Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 3, 2015

ပေါင်းတည်၌ လေဆင်နှာမောင်းတိုက်ခတ်




 ပေါင်းတည် သြဂုတ် ၃

 ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပျံချီ တက်ကျေးရွာအုပ်စုမှ ပျံချီတက်ရွာနှင့် သစ်ပုတ်ကျေးရွာ အုပ်စုမှ မရိုးကျွန်းရွာတို့တွင် ဇူလိုင် ၃ဝ ရက် ညနေ ၅ နာရီခန့်က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများက အကူအညီများ ပေးအပ်ထား ကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျံချီတက် ကျေးရွာတွင် သွပ်မိုးအိမ်ခုနစ်လုံး ပျက်စီးပြီး မရိုးကျွန်း ကျေးရွာတွင် အိမ် ၃၈ လုံး ပြိုကျပျက်စီးကာ အိမ် ၁၂ လုံးနှင့် ဘုန်းကြီးကျောင်းတွင် အမိုးများပျက်စီးခဲ့ကြောင်း၊ သစ်ပင်များ အမြစ်မှကျွတ်ထွက်မှုများလည်းရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၈ ဦးရှိပြီး ၄င်းတို့အနက် နှစ်ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိသဖြင့် ပေါင်းတည်ဆေးရုံသို့ ပို့ဆောင်ကုသ ပေးထားကြောင်း သိရသည်။

လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားပြီးနောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် ဌာနဆိုင်ရာများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်း၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များက ကျေးရွာသို့ သွားရောက်ကာ လိုအပ်သည်များ ကို ကူညီဆောင်ရွက်ပေးပြီး ဆန်များဝေငှပေးထားကြောင်း လည်း သိရသည်။

ယခုလေဆင်နှာမောင်း တိုက်ခတ်မှုမှာ ပေါင်းတည် မြို့နယ်၌ ဇူလိုင်လအတွင်း တတိယအကြိမ်တိုက်ခတ်ခြင်း ဖြစ်ကြောင်းလည်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment