Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 24, 2015

EU လေ့ကျင့်ပေးတဲ့ မြန်မာရဲတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြော


NLD ဥက္ကဋ္ဌ MPF And EU Closing Ceremony ပွဲသို့ တက်ရောက် မိန့်ခွန်းပြော
  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းကပြုလုပ်သော MPF And EU Closing Ceremony ပွဲသို့ တက်ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့များကို ပြည်သူများ လိုလားတဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဖြစ်စေခြင်ကြောင်း၊ အဲ့လိုဖြစ်လာဖို့လဲ ၀ိုင်းဝန်းကြိုးစားနေကြောင်း၊ အုပ်ချုပ်ရေးဘက်ကလဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုကြောင်းကို ယခုလိုပြောကြားခဲ့သည်။

 “ ကျွန်မတို့ရဲ့ ရဲတပ်ဖွဲ့ဟာ တစ်ကယ့်ကို ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေခြင်ပါတယ်။ ပြည်သူကနေအားကိုးနိုင်တဲ့၊ ပြည်သူကနေပြီးတော့ လေးစားနိုင်တဲ့၊ ပြည်သူကနေတန်ဖိုးထား ဂုဏ်ယူနိုင်တဲ့ ပြည်သူ့ရဲတပ်ဖွဲ့ဖြစ်စေခြင်ပါတယ်။ ဒီလိုဖြစ်ဖို့လဲ ကျွန်မတို့အားလုံးဝိုင်းပြီးတော့ ကြိုးစားနေပါတယ်။ ပြည်သူများလေးစားတန်ဖိုးထားတဲ့ရဲတပ်ဖွဲ့ဖြစ်ဖို့ဆိုတာဟာ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးဘက်ကလဲ ပြုပြင်ပြောင်းလဲမှုတွေလိုပါတယ်။ နောက်ပြီးတော့ လက်တွေကြကြ လေ့ကျင့်ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။ ကျွန်မက လွှတ်တော်ဘက်ကနေလာပြီး ပြောတယ်ဆိုတော့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စများနဲ့ စရပါမယ်။ ဥပဒေကြောင်းနဲ့စရမယ်ဆိုတော့ တစ်ချို့က ကြိုက်တာလဲရှိမယ်၊ မကြိုက်တာလဲရှိမယ်။ ပထမဆုံးအားဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အနေအထားကို အဆုံးအဖြတ်ပေးမှာက ဘာလဲဆိုတော့ ကျွန်မတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စရမယ်။ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတာဟာ လွတ်လပ်တဲ့အဖွဲ့စည်းတစ်ခုအနေနဲ့ ရှိရမယ်။ ဒီလိုပြောခြင်းအားဖြင့် တပ်မတော်ရဲ့ကဏ္ဍကိုလစ်လျူရှုလို့မဟုတ်ပါဘူး အဖွဲ့စည်းတစ်ခုဆိုတာဟာ တာဝန်ယူမှုရှိဖိုဆိုတာဟာ လုပ်ပိုင်ခွင့်လဲရှိရပါမယ်။ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ရှိခဲ့ရင် အဖွဲ့စည်းတစ်ခုဟာ တာဝန်လဲ အပြည့်အ၀ယူနိုင်မှာဖြစ်ကြောင်း” စသည်ဖြင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့သည်။

National League for Democracy
https://www.facebook.com/NLDParty


No comments:

Post a Comment