Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 10, 2015

ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရန်ကုန်မြို့က ဂျူးဘုရားကျောင်း

ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ရန်ကုန်မြို့က ဂျူးဘုရားကျောင်း


Musmeah Yeshua လို့အမည်ပေးထားတဲ့ ဂျူးဘုရားကျောင်းဟာ ရန်ကုန်မြို့လယ်နားက ၂၆ လမ်းမှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့အတွက် တစ်ခုတည်းသော ဂျူးဘုရားကျောင်းဖြစ်တဲ့အပြင် ရှေးဟောင်းအမွေအနှစ်စာရင်းသွင်းခံထားရတဲ့ အဆောက်အဦစာရင်းထဲမှာလည်း ပါဝင်ပါတယ်။


၁၈၉၃ ခုနှစ်မှာစတင်ဆောက်လုပ်ခဲ့ပြီး ၁၈၉၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုလက်အောက်မှာရှိနေစဉ်တုန်းက ဗြိတိလျှအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ဆောက်လုပ်ခဲ့တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ရှေးဟောင်းအမွေအနှစ်စာရင်းဝင် အဆောက်အဦ ၁၈၈ လုံးရှိပါတယ်။ Musmeah Yeshua ဆိုတဲ့ဂျူးဘုရားကျောင်းက အဲဒီအဆောက်အဦတွေထဲက တစ်ခုပါ။ မြန်မာပြည် ကိုလိုနီလက်အောက်ကျရောက်နေချိန်အတွင်း အရှေ့အလယ်ပိုင်းဒေသနဲ့ အိန္ဒိယကဂျူးလူမျိုးဘာသာဝင် အချို့ မြန်မာပြည်ရောက်လာကြပါတယ်။ ဘုရားကျောင်းစတင်တည်ဆောက်တုန်းက အဖွဲ့ဝင် ၂၅၀၀ လောက်ရှိခဲ့ပေမယ့် ဂျပန်ခေတ်မှာ ဂျူအတော်များများ မြန်မာနိုင်ငံကို ပြန်လည်စွန့်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၂ ခုနှစ်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းလိုက်တဲ့အချိန်မှာလည်း ဂျူးအတော်များများ မြန်မာပြည်ကို စွန့်ခွာသွားခဲ့ပြီး အခုဆိုရင် ဘုရားကျောင်းကို ထိန်းသိမ်းထားတဲ့ အဖွဲ့ဝင်အရေအတွက်ဟာ ဆယ်ဂဏန်းလောက်ပဲရှိပါတော့တယ်။


နှစ်ပေါင်း တစ်ရာကျော်သက်တမ်းရှိပြီဖြစ်ပေမယ့် ဒီဂျူးဘုရားကျောင်းကို ထိန်းသိမ်းထားမှု အလွန်ကောင်းမွန်ပြီး ရှေးလက်တွေမပျက်တွေ့ရတယ်လို့ လာရောက်ကြတဲ့ နိုင်ငံခြားခရီးသွားတွေက နာမည်ကျော် ခရီးသွားအကြံပြု ဝက်ဘ်ဆိုက်ဒ tripadviser မှာမှတ်ချက်ပေးထားကြပါတယ်။
Source – Wikipedia / tripadvisor 
http://www.planet.com.mm/detail/28400/World

No comments:

Post a Comment