တည်ထောင်သူ Mark Zukerberg နှင့် ဇနီး တို့ ပထမဆုံးရင်သွေး လေး မွေးတော့မည်



Facebook တည်ထောင်သူ Mark Zukerberg နှင့် သူ၏ဇနီးဖြစ်သူ Dr. Priscilla Chan တို့ဟာ သူတို့ရဲ့ 
ပထမဆုံးကလေးကို ရတော့ဖြစ်ကြောင်းကို Facebook ပေါ်မှာ ကြေညာခဲ့ပြီး ချစ်စရာအကောင်းဆုံး
လို့ ပြောရမယ့် သူတို့ရဲ့ခွေးလေး Beast နဲ့အတူ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။

“သင်သာ ကလေးတစ်ယောက်ရတော့မယ်လို့ သိလိုက်ရတဲ့အချိန်မှာ သင်မျှော်လင့်ချက်ရောင်ခြည် 
သန်းလာမှာပါ။ သူတို့ဘယ်လိုလေးတွေ ဖြစ်လာမလဲဆိုတာ စိတ်ကူးပုံဖော်ပြီး သူတို့လေးတွေရဲ့
အနာဂတ်အတွက် မျှော်လင့်ချက်အိပ်မက် စထားလာမှာပါ။ သင်ဟာ အစီအစဉ်တွေချထားပြီး ပြိုပျက်
သွားရင် ဒါဟာ အထီးကျန်ဆန်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။” လို့ Zukerberg ကရေးသားခဲ့ပါတယ်။

 ကိုယ်ဝန်ကလည်း ရင့်နေပြီဖြစ်ပြီး ဆုံးရှုံးနိုင်ဖို့အခြေအနေ နည်းပါးကြောင်း Chan ရော သမီးလေးရော 
ကျန်းကျန်းမာမာရှိကြောင်း သူက ပြောပြခဲ့ပါတယ်။ Chan ဟာ ကိုယ်ဝန်သုံးကြိမ်ဆောင်ခဲ့ဖူးပြီး မွေးဖွား
ဖို့မအောင်မြင်ခဲ့ဘဲ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရတာပါ။

Ultrasound ရိုက်တုန်းက သူ့သမီးလေးက သူ့ကို လက်မထောင်ပြခဲ့တဲ့အတွက် တစ်မိသားစုလုံးက 
ဝမ်းပန်းတသာရှိပါတယ်လို့ Zukerberg ကပြောခဲ့ပါတယ်။

သူမ မွေးဖွားလာပြီး အသက် ၁၃နှစ်ပြည့်ရင် သုံးဖို့အတွက် Facebook URL တစ်ခုကိုလည်း အရန်
သင့်ထားရှိထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ မိသားစုလေး ကြီးထွားလာတဲ့အတွက် 
ဂုဏ်ယူမိပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Cosmopolitan

No comments:

Post a Comment