Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

Collateral Beauty ရုပ်ရှင်တွင် Hugh Jackman အစား Will Smith က သရုပ်ဆောင်မည်




အသစ်ထွက်ရှိလာမယ့် Collateral Beauty ဇာတ်ကားမှာတော့ Hugh Jackman အစား Will Smith က သရုပ်မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Me And Earl And The Dying Girl ရုပ်ရှင် ဒါရိုက်တာဖြစ်သူ Alfonso Gomez-Rejon ရဲ့ နောက်ထပ်ဇာတ်ကားသစ်က New York မှာနေထိုင်တဲ့ ၀မ်းနည်းစရာကိစ္စတွေနဲ့ ရင်ဆိုင်နေရတဲ့ ကြော်ငြာလုပ်ငန်းဝန်ထမ်း (Smith) ကို အဓိကထားရိုက်ကူးမှာဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့အတွက် စိတ်ဓါတ်ကျဝမ်းနည်းမှုတွေကနေ လွတ်မြောက်စေဖိုအထူးအစီအစဉ်တစ်ခု ရေးဆွဲကြတာဖြစ်ပါတယ်။

အစီအစဉ်က အထမြောက်ပေမယ့် အားလုံးမျှော်မှန်းထားတဲ့အတိုင်းတော့ မဟုတ်ပါဘူး။ အစကတော့ Collateral Beauty ကို အောက်တိုဘာလမှာထွက်ရှိမယ့် Pan ဇာတ်ကားမှာ အတူတွေ့ရမယ့် Jackman နဲ့ မင်းသမီး Rooney Mara တို့ ရိုက်ကူးဖို့ စီစဉ်ထားတာပါ။

Jackman က သူရဲ့ ရုပ်ပြကာတွန်းဟီးရိုး ဇာတ်ကောင် Wolverine ရဲ့ နောက်ဆုံးသရုပ်ဆောင်ရိုက်ကူးမှုနဲ့ အချိန်ဇယားတွေ တိုက်နေတာကြောင့် ဒီဇာတ်ကားကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

Smith က ဒီဇာတ်ကားထုတ်လုပ်ဖို့အတွက် သူ့ရဲ့ Overbrook Entertainment ထုတ်လုပ်ရေးကုမ္ပဏီနဲ့အတူ ကူညီရိုက်ကူးမှာဖြစ်ပါသတဲ့။ Collateral Beauty ဇာတ်ကားကို အောက်တိုဘာလမှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment