Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 15, 2015

ယာဉ်ပေါ်တွင် ဘေးအန္တရာယ်ဖြစ်စေသော ပစ္စည်းများတွေ့ရှိသဖြင့် အရေးယူ


 ရန်ကုန် သြဂုတ် ၁၅

 ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကြိုတင်ကာကွယ်ရေး နှင့် ဒုစရိုက်မှုများ မဖြစ်ပွားစေရေး အတွက် မြို့နယ်များတွင် ရွေ့လျား လှုပ်ရှားအဖွဲ့စနစ်ဖြင့် ယာဉ်စစ် ပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခြင်း၊ မသင်္ကာဧည့်စိမ်းများ စစ်ဆေးခြင်းများ ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ဆောင် ရွက်ခဲ့ရာ မော်တော်ယာဉ်များတွင် သယ်ယူလာသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း၊ ဘေးအန္တရာယ်ဖြစ် စေသော တုတ်၊ ဓားလက်နက်များ သိမ်းဆည်းရမိပြီး အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ခဲ့ရာ သြဂုတ် ၁၄ ရက် ည ၁၁ နာရီ မိနစ် ၅ဝ ခန့် က မရမ်းကုန်းမြို့မရဲစခန်းက တပ်ဖွဲ့ ဝင်များသည် မရမ်းကုန်းမြို့နယ် ပြည်လမ်း (၈) မိုင် လမ်းဆုံအနီး၌ ယာဉ်ပိတ်ဆို့ရှာဖွေစဉ် အင်းစိန် မြို့နယ်နေ အောင်သူရ(၂ဝ နှစ်) မောင်းနှင်လာသော EE/---- Passo အငှားယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်မောင်း၏ထိုင်ခုံ ဘေးမှ အရှည်နှစ်ပေ၊ နှစ်လက်မခန့်ရှိ သံတုတ်တစ်ချောင်း၊ ယာဉ်၏ရှေ့ခန်း တွင် လိုက်ပါစီးနင်းသူ အင်းစိန် မြို့နယ်နေ ဇော်ထက်(ခ)ဇော်ကြီး (၄၂ နှစ်)ထံမှ အရိုးအသွားတစ်ပေခန့် ရှိ သုံးမြှောင့် စကေဘာတစ်ချောင်း၊ ယာဉ်၏ နောက်ခန်းတွင်လိုက်ပါ စီးနင်းသူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကျော်နိုင် (၅၄ နှစ်)ထံမှ လေးခွတစ်လက်နှင့် ကုန်းသီး ၁၈ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မရမ်းကုန်းမြို့မရဲစခန်း၌ အမှုများ ရေးဖွင့်ကာ အရေးယူဆောင်ရွက် လျက်ရှိသည်။

(သတင်းစဉ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment