Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

Bora Bora ကမ်းခြေကို ဟန်းနီးမွန်း ထွက်ခဲ့ကြတဲ့ Jennifer Aniston နဲ့ Justin Theroux




ဟောလီးဝုဒ် စုံတွဲ တစ်တွဲဖြစ်တဲ့ Jennifer Aniston နဲ့ Justin Theroux တို့ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ တိတ်တဆိတ် လက်ထပ်ခဲ့ကြပြီးတဲ့နောက်မှာ Bora Bora လို့ခေါ်တဲ့ကမ်းခြေ တစ်ခုကို ဟန်းနီးမွန်းခရီးထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

US Weeklty သတင်းဌာန ကို သူတို့ စုံတွဲ နဲ့ ရင်းနှီးသူတစ်ဦးက အတည်ပြုပေးခဲ့တာကတော့ သူတို့ စုံတွဲဟာ ဟန်းနီးမွန်း ခရီးစဉ်ကို သူတို့ ဇနီးမောင်နှံ ၂ ယောက်တည်း သွားခဲ့တာမဟုတ်ပဲ နာမည်ကျော် ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Chelsea Handler အပါအ၀င် သူတို့ရဲ့ မင်္ဂလာဆောင် အခမ်းအနားမှာ ပါဝင်ကူညီခဲ့ကြတဲ့ အခြားသူငယ်ချင်းတွေ ပါ သူတို့ရဲ့ ဟန်းနီးမွန်းခရီးစဉ်မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

အခုမှ လက်ထပ်ပြီးတဲ့ ကြင်စဦး ဇနီးမောင်နှံကို Van Nuys လေဆိပ်မှာ သီးသန့်လေယာဉ်(Private Jet) နဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဓါတ်ပုံကို မင်္ဂလာဆောင် အခမ်းအနားကျင်းပပြီး နာရီပိုင်း ခန့် အကြာမှာပဲ ရိုက်ကူးခဲ့တာကိုတွေ့ရပါတယ်။ Jennifer Aniston ကတော့ ဦးထုပ်နဲ့ အကျီင်္ အစင်းကြားကို ၀တ်ဆင်ထားခဲ့တယ်လို့ လည်း မျက်မြင်သက်သေတွေက ဆိုကြပါတယ်။

Bora Bora ဆိုတာဟာ ပြင်သစ် ကမ်းရိုးတန်း အပန်းဖြေဒေသ တွေရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ထို ကျွန်းစွယ်ကိုတော့ တန်ဖိုးကြီး အဆင့်မှီ အပန်းဖြေ စခန်းတစ်ခုအသွင်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

Jennifer Aniston နဲ့ Justin Theroux တို့ဟာ သူတို့ရဲ့ မင်္ဂလာဆောင် အခမ်းအနားကို အံ့သြဖွယ် ပြုလုပ်ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။ သြဂုတ်လ ၅ ရက်နေ့မှာတုန်းက Justin Theroux ရဲ့ အသက် ၄၄ နှစ်မြောက် မွေးနေ့ကို သူငယ်ချင်းတွေနဲ့ မိသားစု အယောက် ၁၀၀ ခန့် နဲ့ ကျင်းပနေစဉ်မှာပဲ အခမ်းအနားမှုး တစ်ယောက်က ကျမ်းစာ စာအုပ်ကို သယ်ဆောင်လာတာတွေ့တော့မှာ သူတို့ ၂ ယောက်ဟာ မင်္ဂလာဆောင်ဖို့ ကြိုးစားနေတယ်ဆိုတာကို အားလုံး က သိခဲ့ကြရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာဆောင် အခမ်းအနားကို Jennifer Aniston ရဲ့မိခင် Nancy Dow Aniston တောင် မတက်ရောက်ဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment