Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

စကြာဝဋ္ဌာတစ်ခုလုံးကို နားထောင်နိုင်မည့် ဘောလုံးကွင်း ၃၀ စာရှိ ရေဒီယိုတယ်လီစကုပ် တရုတ်တည်ဆောက်






တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Guizhou ပြည်နယ်မှာ ကမ္ဘာ့အကြီးဆုံး ရေဒီယိုတယ်လီစကုပ် ကြီးကို တရုတ်နိုင်ငံက တည်ဆောက်နေတယ်လို့ သတင်းရရှိပါတယ်။ ၂၀၁၁ခုနှစ် မတ်လမှာ စတင်ခဲ့ပြီး ၂၀၁၆ခုနှစ် စက်တင်ဘာလမှာ စီမံကိန်း ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီရေဒီယိုတယ်လီစကုပ်ကြီးတည်ဆောက်မှုဟာ စတာလင်ပေါင် သန်း၁၂၀ ကုန်ကျလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး နက္ခတ်တာရာစီမံကိန်းလဲ ဖြစ်ပါတယ်။ စကြာဝဋ္ဌာ အပြင်ဘက်လွှာအပြင် နေအဖွဲ့အစည်းရဲ့အပြင်ဘက်ကတောင် အားနည်းလွန်းတဲ့ ရေဒီယိုလှိုင်းတွေကို ပညာရှင်တွေ ရရှိနိုင်စေမှာပါလို့ ပြည်သူ့နေ့စဉ် အွန်လိုင်းသတင်းစာကနေ ထုတ်ပြန်ခဲ့ပါတယ်။

“ဒါကြီးပြီးသွားရင် ကမ္ဘာပေါ်မှာအကောင်းဆုံးအဖြစ် နောက်အနှစ် ၂၀ ကနေ ၃၀အတွင်း အကောင်းဆုံးအဖြစ် ရှိနေမှာပါ။” လို့ နိုင်ငံတော်နက္ခတ်တာရာလေ့လာရေး တရုတ်သိပ္ပံအကယ်ဒမီမှ သိပ္ပံမှူး Li Di ကပြောခဲ့ပါတယ်။

ဒီလို ရေဒီယိုတယ်လီစကုပ် တည်ဆောက်ဖို့ အကြံကို ၁၉၉၃မှာ စတင် အဆိုတင်သွင်းခဲ့တယ်လို့ သမိုင်းရှိပါတယ်။

 ရူပဗေဒပညာရှင်၊ ဘူမိဗေဒပညာရှင်၊ နက္ခတာရာပညာရှင်တွေအပါအ၀င် ပညာရပ်အသီးသီးက သိပ္ပံပညာရှင်တွေကို တယ်လီစကုပ်အသစ်တည်ဆောက်ရေးဆီ ဖိတ်ခေါ်ထားပါတယ်။ ဒီတယ်လီစကုပ်ဟာ စကြာဝဋ္ဌာအပြင်ဘက်ကို လေ့လာဖို့ လူသားအရင်းအမြစ်ကို မြှင့်တင်တဲ့အနေနဲ့ပေါ့။ သိပ္ပံ ပညာရှင်တွေကို အကူအညီပေးမယ့် နားရွက်တွေလို့လည်း ဖော်ညွှန်းခြင်းခံခဲ့ရပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

No comments:

Post a Comment