Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 4, 2015

တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့ Blue Sky Rescue(BSR) အဖွဲ့က ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀ ဦးရန်ကုန်သို့ ရောက်ရှိ

ရေဘေးသင့်ဒေသတွေမှာ ကယ်ဆယ်ရေး ဆောင်ရွက်ဖို့အတွက် တရုတ်ကူညီကယ်ဆယ်ရေးအဖွဲ့
Blue Sky Rescue(BSR) အဖွဲ့က ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀ ဦးဟာ ဒီကနေ့မနက်ပိုင်း ၁၁နာရီ ၄၀ မိနစ်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။
DVB TV New

မြန်မာရေဘေးကယ်ဆယ်ရေး အရေးပေါ်လိုအပ်လျှင် တရုတ်စစ်သည်များကို စေလွှတ်မည်ဟုဆို
Tuesday, August 4, 2015
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် သဘာဝ ရေဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် တရုတ်စစ်သည်များ စေလွှတ်ကူညီရန် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် တရုတ်စစ်သံမှူး ညှိနှိုင်းနေကြောင်း တရုတ်သံအမတ် မစ္စတာဟုန်လျန်က The Voice သို့ ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ရေဘေးဒုက္ခသည်စခန်းများသို့ ရိက္ခာနှင့် ဆေးဝါးများ သွားရောက်လှူဒါန်းသည့် ခရီးစဉ်အပြီး သြဂုတ်လ ၃ ရက် ညနေ ၃ နာရီခန့်က ကလေးမြို့ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
“စစ်သည်လွှတ်ဖို့ လိုအပ်ရင် လွှတ်ပေးမယ်၊ စစ်သံမှူး ဆက်သွယ်နေပါတယ်” ဟု တရုတ်သံအမတ် မစ္စတာဟုန်လျန်က ပြောကြားသည်။
ယင်းသို့ ကူညီရန် မြန်မာအစိုးရ လိုအပ်ချက်နှင့် သဘောတူညီချက်အပေါ် မူတည်သော်လည်း ရေဘေးကယ်ဆယ်ရေးအတွက် အခြားလိုအပ်သော ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကိုမူ တရုတ်နိုင်ငံအစိုးရ အနေနှင့် ဆက်လက်ကူညီမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ဂြိုဟ်တုအသုံးပြု ထောက်လှမ်းမှုများဖြင့် လိုအပ်သည့် ရေဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသေးစိတ်လေ့လာ၍ စီစဉ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ထပ်မံရှင်းပြသည်။
ယင်းသို့ မြန်မာနိုင်ငံ ရေဘေးဒုက္ခသည်များအတွက် တရုတ်စစ်သည်များ စေလွှတ်အကူအညီပေးရန် ကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက “တရုတ်သံအမတ်ကြီးကို အဆင်ပြေပါတယ်လို့ ပြောထားပါတယ်။ စစ်ကိုင်းတိုင်းအတွက် လို၊ မလို ဆိုတာတော့ စဉ်းစားကြည့်ပါ” ဟု The Voice ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
သို့သော် ရေဘေးကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည့် သောင်းနှင့်ချီသည့် မိသားစုဝင်များအတွက် လယ်ယာမြေနှင့် အခြားသောပစ္စည်း များစွာကို ဆုံးရှုံးနေသောကြောင့် အရေးပေါ်ကယ်ဆယ်ရေး အတွက် ရိက္ခာများ၊ ဆေးဝါးများနှင့် ပြန်လည်ထူထောင်ရေးအတွက် အသင့်နေ တည်ဆောက်ပြီး အိမ်များ၊ ပြန်လည်စိုက်ပျိုးရန် စပါးမျိုးကောင်းများနှင့် ပညာရေးဆိုင်ရာ အထောက်အပံ့များကို ကူညီပေးရန် တိုက်တွန်းထားကြောင်း ဦးသာအေးက ပြောကြားသည်။
အဆိုပါ လိုအပ်ချက်များ ရှိနေ၍ မြန်မာနိုင်ငံအစိုးရ အနေနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို ကူညီပေးရန် တရုတ်သံအမတ်ကြီးက တောင်းဆိုခဲ့ပြီး တရုတ်အစိုးရ အနေနှင့်လည်း လိုအပ်သည့် ကူညီမှုများ ဆက်လက်ပေးနိုင်ရန် အသေးစိတ်လေ့လာမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း သံအမတ်မစ္စတာ ဟုန်လျန်က ပြန်လည်ပြောဆိုသည်။
သြဂုတ်လ ၃ ရက် နံနက် ၁၀ နာရီခန့်က ကလေးမြို့ အမှတ် ၈၉ ခြေမြန်တပ်ရင်း ဧည့်ရိပ်သာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး တပ်မတော် ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံရာတွင် ယင်းသို့ ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
စစ်ကိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ရှိ ရေဘေးဒုက္ခသည်များအတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကျပ်သိန်း ၃၇၀၀ ကျော် (အမေရိကန်ဒေါ်လာ သုံးသိန်းခန့်) တန်ဖိုးရှိ အစားအသောက်၊ ဆေးဝါးနှင့် အခြားပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း တရုတ်သံရုံးထံမှ သိရှိရသည်။
The Voice Weekly

No comments:

Post a Comment