Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 16, 2015

ဂျပ်စတင်ဘီဘာရဲ့သီချင်းသစ်ကို အားပေးတဲ့အကြောင်းဖော်ပြတဲ့ CL


တောင်ကိုရီးယား မိန်း ကလေးအဆိုရှင်များအဖွဲ့ 2NE1 အဖွဲ့ဝင် CL သည် ကနေဒါပေါ့ပ် စတား ဂျပ်စတင်ဘီဘာ၏ မကြာ မီထွက်ရှိမည့် သီချင်းသစ်ကို အားပေးနေကြောင်း  ဖော်ပြ သည်။
သြဂုတ် ၁၄ ရက်တွင် ဂျပ်စတင်ဘီဘာသည် ၎င်း၏ တွစ်တာစာမျက်နှာ၌ CL အကြောင်း ဖော်ပြခဲ့၍ ပရိသတ်များ အံ့အားသင့်ခဲ့သည်။ "What Do You Mean? Taking it world wide. #14 Days" ဟု ရေးထားသောစာတစ်စောင် ပါသည့် လက်ပ်တော့ကွန်ပျူတာ တစ်လုံးကို မြှောက်ကိုင်ထားသော CL ဓာတ်ပုံကို ဂျပ်စတင်ဘီဘာက တွစ်တာစာမျက်နှာ၌ ဖော်ပြခဲ့ သည်။
ယင်းတွစ်တာဖော်ပြမှုမှာ ဂျပ်စတင်ဘီဘာက ယင်းတေးသီချင်းသစ်အတွက် လှုံ့ဆော် စည်းရုံးမှုတစ်စိတ်တစ်ပိုင်းဖြစ် သည်။ ဗြိတိန်အဆိုတော်အက်ရှီ ရန်၊ အမေရိကန်မိန်းကလေးပေါ့ပ် အဆိုရှင်များအဖွဲ့ Fifth Harmony၊ဗြိတိန်မိန်းကလေးပေါ့ပ်အဆိုရှင် များအဖွဲ့ Little Mix ကဲ့သို့သော ကမ္ဘာကျော်အဆိုရှင်များသည် လည်း ဂျပ်စတင်ဘီဘာ၏ တေး သီချင်းသစ်ကို အားပေးကြောင်း ဖော်ပြခဲ့သည်။
ဂျပ်စတင်ဘီဘာ၏ What Do You Mean အမည်ရ တေး သီချင်းသစ်သည် သြဂုတ် ၂၈ ရက်တွင် ထွက်ရှိမည်ဖြစ်သည်။
CL နှင့်အတူ အမေရိကန် အဆိုတော်များဖြစ်သော ရစ် ရက်ဖ်နှင့် OG Maco တို့ပါဝင် တင်ဆက်ထားသည့် Doctor Repper အမည်ရ တေးဂီတဗီဒီယို သည် သြဂုတ် ၁၄ ရက်နံနက်တွင်ထွက်ရှိခဲ့သည်။
—Ref: Koreaboo
http://7daydaily.com/story/44276

No comments:

Post a Comment